
photo-daily mail
photo-gettyimages
အာဆင်နယ်တိုက်စစ်မှုးအူဘာမီယန်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်လည်း ပါဝင်လာပြီး အဲဒီဂါဘွန်သားကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ရီးရဲလ်က ယုံကြည်မှုရှိနေတယ်လို့လည်း စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ရီးရဲလ်ဟာ လာမယ့်ရာသီမှာ ဘင်ဇီမာနဲ့တွဲဖက်မယ့် တိုက်စစ်မှုးအသစ်တစ်ယောက်ရှာဖွေနေတာဖြစ်ပြီး အူဘာမီယန်ရဲ့မသေချာတော့တဲ့စာချုပ်အနေအထားကို အခွင့်ကောင်းယူပြီး ဘာနေဗျူးကိုခေါ်ဖို့ အဆင်သင့်ဖြစ်နေတာပါ။
photo-gettyimages
အာဆင်နယ်မှာ အူဘာမီယန်ရဲ့အနာဂါတ်ဟာ အဓိကမေးခွန်းထုတ်စရာဖြစ်နေပြီး အသင်းနဲ့သူ့ရဲ့စာချုပ်သက်တမ်းက လာမယ့် ၂၀၂၀-၂၁ ရာသီကုန်တာနဲ့ ကုန်ဆုံးမှာပါ။ သူ့ဇာတိနိုင်ငံဂါဘွန်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကတော့ သူ့အရည်အသွေးနဲ့ထိုက်တန်တဲ့အဓိကဆုဖလားတွေရရှိနိုင်ဖို့အတွက် ပိုပြီးရည်မှန်းချက်ကြီးမားတဲ့ကလပ်ကို ပြောင်းသင့်တယ်လို့ အသက် ၃၀ အရွယ် အူဘာမီယန်ကို တိုက်တွန်းထားပါတယ်။ ၂၀၁၈ ဇန်နဝါရီမှာ ဒေါ့မန်ကနေရောက်လာပြီးနောက် မြောက်လန်ဒန်ကလပ်အတွက် ပရီးမီးယားလိဂ် ၄၉ ဂိုးသွင်းပေးထားတဲ့အူဘာမီယန်ကို ဘာစီလိုနာကလည်း စိတ်ဝင်စားနေတာပါ။
photo-PA Images
ဒါပေမဲ့လည်း အဲဒီကာတာလန်ကလပ်က အင်တာက လော်တာရိုမာတီနက်ဇ်ကို မခေါ်နိုင်မှသာ အူဘာမီယန်ဘက်ကို ဦးလှည့်မှာပါ။ ဒီအချိန်မှာ ရီးရဲလ်က လက်ဦးမှုရယူဖို့ အသင့်ဖြစ်နေပါတယ်။ ဘာစီလိုနာအခြေစိုက် Sport သတင်းစာရဲ့အဆိုအရ မကြာသေးခင်ရက်သတ္တပတ်တွေမှာ ရီးရဲလ်ဟာ အူဘာမီယန်ကိုခေါ်ယူရေးအတွက် စုံစမ်းမှုတွေပြုလုပ်ခဲ့ပြီး စာချုပ်သက်တမ်းတစ်နှ်စ်သာကျန်တော့တဲ့ အဲဒီအာဆင်နယ်အသင်းခေါင်းဆောင်ကို ယူရိုသန်း ၅၀ ဝန်းကျင်နဲ့ ခေါ်နိုင်မယ့်အခွင့်အလမ်းကောင်းရှိတယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
[Zawgyi]
ယူရိုသန္း ၅၀ ၀န္းက်င္နဲ႔ ရီးရဲလ္ရဲ႕အလုိရွိျခင္းခံေနရတဲ့ အူဘာမီယန္
အာဆင္နယ္တိုက္စစ္မႈးအူဘာမီယန္ကို ေခၚယူလိုတဲ့အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္လည္း ပါ၀င္လာၿပီး အဲဒီဂါဘြန္သားကို လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူႏိုင္ဖုိ႔ ရီးရဲလ္က ယုံၾကည္မႈရွိေနတယ္လို႔လည္း စပိန္ကလာတဲ့ သတင္းေတြအရ သိရပါတယ္။ ရီးရဲလ္ဟာ လာမယ့္ရာသီမွာ ဘင္ဇီမာနဲ႔တြဲဖက္မယ့္ တိုက္စစ္မႈးအသစ္တစ္ေယာက္ရွာေဖြေနတာျဖစ္ၿပီး အူဘာမီယန္ရဲ႕မေသခ်ာေတာ့တဲ့စာခ်ဳပ္အေနအထားကို အခြင့္ေကာင္းယူၿပီး ဘာေနဗ်ဴးကိုေခၚဖို႔ အဆင္သင့္ျဖစ္ေနတာပါ။
အာဆင္နယ္မွာ အူဘာမီယန္ရဲ႕အနာဂါတ္ဟာ အဓိကေမးခြန္းထုတ္စရာျဖစ္ေနၿပီး အသင္းနဲ႔သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက လာမယ့္ ၂၀၂၀-၂၁ ရာသီကုန္တာနဲ႔ ကုန္ဆုံးမွာပါ။ သူ႔ဇာတိႏိုင္ငံဂါဘြန္က ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌကေတာ့ သူ႔အရည္အေသြးနဲ႔ထုိက္တန္တဲ့အဓိကဆုဖလားေတြရရွိႏိုင္ဖို႔အတြက္ ပိုၿပီးရည္မွန္းခ်က္ႀကီးမားတဲ့ကလပ္ကို ေျပာင္းသင့္တယ္လုိ႔ အသက္ ၃၀ အရြယ္ အူဘာမီယန္ကို တုိက္တြန္းထားပါတယ္။ ၂၀၁၈ ဇန္န၀ါရီမွာ ေဒါ့မန္ကေနေရာက္လာၿပီးေနာက္ ေျမာက္လန္ဒန္ကလပ္အတြက္ ပရီးမီးယားလိဂ္ ၄၉ ဂိုးသြင္းေပးထားတဲ့အူဘာမီယန္ကို ဘာစီလုိနာကလည္း စိတ္၀င္စားေနတာပါ။
ဒါေပမဲ့လည္း အဲဒီကာတာလန္ကလပ္က အင္တာက ေလာ္တာရိုမာတီနက္ဇ္ကို မေခၚႏိုင္မွသာ အူဘာမီယန္ဘက္ကုိ ဦးလွည့္မွာပါ။ ဒီအခ်ိန္မွာ ရီးရဲလ္က လက္ဦးမႈရယူဖုိ႔ အသင့္ျဖစ္ေနပါတယ္။ ဘာစီလုိနာအေျခစုိက္ Sport သတင္းစာရဲ႕အဆုိအရ မၾကာေသးခင္ရက္သတၱပတ္ေတြမွာ ရီးရဲလ္ဟာ အူဘာမီယန္ကိုေခၚယူေရးအတြက္ စုံစမ္းမႈေတြျပဳလုပ္ခဲ့ၿပီး စာခ်ဳပ္သက္တမ္းတစ္ႏွ္စ္သာက်န္ေတာ့တဲ့ အဲဒီအာဆင္နယ္အသင္းေခါင္းေဆာင္ကို ယူရိုသန္း ၅၀ ၀န္းက်င္နဲ႔ ေခၚႏိုင္မယ့္အခြင့္အလမ္းေကာင္းရွိတယ္လုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။