
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စပါးအသင်းရဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟယ်ရီကိန်းဟာ ယူရို-၂၀၂၀ပြိုင်ပွဲပြီးဆုံးသွားရင် သူ့အနာဂတ်နဲ့ပတ်သက်လို့ အသင်းနည်းပြသစ်နူနိုဆန်တိုနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ယူရိုပြိုင်ပွဲမစခင်ကတည်းက အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း စပါးအသင်းနဲ့လမ်းခွဲတော့မယ်လို့ လူသိရှင်ကြားဖွင့်ဟပြောဆိုထားပြီး အခုလောလောဆယ်မှာတော့ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာအောင်မြင်မှုရဖို့သာ အဓိကအာရုံစိုက်ထားတာဖြစ်ပါတယ်။
စပါးအသင်းဟာ မော်ရင်ဟိုနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း နည်းပြသစ်ရာထူးအတွက် ပိုချက်တီနိုအပါအဝင် နည်းပြတော်တော်များများကို ချိတ်ဆက်ခဲ့ပေမယ့် တစ်ယောက်နဲ့မှအဆင်မပြေဘဲ ပြီးခဲ့တဲ့ရာသီကုန်မှာ ဝုလ်ဗ်အသင်းနဲ့လမ်းခွဲခဲ့တဲ့နူနိုဆန်တိုကိုသာ ခန့်အပ်ခဲ့ရတာဖြစ်ပါတယ်။
နာမည်ကျော်အားကစားရေဒီယိုဌာနဖြစ်တဲ့ talkSPORT နဲ့ အင်တာဗျူးမှာ ဟယ်ရီကိန်းက “အသင်းမှာ နည်းပြသစ်တစ်ဦးရောက်လာတိုင်း ကစားသမားတွေအပါအဝင် အသင်းရဲ့ပတ်ဝန်းကျင်မှာ အဲဒီနည်းပြနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားစရာတွေဖြစ်ကြစမြဲပါပဲ။
အခုလောလောဆယ်တော့ ကျွန်တော်က ကလပ်အသင်းမှာမဟုတ်တဲ့အတွက် နူနိုဆန်တိုနဲ့လည်း အဆက်အသွယ်မလုပ်ရသေးပါဘူး။
အခုအချိန်မှာ ကျွန်တော်က အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွဲှနေပြီး အဲဒီအတွက်ကိုပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။
နူနိုဆန်တိုဟာ နည်းပြကောင်းတစ်ဦးဖြစ်သလို ဝုလ်ဗ်အသင်းကို အကောင်းဆုံးကိုင်တွယ်ခဲ့တဲ့အပြင် သူတို့အသင်းကစားပုံကလည်း ကောင်းပါတယ်။
ယူရိုပြိုင်ပွဲအပြီး ကလပ်အသင်းကို ပြန်တော့မှာပဲ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံစကားပြောဖြစ်မှာပါ”လို့ပြောကြားခဲ့ပါတယ်။
စပါးအသင်းကနေ ထွက်ခွာမယ်လို့ ဝန်ခံပြောဆိုထားတဲ့ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးမန်စီးတီးအသင်းက ရေပန်းစားနေပေမယ့် စပါးအသင်းဥက္ကဌလီဗိုင်ကတော့ ဟယ်ရီကိန်းအတွက် ပေါင်သန်း(၁၅၀)ရမှရောင်းချမယ်ဆိုပြီး ပြောကြားထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ အနာဂတ္အတြက္ နည္းျပသစ္ဆန္တိုနဲ႔ေဆြးေႏြးသြားမယ့္ ဟယ္ရီကိန္း
စပါးအသင္းရဲ႕အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟယ္ရီကိန္းဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲၿပီးဆုံးသြားရင္ သူ႔အနာဂတ္နဲ႔ပတ္သက္လို႔ အသင္းနည္းျပသစ္ႏူႏိုဆန္တိုနဲ႔ ေတြ႕ဆုံေဆြးေႏြးသြားမွာျဖစ္ပါတယ္။ ဟယ္ရီကိန္းဟာ ယူ႐ိုၿပိဳင္ပြဲမစခင္ကတည္းက အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း စပါးအသင္းနဲ႔လမ္းခြဲေတာ့မယ္လို႔ လူသိရွင္ၾကားဖြင့္ဟေျပာဆိုထားၿပီး အခုေလာေလာဆယ္မွာေတာ့ အဂၤလန္အသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲမွာေအာင္ျမင္မႈရဖို႔သာ အဓိကအာ႐ုံစိုက္ထားတာျဖစ္ပါတယ္။ စပါးအသင္းဟာ ေမာ္ရင္ဟိုနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း နည္းျပသစ္ရာထူးအတြက္ ပိုခ်က္တီႏိုအပါအဝင္ နည္းျပေတာ္ေတာ္မ်ားမ်ားကို ခ်ိတ္ဆက္ခဲ့ေပမယ့္ တစ္ေယာက္နဲ႔မွအဆင္မေျပဘဲ ၿပီးခဲ့တဲ့ရာသီကုန္မွာ ဝုလ္ဗ္အသင္းနဲ႔လမ္းခြဲခဲ့တဲ့ႏူႏိုဆန္တိုကိုသာ ခန႔္အပ္ခဲ့ရတာျဖစ္ပါတယ္။
နာမည္ေက်ာ္အားကစားေရဒီယိုဌာနျဖစ္တဲ့ talkSPORT နဲ႔ အင္တာဗ်ဴးမွာ ဟယ္ရီကိန္းက “အသင္းမွာ နည္းျပသစ္တစ္ဦးေရာက္လာတိုင္း ကစားသမားေတြအပါအဝင္ အသင္းရဲ႕ပတ္ဝန္းက်င္မွာ အဲဒီနည္းျပနဲ႔ပတ္သက္လို႔ စိတ္လႈပ္ရွားစရာေတြျဖစ္ၾကစၿမဲပါပဲ။ အခုေလာေလာဆယ္ေတာ့ ကြၽန္ေတာ္က ကလပ္အသင္းမွာမဟုတ္တဲ့အတြက္ ႏူႏိုဆန္တိုနဲ႔လည္း အဆက္အသြယ္မလုပ္ရေသးပါဘူး။ အခုအခ်ိန္မွာ ကြၽန္ေတာ္က အဂၤလန္အသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲဆင္ႏြဲွေနၿပီး အဲဒီအတြက္ကိုပဲ အျပည့္အဝအာ႐ုံစိုက္ထားပါတယ္။
ႏူႏိုဆန္တိုဟာ နည္းျပေကာင္းတစ္ဦးျဖစ္သလို ဝုလ္ဗ္အသင္းကို အေကာင္းဆုံးကိုင္တြယ္ခဲ့တဲ့အျပင္ သူတို႔အသင္းကစားပုံကလည္း ေကာင္းပါတယ္။ ယူ႐ိုၿပိဳင္ပြဲအၿပီး ကလပ္အသင္းကို ျပန္ေတာ့မွာပဲ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေတြ႕ဆုံစကားေျပာျဖစ္မွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ စပါးအသင္းကေန ထြက္ခြာမယ္လို႔ ဝန္ခံေျပာဆိုထားတဲ့ဟယ္ရီကိန္းကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ထိပ္သီးမန္စီးတီးအသင္းက ေရပန္းစားေနေပမယ့္ စပါးအသင္းဥကၠဌလီဗိုင္ကေတာ့ ဟယ္ရီကိန္းအတြက္ ေပါင္သန္း(၁၅၀)ရမွေရာင္းခ်မယ္ဆိုၿပီး ေျပာၾကားထားပါတယ္။