ယူရိုပွဲပြီးရင် အနာဂတ်အရေး ပြီးပြတ်အောင်ဆွေးနွေးမယ့် စတာလင်နဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အချို့အသင်းတွေက ကစားသမားအပြောင်းအရွှေ့တွေကို ဆောင်ရွက်နေပေမယ့်

အချို့တွေကတော့ ယူရိုပွဲကြီးပြီးမှ စာချုပ်ကိစ္စတွေကို ဆက်လက်အကောင်အထည်ဖော်ကြမှာဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာတော့ စတာလင်ဟာ သူ့ရဲ့ အနာဂတ်ကိစ္စပြီးပြတ်အောင်

မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အင်္ဂလန်တိုက်စစ်မှူး စတာလင်ဟာ တနင်္ဂနွေနေ့က ခရိုအေးရှားနှင့်ပွဲစဉ်တွင်

အင်္ဂလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

စတာလင်ဟာ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခု ကျော်ဖြတ်လာခဲ့ရပြီး နည်းပြ ဂွာဒီယိုလာရဲ့

အဓိက ပွဲထွက်ကစားသမား စာရင်းကနေ ကင်းကွာလာခဲ့သူပါ။ ဒါကြောင့်လည်း

ယူရိုပြိုင်ပွဲအပြီးမှာ သူနဲ့ မန်စီးတီးကြား ညိနှိုင်းမှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။

စတာလင်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်ရှိတော့ပြီး စာချုပ်သစ်အတွက်ရေရာသေချာအောင်

လုပ်မှာဖြစ်ပါတယ်။ မန်စီးတီးဘက်ကတော့ အင်္ဂလန်တိုက်စစ်ကစားသမားကို

လက်ရှိ ပေးထားတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ပဲ စာချုပ်သစ်ချုပ်လိုနေပါတယ်။

တကယ်လို့ သဘောတူညီမှု မရရှိခဲ့ပါက ကစားသမားကို အသင်းဘက်က ရောင်းထုတ်နိုင်ပါတယ်။

ဒါကလည်း မန်စီးတီးအသင်းဘက်က ပေါင်သန်းတစ်ရာဝန်းကျင် တန်ကြေးရှိတဲ့ စတာလင်ကို

စာချုပ်သက်တမ်းကုန်ဆုံးရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရဖို့ ကြံရွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

စတာလင်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့က စိတ်ဝင်စားပေမယ့် ငဗစ် ကြောင့်

ဘဏ္ဍာရေးထိခိုက်နေတဲ့ လက်ရှိ ကာလမှာ စဉ်းစားမှာ မဟုတ်ပါဘူး။ ရွေးချယ်စရာ

မရှိခဲ့ရင်တော့ မန်စီးတီးဘက်က စတာလင်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထံ ရောင်းထုတ်မှာဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာရဲ့ အသင်းဟာ အထောင်တိုက်စစ်နေရာအတွက် ဟယ်ရီကိန်းကို ခေါ်ယူရာမှ

ာ စတာလင်ကို အလိုက်ပေးလိုပေမယ့်လည်း စပါးအသင်းဘက်က ငွေသားသီးသန့်ပဲ

လိုချင်နေတာ ဖြစ်ပါတယ်။ စတာလင်နဲ့ မန်စီးတီးတို့ရဲ့ ဇာတ်မျောဟာ ယူရိုပွဲအပြီးမှာတော့ ဇာတ်သိမ်းခန်းရောက်မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi Version

ယူရိုပြဲၿပီးရင္ အနာဂတ္အေရး ၿပီးျပတ္ေအာင္ေဆြးေႏြးမယ့္ စတာလင္နဲ႔ မန္စီးတီး

အခ်ိဳ႕အသင္းေတြက ကစားသမားအေျပာင္းအေရႊ႕ေတြကို

ေဆာင္ရြက္ေနေပမယ့္ အခ်ိဳ႕ေတြကေတာ့ ယူရိုပြဲႀကီးၿပီးမွ စာခ်ဳပ္ကိစၥေတြကို

ဆက္လက္အေကာင္အထည္ေဖာ္ၾကမွာျဖစ္ပါတယ္။ ယူရို ၂၀၂၀ ၿပိဳင္ပြဲအၿပီးမွာေတာ့

စတာလင္ဟာ သူ႔ရဲ့ အနာဂတ္ကိစၥၿပီးျပတ္ေအာင္ မန္စီးတီးအသင္းနဲ႔ ေဆြးေႏြးမွုေတြ

ျပဳလုပ္သြားမယ္လို့ သိရပါတယ္။

အဂၤလန္တိုက္စစ္မွူး စတာလင္ဟာ တနဂၤေႏြေန႔က ခရိုေအးရွားႏွင့္ပြဲစဥ္တြင္

အဂၤလန္အတြက္ တစ္လုံးတည္းေသာ အနိုင္ဂိုးကို သြင္းယူေပးနိုင္ခဲ့ပါတယ္။

စတာလင္ဟာ ခက္ခဲတဲ့ ေဘာလုံးရာသီတစ္ခု ေက်ာ္ျဖတ္လာခဲ့ရၿပီး နည္းျပ ဂြာဒီယိုလာရဲ့

အဓိက ပြဲထြက္ကစားသမား စာရင္းကေန ကင္းကြာလာခဲ့သူပါ။ ဒါေၾကာင့္လည္း

ယူရိုၿပိဳင္ပြဲအၿပီးမွာ သူနဲ႔ မန္စီးတီးၾကား ညိႏွိုင္းမွုေတြ ရွိလာေတာ့မွာျဖစ္ပါတယ္။

စတာလင္ဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္ ၂ ႏွစ္ပဲ က်န္ရွိေတာ့ၿပီး

စာခ်ဳပ္သစ္အတြက္ေရရာေသခ်ာေအာင္ လုပ္မွာျဖစ္ပါတယ္။

မန္စီးတီးဘက္ကေတာ့ အဂၤလန္တိုက္စစ္ကစားသမားကို လက္ရွိ ေပးထားတဲ့ တစ္ပတ္လုပ္

ခ ေပါင္ ၃ သိန္းနဲ႔ပဲ စာခ်ဳပ္သစ္ခ်ဳပ္လိုေနပါတယ္။

တကယ္လို႔ သေဘာတူညီမွု မရရွိခဲ့ပါက ကစားသမားကို အသင္းဘက္က

ေရာင္းထုတ္ႏိုင္ပါတယ္။ ဒါကလည္း မန္စီးတီးအသင္းဘက္က

ေပါင္သန္းတစ္ရာ၀န္းက်င္ တန္ေၾကးရိွတဲ့ စတာလင္ကို စာခ်ဳပ္သက္တမ္းကုန္ဆုံးရင္

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္မလႊတ္ရဖို႔ ႀကံရြယ္ထားတာလည္း

ျဖစ္ႏိုင္ပါတယ္။

စတာလင္ကို ေခၚယူဖို့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို့က စိတ္ဝင္စားေပမယ့္ ငဗစ္ ေၾကာင့္

ဘ႑ာေရးထိခိုက္ေနတဲ့ လက္ရွိ ကာလမွာ စဥ္းစားမွာ မဟုတ္ပါဘူး။ ေရြးခ်ယ္စရာ မရွိခဲ့ရင္ေတာ့

မန္စီးတီးဘက္က စတာလင္ကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြထံ ေရာင္းထုတ္မွာျဖစ္ပါတယ္။

နည္းျပ ဂြာဒီယိုလာရဲ့ အသင္းဟာ အေထာင္တိုက္စစ္ေနရာအတြက္ ဟယ္ရီကိန္းကို ေခၚယူရာမွာ

စတာလင္ကို အလိုက္ေပးလိုေပမယ့္လည္း စပါးအသင္းဘက္က ေငြသားသီးသန႔္ပဲ လိုခ်င္ေနတာ

ျဖစ္ပါတယ္။ စတာလင္နဲ႔ မန္စီးတီးတို႔ရဲ႕ ဇာတ္ေမ်ာဟာ ယူရိုပြဲအၿပီးမွာေတာ့

ဇာတ္သိမ္းခန္းေရာက္မွာပါ။