ယူရိုပြိုင်ပွဲအားပေးရင်း မျက်စိအစာကျွေးစရာဖြစ်ခဲ့တဲ့ အင်္ဂလန်ကစားသမားတွေရဲ့ Wags

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းဟာ ခြေစွမ်းထက်စာရင် မီဒီယာအားကောင်းတဲ့အတွက် ပြိုင်ပွဲတွေမှာ အမြဲအထင်ကြီးခံရတဲ့ အသင်းတစ်သင်းဖြစ်သလို

ကစားသမားတွေရဲ့ ဇနီးမယားနဲ့ချစ်သူတွေ (Wives And Girlfriends = Wags) ရဲ့ ကွင်းတွင်းကွင်းပြင် စတိုင်မျိုးစုံထုတ်ပြီး လာအားပေးတာကြောင့်လည်း စိတ်ဝင်စားခံရပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ခေတ်စားသွားခဲ့တဲ့ Wags ဆိုတဲ့ စကားလုံးနဲ့အတူ အဲ့အချိန်တုန်းက နာမည်ကြီးကစားသမားတွေရဲ့ Wags တွေဖြစ်တဲ့

ဗစ်တိုးရီးယားဘက်ခမ် (ဒေဗစ်ဘက်ခမ်)၊ ချယ်ရီတွီဒီ (အက်ရှ်လေကိုးလ်)၊ မယ်လာနီစလိခ် (ဝဲလ်ကော့တ်) အဲလက်စ်ကာရင် (စတင်ဗင်ဂျရတ်) တို့သာမကဘဲ နည်းပြ အဲ့ရစ်ဆင်ရဲ့ ချစ်သူ နန်စီ ကိုယ်တိုင်လည်း မီနဒီယာတွေရဲ့ အရေးပေးဖော်ပြခံခဲ့ရတာပါ။

ခရီုအေးရှားနဲ့ပွဲမှာလည်း အင်္ဂလန်နာမည်ကြီး ကစားသမားတွေရဲ့ WAGs ၅ ယောက်ဟာ အတူတကွ လာရောက်ကြည့်ရှုခဲ့ပြီး ဓာတ်ပုံအတူရိုက်ခဲ့ကြပါတယ်။

နည်းပြ ဆေက်ဂိတ်ရဲ့ ပွဲထွက်လူစာရင်းမှာ မေးခွန်းထုတ်ချင်စရာ အကောင်းဆုံး ဆုံးဖြတ်ချက်ကတော့ ညာနောက်ခံလူ ထရစ်ပီယာကို ဘယ်နောက်ခံလူနေရာမှာ ပွဲထုတ်လာခဲ့တာပဲ ဖြစ်ပါတယ်။

လူစာရင်းမှာ ထရစ်ပီယာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့သလို ထရစ်ပီယာရဲ့ချစ်သူ ချာလော့ထ်ကလည်း အခြားနာမည်ကျော် WAGs တွေနဲ့အတူ ဝင်ဘလေကို လာရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ဇနီး မီဂန်တင်ထားတဲ့ပုံမှာ ထရစ်ပီယာရဲ့ ချစ်သူအပြင် မက်ဂွိုင်းယား၊ ကိုင်လီဝေါ်လ်ကာနဲ့ လုခ်ရှောတို့ရဲ့ လက်တွဲဖော်တွေလည်း လိုက်ပါ အားပေးခဲ့ကြတာ တွေ့ရပါတယ်။

သူတို့းအားလုံးဟာ အင်္ဂလန်အကျီတွေကို ဝတ်ဆင်ထားကြပြီး သူတို့ ခင်ပွန်း၊ ချစ်သူတွေရဲ့ ကျောနံပါတ်နဲ့ နာမည်တွေကို ရေးထိုးထားကြပေမယ့် ဝေါ်လ်ကာရဲ့ချစ်သူ အန်နီတစ်ယောက်ပဲ ဂျာစီမှာ ကိုယ့်နာမည်ကိုယ် ရေးထိုးခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားနှစ်ယောက်ဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ နှစ်ယောက်စလုံး ခရိုအေရှားနဲ့ပွဲကို လွဲချော်ခဲ့ကြပေမယ့် သောကြာနေ့မှာကစားမယ့် စကော့တလန်နဲ့ ပွဲကိုတော့ ပွဲထွက် ကစားသွားဖွယ် ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုၿပိဳင္ပြဲအားေပးရင္း မ်က္စိအစာေကြၽးစရာျဖစ္ခဲ့တဲ့ အဂၤလန္ကစားသမားေတြရဲ႕ Wags

အဂၤလန္အသင္းဟာ ေျခစြမ္းထက္စာရင္ မီဒီယာအားေကာင္းတဲ့အတြက္ ၿပိဳင္ပြဲေတြမွာ အၿမဲအထင္ႀကီးခံရတဲ့ အသင္းတစ္သင္းျဖစ္သလို ကစားသမားေတြရဲ႕ ဇနီးမယားနဲ႔ခ်စ္သူေတြ (Wives And Girlfriends = Wags) ရဲ႕ ကြင္းတြင္းကြင္းျပင္ စတိုင္မ်ိဳးစုံထုတ္ၿပီး လာအားေပးတာေၾကာင့္လည္း စိတ္ဝင္စားခံရပါတယ္။ ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စတင္ေခတ္စားသြားခဲ့တဲ့ Wags ဆိုတဲ့ စကားလုံးနဲ႔အတူ အဲ့အခ်ိန္တုန္းက နာမည္ႀကီးကစားသမားေတြရဲ႕ Wags ေတြျဖစ္တဲ့ ဗစ္တိုးရီးယားဘက္ခမ္ (ေဒဗစ္ဘက္ခမ္)၊ ခ်ယ္ရီတြီဒီ (အက္ရွ္ေလကိုးလ္)၊ မယ္လာနီစလိခ္ (ဝဲလ္ေကာ့တ္) အဲလက္စ္ကာရင္ (စတင္ဗင္ဂ်ရတ္) တို႔သာမကဘဲ နည္းျပ အဲ့ရစ္ဆင္ရဲ႕ ခ်စ္သူ နန္စီ ကိုယ္တိုင္လည္း မီနဒီယာေတြရဲ႕ အေရးေပးေဖာ္ျပခံခဲ့ရတာပါ။

ခ႐ီုေအးရွားနဲ႔ပြဲမွာလည္း အဂၤလန္နာမည္ႀကီး ကစားသမားေတြရဲ႕ WAGs ၅ ေယာက္ဟာ အတူတကြ လာေရာက္ၾကည့္ရႈခဲ့ၿပီး ဓာတ္ပုံအတူ႐ိုက္ခဲ့ၾကပါတယ္။ နည္းျပ ေဆက္ဂိတ္ရဲ႕ ပြဲထြက္လူစာရင္းမွာ ေမးခြန္းထုတ္ခ်င္စရာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ကေတာ့ ညာေနာက္ခံလူ ထရစ္ပီယာကို ဘယ္ေနာက္ခံလူေနရာမွာ ပြဲထုတ္လာခဲ့တာပဲ ျဖစ္ပါတယ္။ လူစာရင္းမွာ ထရစ္ပီယာ အံ့အားသင့္ဖြယ္ ပါဝင္လာခဲ့သလို ထရစ္ပီယာရဲ႕ခ်စ္သူ ခ်ာေလာ့ထ္ကလည္း အျခားနာမည္ေက်ာ္ WAGs ေတြနဲ႔အတူ ဝင္ဘေလကို လာေရာက္ၾကည့္ရႈခဲ့တာ ျဖစ္ပါတယ္။ ဂိုးသမား ပစ္ဖို႔ဒ္ရဲ႕ ဇနီး မီဂန္တင္ထားတဲ့ပုံမွာ ထရစ္ပီယာရဲ႕ ခ်စ္သူအျပင္ မက္ဂြိဳင္းယား၊ ကိုင္လီေဝၚလ္ကာနဲ႔ လုခ္ေရွာတို႔ရဲ႕ လက္တြဲေဖာ္ေတြလည္း လိုက္ပါ အားေပးခဲ့ၾကတာ ေတြ႕ရပါတယ္။

သူတို႔းအားလုံးဟာ အဂၤလန္အက်ီေတြကို ဝတ္ဆင္ထားၾကၿပီး သူတို႔ ခင္ပြန္း၊ ခ်စ္သူေတြရဲ႕ ေက်ာနံပါတ္နဲ႔ နာမည္ေတြကို ေရးထိုးထားၾကေပမယ့္ ေဝၚလ္ကာရဲ႕ခ်စ္သူ အန္နီတစ္ေယာက္ပဲ ဂ်ာစီမွာ ကိုယ့္နာမည္ကိုယ္ ေရးထိုးခဲ့ပါတယ္။ ယူႏိုက္တက္ ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာတို႔ ႏွစ္ေယာက္စလုံး ခ႐ိုေအရွားနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၾကေပမယ့္ ေသာၾကာေန႔မွာကစားမယ့္ စေကာ့တလန္နဲ႔ ပြဲကိုေတာ့ ပြဲထြက္ ကစားသြားဖြယ္ ရွိေနပါတယ္။