ယူရိုပြိုင်ပွဲမှာ ဟက်ထရစ်သွင်းတဲ့သူမရှိသေးတာက ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပြိုင်ပွဲဆိုတာက ဘောလုံးသမိုင်းတစ်လျှောက် ဂုဏ်သိက္ခာအရှိဆုံးနိုင်ငံတကာပြိုင်ပွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ပရိသတ်စိတ်ဝင်စားမှုအများဆုံးနဲ့အကြိတ်အနယ်အရှိဆုံးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုပြိုင်ပွဲမျိုးမှာ ပါဝင်ကစားခွင့်ရဖို့၊ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့၊ စံချိန်တွေရေးထိုးနိုင်ဖို့က ကစားသမားတိုင်းရဲ့အိပ်မက်ပါပဲ။

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ စံချိန်သစ်အမျိုးမျိုးရရှိခဲ့တဲ့ကစားသမားတွေ အများအပြားရှိပြီး သူတို့တွေထဲမှာ အထင်ရှားဆုံးက စီရော်နယ်လ်ဒိုပဲဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ပြိုင်ပွဲမှာ ပြိုင်ပွဲအကြိမ်အများဆုံးကစားသမား၊ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစတဲ့စံချိန်ကောင်းတွေ အများကြီးပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ဟက်ထရစ်မသွင်းနိုင်ခဲ့သလို တခြားနာမည်ကျော်တိုက်စစ်ကစားသမားတွေကလည်း ဟက်ထရစ်မသွင်းနိုင်တာကြောင့် ယူရိုပြိုင်ပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့သူ မရှိသေးတာက ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်နေပါပြီ။

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ စီရော်နယ်လ်ဒိုဟာ ဟန်ဂေရီ၊ ပြင်သစ်တို့နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး သူ့လိုပဲ တစ်ပွဲတည်းနှစ်ဂိုးသွင်းယူခဲ့တဲ့ ပက်ထရစ်ရှစ်ခ်၊ ဟယ်ရီကိန်း၊ အီမိုဘီလီတို့လို နာမည်ကျော်ကစားသမားတွေရှိပေမယ့် အခုအချိန်အထိတော့ ဟက်ထရစ်သွင်းတဲ့သူမပေါ်ထွက်လာသေးပါဘူး။

ယူရိုပြိုင်ပွဲဆိုတာကလည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲဖြစ်တာကြောင့် ဟက်ထရစ်သွင်းယူနိုင်ဖို့က သိပ်မလွယ်ကူဘဲ ပြိုင်ပွဲသက်တမ်းတစ်လျှောက် နှစ်ပေါင်း(၆၀)ကျော်ကာလအတွင်း ဟက်ထရစ်သွင်းခဲ့တဲ့ကစားသမားအရေအတွက်က စုစုပေါင်း (၇)ဦးသာရှိပါသေးတယ်။

ယူရိုပြိုင်ပွဲမှာ ပထမဆုံးဟက်ထရစ်သွင်းယူခဲ့တာက အနောက်ဂျာမနီနာမည်ကျော်ကစားသမားဟောင်း ဒီယက်တာမူလာဖြစ်ပြီး ၁၉၇၆ ပြိုင်ပွဲတုန်းက ယူဂိုဆလားဗီးယားနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

သူနဲ့အတူ အယ်လော့ဖ်(အနောက်ဂျာမနီ-၁၉၈၀)၊ ပလာတီနီ (ပြင်သစ် ဟက်ထရစ်နှစ်ကြိမ်-၁၉၈၄)၊ ဗန်ဘက်စတန် (နယ်သာလန်-၁၉၈၈)၊ ကွန်ဆီဆာအို (ပေါ်တူဂီ-၂၀၀၀)၊ ကလွိုင်ဗက် (နယ်သာလန်-၂၀၀၀)နဲ့

နောက်ဆုံးဟက်ထရစ်သွင်းယူခဲ့တာက ယူရို-၂၀၀၈ပြိုင်ပွဲ ရုရှားနဲ့ကစားခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ စပိန်တိုက်စစ်မှူးဒေးဗစ်ဗီလာပဲဖြစ်ပါတယ်။

ထူးခြားတာကတော့ ပလာတီနီဟာ ယူရို-၁၉၈၄ ပြိုင်ပွဲတစ်ခုတည်းမှာ ဟက်ထရစ်နှစ်ကြိမ်သွင်းယူခဲ့ပြီး ယူရို-၂၀၀၀ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ကစားသမားနှစ်ဦးရှိခဲ့တာပါပဲ။

အခု ယူရို-၂၀၂၀ ပြိုင်ပွဲဟာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး စုစုပေါင်း(၃)ပွဲသာကစားဖို့ကျန်ပါတော့တယ်။

ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲအဆင့်တွေဆိုတာက တခြားအဆင့်တွေထက် ပိုပြီးခက်ခဲလို့ အဲဒီပွဲတွေမှာ ဟက်ထရစ်သွင်းမယ့်သူပေါ်ထွက်လာဖို့က ရာနှုန်းနည်းပါးနေပါပြီ။

အခုလောလောဆယ် ဆီမီးဖိုင်နယ်အဆင့်ကို စပိန်-အီတလီ၊ အင်္ဂလန်-ဒိန်းမတ်အသင်းတို့ တက်ရောက်ထားတာကြောင့် ထူးထူးခြားခြားဆိုသလို ဟက်ထရစ်သွင်းမယ့်သူ ပေါ်ထွက်လာမလား?

ဒါမှမဟုတ် ၂၀၀၈ နောက်ပိုင်းကတည်းက ဟက်ထရစ်သွင်းတဲ့သူမရှိသေးတဲ့ မှတ်တမ်းကိုပဲ ဆက်ထိန်းနိုင်မလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းတဲ့သူမရွိေသးတာက ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာျမင့္ေန

ယူ႐ိုၿပိဳင္ပြဲဆိုတာက ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဂုဏ္သိကၡာအရွိဆုံးႏိုင္ငံတကာၿပိဳင္ပြဲေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးရင္ ပရိသတ္စိတ္ဝင္စားမႈအမ်ားဆုံးနဲ႔အႀကိတ္အနယ္အရွိဆုံးၿပိဳင္ပြဲတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုၿပိဳင္ပြဲမ်ိဳးမွာ ပါဝင္ကစားခြင့္ရဖို႔၊ အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔၊ စံခ်ိန္ေတြေရးထိုးႏိုင္ဖို႔က ကစားသမားတိုင္းရဲ႕အိပ္မက္ပါပဲ။ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ စံခ်ိန္သစ္အမ်ိဳးမ်ိဳးရရွိခဲ့တဲ့ကစားသမားေတြ အမ်ားအျပားရွိၿပီး သူတို႔ေတြထဲမွာ အထင္ရွားဆုံးက စီေရာ္နယ္လ္ဒိုပဲျဖစ္ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲအႀကိမ္အမ်ားဆုံးကစားသမား၊ သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားစတဲ့စံခ်ိန္ေကာင္းေတြ အမ်ားႀကီးပိုင္ဆိုင္ခဲ့ပါတယ္။ ဒါေပမဲ့ သူဟာ ဟက္ထရစ္မသြင္းႏိုင္ခဲ့သလို တျခားနာမည္ေက်ာ္တိုက္စစ္ကစားသမားေတြကလည္း ဟက္ထရစ္မသြင္းႏိုင္တာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းႏိုင္တဲ့သူ မရွိေသးတာက ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာျမင့္ေနပါၿပီ။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ စီေရာ္နယ္လ္ဒိုဟာ ဟန္ေဂရီ၊ ျပင္သစ္တို႔နဲ႔ပြဲမွာ ႏွစ္ဂိုးသြင္းယူခဲ့ၿပီး သူ႔လိုပဲ တစ္ပြဲတည္းႏွစ္ဂိုးသြင္းယူခဲ့တဲ့ ပက္ထရစ္ရွစ္ခ္၊ ဟယ္ရီကိန္း၊ အီမိုဘီလီတို႔လို နာမည္ေက်ာ္ကစားသမားေတြရွိေပမယ့္ အခုအခ်ိန္အထိေတာ့ ဟက္ထရစ္သြင္းတဲ့သူမေပၚထြက္လာေသးပါဘူး။ ယူ႐ိုၿပိဳင္ပြဲဆိုတာကလည္း ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ၿပိဳင္ပြဲျဖစ္တာေၾကာင့္ ဟက္ထရစ္သြင္းယူႏိုင္ဖို႔က သိပ္မလြယ္ကူဘဲ ၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ ႏွစ္ေပါင္း(၆၀)ေက်ာ္ကာလအတြင္း ဟက္ထရစ္သြင္းခဲ့တဲ့ကစားသမားအေရအတြက္က စုစုေပါင္း (၇)ဦးသာရွိပါေသးတယ္။

ယူ႐ိုၿပိဳင္ပြဲမွာ ပထမဆုံးဟက္ထရစ္သြင္းယူခဲ့တာက အေနာက္ဂ်ာမနီနာမည္ေက်ာ္ကစားသမားေဟာင္း ဒီယက္တာမူလာျဖစ္ၿပီး ၁၉၇၆ ၿပိဳင္ပြဲတုန္းက ယူဂိုဆလားဗီးယားနဲ႔ပြဲမွာ သြင္းယူခဲ့တာပါ။ သူနဲ႔အတူ အယ္ေလာ့ဖ္(အေနာက္ဂ်ာမနီ-၁၉၈၀)၊ ပလာတီနီ (ျပင္သစ္ ဟက္ထရစ္ႏွစ္ႀကိမ္-၁၉၈၄)၊ ဗန္ဘက္စတန္ (နယ္သာလန္-၁၉၈၈)၊ ကြန္ဆီဆာအို (ေပၚတူဂီ-၂၀၀၀)၊ ကလြိဳင္ဗက္ (နယ္သာလန္-၂၀၀၀)နဲ႔ ေနာက္ဆုံးဟက္ထရစ္သြင္းယူခဲ့တာက ယူ႐ို-၂၀၀၈ၿပိဳင္ပြဲ ႐ုရွားနဲ႔ကစားခဲ့တဲ့ပြဲမွာ သြင္းယူခဲ့တဲ့ စပိန္တိုက္စစ္မႉးေဒးဗစ္ဗီလာပဲျဖစ္ပါတယ္။

ထူးျခားတာကေတာ့ ပလာတီနီဟာ ယူ႐ို-၁၉၈၄ ၿပိဳင္ပြဲတစ္ခုတည္းမွာ ဟက္ထရစ္ႏွစ္ႀကိမ္သြင္းယူခဲ့ၿပီး ယူ႐ို-၂၀၀၀ၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ကစားသမားႏွစ္ဦးရွိခဲ့တာပါပဲ။ အခု ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဟာ ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ရွိေနၿပီး စုစုေပါင္း(၃)ပြဲသာကစားဖို႔က်န္ပါေတာ့တယ္။ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲအဆင့္ေတြဆိုတာက တျခားအဆင့္ေတြထက္ ပိုၿပီးခက္ခဲလို႔ အဲဒီပြဲေတြမွာ ဟက္ထရစ္သြင္းမယ့္သူေပၚထြက္လာဖို႔က ရာႏႈန္းနည္းပါးေနပါၿပီ။

အခုေလာေလာဆယ္ ဆီမီးဖိုင္နယ္အဆင့္ကို စပိန္-အီတလီ၊ အဂၤလန္-ဒိန္းမတ္အသင္းတို႔ တက္ေရာက္ထားတာေၾကာင့္ ထူးထူးျခားျခားဆိုသလို ဟက္ထရစ္သြင္းမယ့္သူ ေပၚထြက္လာမလား၊ ဒါမွမဟုတ္ ၂၀၀၈ ေနာက္ပိုင္းကတည္းက ဟက္ထရစ္သြင္းတဲ့သူမရွိေသးတဲ့ မွတ္တမ္းကိုပဲ ဆက္ထိန္းႏိုင္မလားဆိုတာကေတာ့ . .