ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီအသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ ချီယေဆာကို ပေါင်(၇၇)သန်းနဲ့လီဗာပူးလ်ကမ်းလှမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ









ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲ အီတလီအသင်း ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်အောင် ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းပြကစားခဲ့တဲ့တိုက်စစ်ကစားသမား ချီယေဆာကို လီဗာပူးလ်အသင်းက ပေါင်(၇၇)သန်းနဲ့ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

ချီယဆောဟာ ဖီအိုရင်တီးနားအသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ (၂)ရာသီအငှားစာချုပ်နဲ့လာရောက်ကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အသင်းအတွက်ကိုပါအီတာလီယာဖလားရယူပေးခဲ့သလို ဂျူဗင်တပ်စ်အသင်းက သူ့ကို လာမယ့်နှစ်မှာ အပြီးသတ်ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လတုန်းက ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးအသင်းက ချီယေဆာကို ပေါင်(၈၅)သန်းနဲ့ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး အခု လီဗာပူးလ်အသင်းကလည်း ချီယေဆာအတွက် ပေါင်(၇၇)သန်းနဲ့ကမ်းလှမ်းခဲ့ပမေယ့်

ဂျူဗင်တပ်စ်အသင်းနည်းပြအယ်လီဂရီက ချီယေဆာဟာ အသင်းရဲ့အနာဂတ်စီမံကိန်းတွေမှာအဓိကနေရာကနေ ပါဝင်နေတယ်လို့ဆိုထားတာကြောင့် ဂျူဗင်တပ်စ်အသင်းဥက္ကဌအက်ဂ်နယ်လီက လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ Repubblica သတင်းဌာနကဖော်ပြခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်သာရှိသေးတဲ့ ချီယဆောကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်ဟာ ဖီအိုရင်တီးနားအသင်းမှာ ချီယေဆာစတင်ခြေစွမ်းပြကစားခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ပစ်မှတ်ထားခဲ့တာပါ။

လီဗာပူးလ်အသင်းတိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဖေမီနိုတို့ရှိနေပေမယ့် သူတို့နဲ့အတူပွဲထွက်ခွင့်တစ်နေရာကို ဖိအားပေးနိုင်မယ့်ကစားသမားမျိုးမရှိဘဲ ပြီးခဲ့တဲ့နှစ်၊ နေရွာသီတုန်းက ဝုလ်ဗ်အသင်းတိုက်စစ်ကစားသမားဒီယေဂိုဂျိုတာကို ခေါ်ယူခဲ့ပေမယ့်

ဒဏ်ရာတွေနဲ့သာရုန်းကန်နေရသလို ရှာကီရီ၊ အော်ရီဂီနဲ့ လူငယ်ကစားသမားဟယ်ရီဝီလ်ဆင်တို့ကလည်း ပုံမှန်ခြေစွမ်းမရှိတာကြောင့် အဲဒီကစားသမား(၃)ဦးကို ရောင်းချဖို့တောင်စီစဉ်နေပါပြီ။

အဲဒါကြောင့် ယာဂန်ကလော့ပ်က အသင်းတိုက်စစ်ကို အားဖြည့်ဖို့အတွက် ချီယေဆာကို ကြိုးပမ်းခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကတော့ သူတို့ကစားသမားကို ရောင်းချဖို့မရှိဘဲ လာမယ့်နှစ်ကျရင် ယူရိုသန်း(၄၀)နဲ့အပြီးသတ်စာချုပ်ချုပ်ဆိုသွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi



