ယူရို-၂၀၂၀မှာ စီရော်နယ်လ်ဒို၊ ဘာပေတို့ မလုပ်နိုင်ခဲ့တဲ့အရာကို စွမ်းဆောင်ပြခဲ့တဲ့ ဒိန်းမတ်လူငယ်လေးဒမ်းစဂါ့တ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုချန်ပီယံဟောင်း ဒိန်းမတ်အသင်းဟာ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကထွက်ခဲ့ရပေမယ့်

သူတို့အသင်းလူငယ်တိုက်စစ်ကစားသမား ဒမ်းစဂ့ါတ်ကတော့ ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုပိုင်ဆိုင်ခဲ့ပါတယ်။

ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက် ဒိန်းမတ်အသင်းအတွက် ပုံစံကောင်းတွေပြသခဲ့တဲ့ဒမ်းစဂါ့တ်ဟာ အင်္ဂလန်အသင်းနဲ့ပွဲမှာ

ဒိန်းမတ်အသင်းအတွက် ဦးဆောင်ဂိုးကို လှပတဲ့ဖရီးကစ်ကန်ချက်နဲ့ သွင်းယူခဲ့ပြီး ဒီဂိုးဟာ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ပထမဆုံးဖရီးကစ်ဂိုးလည်းဖြစ်ခဲ့ပါတယ်။

ယူရို-၂၀၂၀ပြိုင်ပွဲမှာ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်လ်ဒို၊ ဘာပေ၊ မိုဒရစ်စတဲ့ကစားသမားတွေတောင် ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်ခဲ့ဘဲ

အခု ဒိန်းမတ်အသင်းရဲ့ မထင်မရှားလူငယ်ကစားသမားဖြစ်တဲ့ ဒမ်းစဂါ့တ်က သူ့ကစားသမားဘဝတစ်လျှောက် ဘယ်တော့မှမမေ့နိုင်မယ့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။

ဒမ်းစဂ့ါတ်ဟာ အုပ်စုနောက်ဆုံးပွဲစဉ် ရုရှားအသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဒိန်းမတ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး

အဲဒီအချိန်တုန်းက သူ့အသက်က (၂၀)နှစ်၊ (၃၅၃)ရက်သာရှိသေးလို့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဒိန်းမတ်အသင်းရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။

အင်္ဂလန်အသင်းဟာ ဒိန်းမတ်နဲ့ပွဲမတိုင်ခင် ပြီးခဲ့တဲ့မတ်လမှာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပိုလန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးပေးခဲ့ရပြီးနောက်ပိုင်း (၇)ပွဲဆက်ပေးဂိုးမရှိခဲ့ပေမယ့်

အခု ဒမ်းစဂါ့တ်ရဲ့ဂိုးကြောင့် (၆၉၁)မိနစ်ကြာ ပေးဂိုးမရှိမှတ်တမ်း ရပ်တန့်သွားခဲ့သလို ယူရို-၂၀၂၀ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒမ်းစဂါ့တ်ဟာ အင်္ဂလန်နဲ့ပွဲမှာ ဂုဏ်ယူစရာမှတ်တမ်းပိုင်ဆိုင်ခဲ့ပေမယ့် ပွဲချိန်မိနစ်(၆၀)ကျော်မှာလူစားလဲခံခဲ့ရသလို

သူ့အသင်းကလည်း ခါဂျာရဲ့ OG ၊ ဟယ်ရီကိန်းရဲ့သွင်းဂိုးတွေကြောင့် အင်္ဂလန်ကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ို-၂၀၂၀မွာ စီေရာ္နယ္လ္ဒို၊ ဘာေပတို႔ မလုပ္ႏိုင္ခဲ့တဲ့အရာကို စြမ္းေဆာင္ျပခဲ့တဲ့ ဒိန္းမတ္လူငယ္ေလးဒမ္းစဂါ့တ္

ယူ႐ိုခ်န္ပီယံေဟာင္း ဒိန္းမတ္အသင္းဟာ ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္မွာ အဂၤလန္အသင္းကို ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရေပမယ့္ သူတို႔အသင္းလူငယ္တိုက္စစ္ကစားသမား ဒမ္းစဂ့ါတ္ကေတာ့ ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းတစ္ခုပိုင္ဆိုင္ခဲ့ပါတယ္။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္ ဒိန္းမတ္အသင္းအတြက္ ပုံစံေကာင္းေတြျပသခဲ့တဲ့ဒမ္းစဂါ့တ္ဟာ အဂၤလန္အသင္းနဲ႔ပြဲမွာ ဒိန္းမတ္အသင္းအတြက္ ဦးေဆာင္ဂိုးကို လွပတဲ့ဖရီးကစ္ကန္ခ်က္နဲ႔ သြင္းယူခဲ့ၿပီး ဒီဂိုးဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕ ပထမဆုံးဖရီးကစ္ဂိုးလည္းျဖစ္ခဲ့ပါတယ္။

ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ စီေရာ္နယ္လ္ဒို၊ ဘာေပ၊ မိုဒရစ္စတဲ့ကစားသမားေတြေတာင္ ဖရီးကစ္ကေန ဂိုးမသြင္းႏိုင္ခဲ့ဘဲ အခု ဒိန္းမတ္အသင္းရဲ႕ မထင္မရွားလူငယ္ကစားသမားျဖစ္တဲ့ ဒမ္းစဂါ့တ္က သူ႔ကစားသမားဘဝတစ္ေလွ်ာက္ ဘယ္ေတာ့မွမေမ့ႏိုင္မယ့္ မွတ္တမ္းကို ပိုင္ဆိုင္ခဲ့တာပါ။

ဒမ္းစဂ့ါတ္ဟာ အုပ္စုေနာက္ဆုံးပြဲစဥ္ ႐ုရွားအသင္းကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဒိန္းမတ္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး အဲဒီအခ်ိန္တုန္းက သူ႔အသက္က (၂၀)ႏွစ္၊ (၃၅၃)ရက္သာရွိေသးလို႔ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဒိန္းမတ္အသင္းရဲ႕အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ စံခ်ိန္တင္ခဲ့ပါေသးတယ္။

အဂၤလန္အသင္းဟာ ဒိန္းမတ္နဲ႔ပြဲမတိုင္ခင္ ၿပီးခဲ့တဲ့မတ္လမွာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ပိုလန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးေပးခဲ့ရၿပီးေနာက္ပိုင္း (၇)ပြဲဆက္ေပးဂိုးမရွိခဲ့ေပမယ့္ အခု ဒမ္းစဂါ့တ္ရဲ႕ဂိုးေၾကာင့္ (၆၉၁)မိနစ္ၾကာ ေပးဂိုးမရွိမွတ္တမ္း ရပ္တန႔္သြားခဲ့သလို ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဒမ္းစဂါ့တ္ဟာ အဂၤလန္နဲ႔ပြဲမွာ ဂုဏ္ယူစရာမွတ္တမ္းပိုင္ဆိုင္ခဲ့ေပမယ့္ ပြဲခ်ိန္မိနစ္(၆၀)ေက်ာ္မွာလူစားလဲခံခဲ့ရသလို သူ႔အသင္းကလည္း ခါဂ်ာရဲ႕ OG ၊ ဟယ္ရီကိန္းရဲ႕သြင္းဂိုးေတြေၾကာင့္ အဂၤလန္ကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။