
အိုက်စ်လန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ တိုက်စစ်မှူး စီရော် နယ်ဒို ဦးဆောင်တဲ့
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲကို ရာနှုန်း ပြည့် နိုင်ပွဲနဲ့အတူ ကန့်လန့်ကာ ချနိုင်ခဲ့ပါတယ်။
ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး၊ ရီကာဒို ဟိုဟော်တာရဲ့ သွင်းဂိုးတွေနဲ့အတူ
အိုက်စလန်ကို အနိုင်ရခဲ့တဲ့ ပေါ်တူဂီဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ အုပ်စုပွဲစဉ် ၁၀ ပွဲစ လုံးကို
အနိုင်ရခဲ့တာဖြစ်ပြီး နည်းပြမာတီနက်ဇ်ရဲ့ အသင်းကလည်း ရမှတ် ၃၀ နဲ့ ခြေစစ်ပွဲ အောင်ခဲ့တဲ့ အသင်းဖြစ်လာပါတယ်။
ယူရိုခြေစစ်ပွဲရဲ့ အုပ်စု (J) မှာ ဆလိုဗက်ကီးယား၊ လူဇင်ဘတ်၊ အိုက်စလန်၊ ဘော့စနီးယား၊
လက်ချင်စတိန်းတို့နဲ့အတူ ကျခဲ့တဲ့ ပေါ်တူဂီဟာ ၁၀ ပွဲ ကစားပြီးချိန်မှာ ၃၆ ဂိုး သွင်းနိုင်ခဲ့ပြီး
ပေးဂိုး ၂ ဂိုးပဲ ရှိခဲ့လို့ အုပ်စုတွင်း ပေးဂိုး အနည်းဆုံး အသင်းဖြစ်ပြီး
ယူရိုခြေစစ်ပွဲရဲ့ အုပ်စုတွင်း ပေးဂိုး ၁ ဂိုးပဲရှိတဲ့ ပြင်သစ်ပြီးရင် ပေးဂိုး အနည်းဆုံး အသင်းဖြစ်နေပါတယ်။
အိုက်စလန်နဲ့ ပွဲမှာ အသင်းခေါင်း ဆောင်ဖြစ်တဲ့ စီရော်နယ်ဒိုတစ်ယောက် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့
တိုက်စစ်ကို အဓိက နေရာကနေ ဦးဆောင်ဦးရွက် ပြုသွားခဲ့တာဖြစ်ပြီး ဂျာအိုဖိလစ်၊
ဘာနာဒိုဆေးလ်ဗား၊ ဖာနန်ဒက်စ်တို့နဲ့အတူ အကောင်းဆုံး တွဲဖက်သွား ခဲ့တာပါ။
ပေါ်တူဂီအတွက် ဦးဆောင်ဂိုးကိုတော့ မန်ယူကွင်းလယ်လူဖြစ် တဲ့ ဖာနန်ဒက်စ်က
ပွဲချိန် ၃၇ မိနစ်မှာ အသင်းဖော် ဘာနာဒို ဆေးလ်ဗား ပေးတဲ့ ဘောလုံးကို
ပင်နယ်တီဧရိယာ ထိပ်နားကနေပြီး အပြင်းစား ကန် ချက်နဲ့ သွင်းယူခဲ့တာပါ။
ဒုတိယ ဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ ရီကာဒို ဟော်တာက
ဂိုးသမား လွတ်ကျလာတဲ့ ဘောလုံးကို ပိတ်သွင်းယူပေးခဲ့ တာပါ။
ပွဲချိန် ၆၆ မိနစ်မှာ ဘယ်တောင်ပံအခြမ်းကနေ ဂျာအိုဖိလစ် ဂိုး ကန်သွင်းတဲ့ ဘောလုံးကို
ဂိုးသမား ကာကွယ်တဲ့ နေရာမှာ မသေချာခဲ့တာ ကြောင့် လွတ်ကျတဲ့ဘောလုံးကို
စီရော်နယ်ဒို ပိတ်သွင်းတဲ့နေရာမှ ပြန်လျှံ ထွက်သွားပြီး
အသင့်ရှိနေတဲ့ ဟော်တာက ပိတ်သွင်းခဲ့လို့ ဂိုးရသွားခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ ခြေစစ်ပွဲအောင်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ယူရိုပြိုင်ပွဲရဲ့ ချန်ပီယံဆုရှင် ပေါ်တူဂီဟာ
ဒီပြိုင်ပွဲမှာလည်း ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းဖြစ်နေ ပါတယ်။