ယူရိုပြိုင်ပွဲ အာရုံရောက်နေချိန်မှာ မြန်မာအသင်းက ၃ပွဲ ၂၂ဂိုး ပေးရပြီး အုပ်စုအောက်ဆုံး ရောက်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ (အာရှဇုန်) ဒုတိယအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဒီညနေတုန်းက ကစားခဲ့ပြီး မြန်မာအသင်းနဲ့ တာဂျစ်ကစ္စတန်အသင်းပွဲစဉ်လည်း ပါခဲ့ပါတယ်။

၂သင်းစလုံးက ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲတွေရှိထားတဲ့အတွက် ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ ကြိုးစားကစားခဲ့ကြပါတယ်။

ဒီပွဲမှာ တာဂျစ်ကစ္စတန်အသင်းက ၄-၀ နဲ့ မြန်မာအသင်းကို အနိုင်ရခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၂ပွဲမှာ ၁၈ဂိုး ပေးထားခဲ့ရတဲ့ မြန်မာအသင်းဟာ ဒီပွဲမှာ ဂိုးသမားအဖြစ် ဆန်းဆက်နိုင်၊ နောက်တန်းမှာ ဇော်ရဲထွန်း၊ ရဲမင်းသူ၊ ဒေးဗစ်ထန်း၊ သိန်းသန်းဝင်း၊

ကွင်းလယ်မှာ မောင်မောင်ဝင်း၊ မောင်မောင်လွင်၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ရှေ့တန်းမှာ ဆောင်လမန်နဲ့ ဝင်းနိုင်ထွန်း တို့ကို ပွဲထွက်အနေနဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဂိုးရဖို့ ပွဲစကတည်းက ဖိအားပေးခဲ့သလို တာဂျစ်ကစ္စတန် အသင်းကလည်း ဂိုးရဖို့ ကြိုးစားကစားခဲ့တဲ့အတွက် ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။

လွင်မိုးအောင်ရဲ့ ကန်သွင်းချက်ကို တာဂျစ်ကစ္စတန် ဂိုးသမားကာကွယ်နိုင်တာကြောင့် မြန်မာအသင်းဂိုးရမယ့် အခွင့်အရေး နစ်နာခဲ့ရပါတယ်။

နာရီဝက်ကျော်လာတဲ့အချိန်မှာတော့ တာဂျစ်ကစ္စတန်အသင်းက ပိုဖိကစားလာနိုင်ခဲ့ပြီး ပွဲချိန် ၃၃မိနစ် မှာ တာဂျစ်ကစ္စတန်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။

ပြစ်ဒဏ်ဘောကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တာဆူနော့ဗ် က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

အုပ်စု ဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိနေတဲ့ တာဂျစ်ကစ္စတန်ဟာ ဂိုးရပြီးနောက်ပိုင်းမှာ ပွဲကိုပိုထိန်းချုပ်ဖို့ ကြိုးစားလာတာ တွေ့၇ပါတယ်။

ပထမပိုင်းမှာ တာဂျစ်ကစ္စတန် ကစားသမားတွေရဲ့ ဖျက်ထုတ်ပုံကြမ်းတမ်းတာကြောင့် မြန်မာအသင်းကစားသမားတွေ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန်၅၃မိနစ် မှာ တာဂျစ်ကစ္စတန်အသင်း ဒုတိယဂိုးရရှိသွားခဲ့ပါတယ်။

ဒီဂိုးကို ဒတ်စ်ဟာလီလော့ဗ် က ခေါင်းတိုက်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၈မိနစ် မှာ တတိယဂိုးနဲ့ ပွဲပြီးခါနီး ၈၇မိနစ်မှာ စတုတ္တဂိုးရခဲ့ပြီး ပွဲအပြီးမှာ ၄ဂိုးပြတ်နဲ့ မြန်မာအသင်းကို အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် တာဂျစ်ကစ္စတန်အသင်းက ၈ပွဲ ကစားပြီး ရမှတ် ၁၃မှတ် နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး မြန်မာအသင်းကတော့

၈ပွဲကစား ရမှတ်၆မှတ် နဲ့ အုပ်စုနောက်‌ဆုံးနေရာမှာ ရပ်တည်သွားခဲ့ရပါတယ်။

ဂျပန်နိုင်ငံမှာ ကစားသွားခဲပတဲ့ နောက်ဆုံး ၃ပွဲစလုံးမှာ ၁ဂိုးသာရခဲ့ပြီး ၂၂ဂိုး ပေးခဲ့ရတာပါ။

 

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

#Zawgyi

ယူရိုျပိဳင္ပြဲ အာရံုေရာက္ေနခ်ိန္မွာ ျမန္မာအသင္းက ၃ပြဲ ၂၂ဂိုး ေပးရျပီး အုပ္စုေအာက္ဆံုး ေရာက္ရွိ

၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲရဲ႕ (အာရွဇုန္) ဒုတိယအဆင့္ အုပ္စုေနာက္ဆုံးပြဲစဥ္ေတြကို ဒီညေနတုန္းက ကစားခဲ႔ျပီး ျမန္မာအသင္းနဲ႔ တာဂ်စ္ကစၥတန္အသင္းပြဲစဥ္လည္း ပါခဲ့ပါတယ္။

၂သင္းစလံုးက ဒီပြဲမတိုင္ခင္ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ၇ံႈးပြဲေတြရွိထားတဲ႔အတြက္ ဒီပြဲမွာ ရလဒ္ေကာင္း ရယူနိုင္ဖို႔ ႀကိဳးစားကစားခဲ့ၾကပါတယ္။

ဒီပြဲမွာ တာဂ်စ္ကစၥတန္အသင္းက ၄-၀ နဲ႔ ျမန္မာအသင္းကို အနိုင္ရခဲ့ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ၂ပြဲမွာ ၁၈ဂိုး ေပးထားခဲ့ရတဲ့ ျမန္မာအသင္းဟာ ဒီပြဲမွာ ဂိုးသမားအျဖစ္ ဆန္းဆက္နိုင္၊ ေနာက္တန္းမွာ ေဇာ္ရဲထြန္း၊ ရဲမင္းသူ၊ ေဒးဗစ္ထန္း၊ သိန္းသန္းဝင္း၊

ကြင္းလယ္မွာ ေမာင္ေမာင္ဝင္း၊ ေမာင္ေမာင္လြင္၊ လွိုင္းဘိုဘို၊ လြင္မိုးေအာင္၊ ေရွ႕တန္းမွာ ေဆာင္လမန္နဲ႔ ဝင္းနိုင္ထြန္း တို႔ကို ပြဲထြက္အေနနဲ႔အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ျ

မန္မာအသင္းဟာ ဂိုးရဖို႔ ပြဲစကတည္းက ဖိအားေပးခဲ့သလို တာဂ်စ္ကစၥတန္ အသင္းကလည္း ဂိုးရဖို႔ ႀကိဳးစားကစားခဲ့တဲ႔အတြက္ ပြဲက အၾကိတ္အနယ္ျဖစ္ခဲ့ပါတယ္။

လြင္မိုးေအာင္ရဲ့ ကန္သြင္းခ်က္ကိုတာဂ်စ္ကစၥတန္ ဂိုးသမားကာကြယ္နိုင္တာေၾကာင့္ ျမန္မာအသင္းဂိုးရမယ္႔ အခြင္႔အေရး နစ္နာခဲ့ရပါတယ္။

နာရီ၀က္ေက်ာ္လာတဲ႔အခ်ိန္မွာေတာ႔ တာဂ်စ္ကစၥတန္အသင္းက ပိုဖိကစားလာႏိုင္ခဲ႔ျပီး ပြဲခ်ိန္ ၃၃မိနစ္ မွာ တာဂ်စ္ကစၥတန္အသင္း ဦးေဆာင္ဂိုးရခဲ့ပါတယ္။ ျ

ပစ္ဒဏ္ေဘာကေနကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို တာဆူေနာ့ဗ္ က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

အုပ္စု ဒုတိယေနရာအတြက္ ေမွ်ာ္လင္႔ခ်က္ရွိေနတဲ႔ တာဂ်စ္ကစၥတန္ဟာ ဂိုးရျပီးေနာက္ပိုင္းမွာ ပြဲကိုပိုထိန္းခ်ဳပ္ဖို႔ ၾကိဳးစားလာတာ ေတြ႔၇ပါတယ္။

ပထမပိုင္းမွာ တာဂ်စ္ကစၥတန္ ကစားသမားေတြရဲ့ ဖ်က္ထုတ္ပုံၾကမ္းတမ္းတာေၾကာင့္ ျမန္မာအသင္းကစားသမားေတြ ထိခိုက္ဒဏ္ရာေတြရရွိခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စျပီး ပြဲခ်ိန္၅၃မိနစ္ မွာ တာဂ်စ္ကစၥတန္အသင္း ဒုတိယဂိုးရရွိသြားခဲ့ပါတယ္။

ဒီဂိုးကို ဒတ္စ္ဟာလီေလာ့ဗ္ က ေခါင္းတိုက္ၿပီး သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈မိနစ္ မွာ တတိယဂိုးနဲ႔ ပြဲျပီးခါနီး ၈၇မိနစ္မွာ စတုတၱဂိုးရခဲ့ၿပီး ပြဲအၿပီးမွာ ၄ဂိုးျပတ္နဲ႔ ျမန္မာအသင္းကို အနိုင္ရသြားခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ တာဂ်စ္ကစၥတန္အသင္းက ၈ပြဲ ကစားၿပီး ရမွတ္ ၁၃မွတ္ နဲ႔ အုပ္စုဒုတိယေနရာမွာ ရပ္တည္ခဲ့ၿပီး ျမန္မာအသင္းကေတာ့ ၈ပြဲကစား ရမွတ္၆မွတ္ နဲ႔

အုပ္စုေနာက္‌ဆုံးေနရာမွာ ရပ္တည္သြားခဲ႔ရပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ကစားသြားခဲပတဲ႔ ေနာက္ဆံုး ၃ပြဲစလံုးမွာ ၁ဂိုးသာရခဲ႔ျပီး ၂၂ဂိုး ေပးခဲ႔ရတာပါ။