ယူရိုဗိုလ်လုပွဲကစားဖို့ နီးကပ်နေချိန်မှာ ကိုဗစ်ရောဂါပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အီတလီအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်အသင်းနဲ့ကစားရမယ့် အီတလီအသင်းဟာ ဗိုလ်လုပွဲကစားဖို့ နာရီပေါင်း(၃၀)ကျော်လောက်အလိုမှာပဲ ကိုဗစ်ရောဂါပြဿနာနဲ့ ရင်ဆိုင်နေရပါပြီ။

အီတလီအသင်းဟာ မနက်ဖြန်(တနင်္ဂနွေ)ကျရင် ဗြိတိန်စံတော်ချိန်ညနေခင်းအချိန်မှာ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းနဲ့ ဝင်ဘလေကွင်းကြီးအတွင်း ဗိုလ်လုပွဲအကြိတ်အနယ်ကစားရမှာဖြစ်ပြီး

အဲဒီမတိုင်ခင် အီတလီအသင်းရဲ့ မီဒီယာအဖွဲ့က ဝန်ထမ်း(၃)ဦး ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခုလောလောဆယ် အီတလီအသင်းဟာ ဖလော်ရင့်စ်မြို့ဆင်ခြေဖုံးမှာရှိတဲ့ Coverciano အရပ်မှာ လေ့ကျင့်ခန်းဆင်းနေပြီး

အခု မီဒီယာအဖွဲ့ဝင်(၃)ဦး ကိုဗစ်ရောဂါကူးစက်ခံထားရလို့ အဲဒီနေရာကို ချက်ချင်း ပိတ်ချပြီးတော့ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့က ဧရိယာတစ်ခုလုံးကို သန့်ရှင်းမှုတွေလုပ်ခဲ့ရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စက ကျွန်တော်တို့အတွက် မျှော်လင့်မထားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ကစားသမားတွေအပါအဝင် အသင်းက ဘယ်သူမဆို ရောဂါမကူးစက်အောင် ဆောင်ရွက်ထားပေမယ့် ပေါ့ဆနေလို့မရဘဲ လူတိုင်းကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားဦးမှာပါ။

အသင်းက,ကစားသမားတွေ ရောဂါကူးစက်နိုင်ခြေက နည်းပါးပေမယ့် ကျွန်တော်တို့တွေကတော့ သေချာအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဲဒါကြောင့် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ မီဒီယာသမားတွေ လာရောက်သတင်းယူတာကို ဖျက်သိမ်းသွားမှာဖြစ်ပြီး တခြားလုပ်စရာရှိတာတွေအကုန် ဆောင်ရွက်သွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ မီဒီယာသမား(၃)ဦးဟာ အီတလီနာမည်ကျော်ရုပ်သံလိုင်း RAI ဌာနက ဂျာနယ်လစ်တစ်ဦးနဲ့ နည်းပညာရှင်(၂)ဦးတို့ဖြစ်ပြီး

နှစ်ယောက်က လန်ဒန်မြို့မှာ စပိန်နဲ့ အီတလီတို့ကစားခဲ့တဲ့ပွဲအပြီးမှာပဲ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီးတော့ နောက်တစ်ဦးက Coverciano လေ့ကျင့်ရေးကွင်းအပြန်မှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာပါ။

သတင်းတချို့ကတော့ အီတလီကစားသမားတွေနဲ့ နည်းပြမန်စီနီတို့ဟာ ကိုဗစ်ရောဂါကာကွယ်ဆေးတွေထိုးထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

အီတလီအသင်းဟာ ၁၉၆၈ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုကို ပြန်လည်ရယူဖို့ပစ်မှတ်ထားနေချိန်မှာ ကိုဗစ်ရောဂါဆိုးကြောင့် အခက်တွေ့နေရပြီး

တကယ်လို့ ကစားသမားတွေထဲက တချို့လောက်သာ အဲဒီမီဒီယာသမားတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရင်တော့ Self Isolation နေထိုင်ရမှာဖြစ်လို့ လာမယ့်ဗိုလ်လုပွဲကို လွဲချော်မှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုဗိုလ္လုပြဲကစားဖို႔ နီးကပ္ေနခ်ိန္မွာ ကိုဗစ္ေရာဂါျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ အီတလီအသင္း

ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲအျဖစ္ အဂၤလန္အသင္းနဲ႔ကစားရမယ့္ အီတလီအသင္းဟာ ဗိုလ္လုပြဲကစားဖို႔ နာရီေပါင္း(၃၀)ေက်ာ္ေလာက္အလိုမွာပဲ ကိုဗစ္ေရာဂါျပႆနာနဲ႔ ရင္ဆိုင္ေနရပါၿပီ။ အီတလီအသင္းဟာ မနက္ျဖန္(တနဂၤေႏြ)က်ရင္ ၿဗိတိန္စံေတာ္ခ်ိန္ညေနခင္းအခ်ိန္မွာ ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းနဲ႔ ဝင္ဘေလကြင္းႀကီးအတြင္း ဗိုလ္လုပြဲအႀကိတ္အနယ္ကစားရမွာျဖစ္ၿပီး အဲဒီမတိုင္ခင္ အီတလီအသင္းရဲ႕ မီဒီယာအဖြဲ႕က ဝန္ထမ္း(၃)ဦး ကိုဗစ္ေရာဂါကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ အခုေလာေလာဆယ္ အီတလီအသင္းဟာ ဖေလာ္ရင့္စ္ၿမိဳ႕ဆင္ေျခဖုံးမွာရွိတဲ့ Coverciano အရပ္မွာ ေလ့က်င့္ခန္းဆင္းေနၿပီး အခု မီဒီယာအဖြဲ႕ဝင္(၃)ဦး ကိုဗစ္ေရာဂါကူးစက္ခံထားရလို႔ အဲဒီေနရာကို ခ်က္ခ်င္း ပိတ္ခ်ၿပီးေတာ့ သက္ဆိုင္ရာက်န္းမာေရးအဖြဲ႕က ဧရိယာတစ္ခုလုံးကို သန႔္ရွင္းမႈေတြလုပ္ခဲ့ရပါတယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူတစ္ဦးက “ဒီကိစၥက ကြၽန္ေတာ္တို႔အတြက္ ေမွ်ာ္လင့္မထားတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ကစားသမားေတြအပါအဝင္ အသင္းက ဘယ္သူမဆို ေရာဂါမကူးစက္ေအာင္ ေဆာင္႐ြက္ထားေပမယ့္ ေပါ့ဆေနလို႔မရဘဲ လူတိုင္းကို စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္သြားဦးမွာပါ။ အသင္းက,ကစားသမားေတြ ေရာဂါကူးစက္ႏိုင္ေျခက နည္းပါးေပမယ့္ ကြၽန္ေတာ္တို႔ေတြကေတာ့ ေသခ်ာေအာင္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ မီဒီယာသမားေတြ လာေရာက္သတင္းယူတာကို ဖ်က္သိမ္းသြားမွာျဖစ္ၿပီး တျခားလုပ္စရာရွိတာေတြအကုန္ ေဆာင္႐ြက္သြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့ မီဒီယာသမား(၃)ဦးဟာ အီတလီနာမည္ေက်ာ္႐ုပ္သံလိုင္း RAI ဌာနက ဂ်ာနယ္လစ္တစ္ဦးနဲ႔ နည္းပညာရွင္(၂)ဦးတို႔ျဖစ္ၿပီး ႏွစ္ေယာက္က လန္ဒန္ၿမိဳ႕မွာ စပိန္နဲ႔ အီတလီတို႔ကစားခဲ့တဲ့ပြဲအၿပီးမွာပဲ ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ၿပီးေတာ့ ေနာက္တစ္ဦးက Coverciano ေလ့က်င့္ေရးကြင္းအျပန္မွာ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတာပါ။

သတင္းတခ်ိဳ႕ကေတာ့ အီတလီကစားသမားေတြနဲ႔ နည္းျပမန္စီနီတို႔ဟာ ကိုဗစ္ေရာဂါကာကြယ္ေဆးေတြထိုးထားၿပီးျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။ အီတလီအသင္းဟာ ၁၉၆၈ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုကို ျပန္လည္ရယူဖို႔ပစ္မွတ္ထားေနခ်ိန္မွာ ကိုဗစ္ေရာဂါဆိုးေၾကာင့္ အခက္ေတြ႕ေနရၿပီး တကယ္လို႔ ကစားသမားေတြထဲက တခ်ိဳ႕ေလာက္သာ အဲဒီမီဒီယာသမားေတြနဲ႔ ထိေတြ႕ဆက္ဆံခဲ့ရင္ေတာ့ Self Isolation ေနထိုင္ရမွာျဖစ္လို႔ လာမယ့္ဗိုလ္လုပြဲကို လြဲေခ်ာ္မွာပဲျဖစ္ပါတယ္။