ယူရိုပြိုင်ပွဲမှာ လှပတဲ့ OG တွေ အပြိုင်အဆိုင်သွင်းနေကြတဲ့ ဂိုးသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆလိုဗက်ကီးယားနဲ့စပိန်ပွဲတုန်းက ဆလိုဗက်ကီးယားအသင်းဂိုးသမား ဒူဘရက်ကာ ရူးကြောင်ကြောင်နဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့သလို

အခု ခရိုအေးရှားနဲ့ပွဲမှာလည်း စပိန်ဂိုးသမားအူနိုင်းဆီမွန်ဟာ ဘောလုံး အခုမှစကန်တဲ့ချာတိတ်တစ်ယောက်လိုပဲ ရယ်စရာကောင်းတဲ့အမှားနဲ့ OG ဖြစ်ခဲ့ပါတယ်။

ဆလိုဗက်ကီးယား-စပိန်ပွဲမှာ စပိန်အသင်းကစားသမားရဲ့ကန်ချက်က အပေါ်ဂိုးဘားနဲ့ထိပြီးတော့ ပြန်ကျလာတာကို ဒူဘရက်ကာက ဂိုးမဝင်မှာစိုးလို့ လက်နဲ့ပုတ်ထည့်ခဲ့တဲ့အဖြစ်အပျက်က

ပရိသတ်တွေလှောင်ပြောင်စရာဖြစ်ခဲ့ပြီး အခု အူနိုင်းဆီမွန်ကလည်း အားကျမခံ ဒူဘရက်ကာနောက်ကို အမီလိုက်ခဲ့ပါတယ်။

ခရိုအေးရှားနဲ့ပွဲ မိနစ်(၂၀)လောက်မှာ စပိန်အသင်းကွင်းလယ်လူ ပတ်ဒရီ နောက်ပြန်ပေးလိုက်တဲ့ဘောလုံးကို

အူနိုင်းဆီမွန်က ခြေထောက်နဲ့အသာလေးထိန်းလိုက်တာမှာ ချော်ထွက်ပြီး ဂိုးထဲဝင်သွားခဲ့တာပဲဖြစ်ပါတယ်။

အဲဒီလို ရူးကြောင်ကြောင်နိုင်တဲ့ OG မျိုးဟာ ယူရိုလိုပြိုင်ပွဲကြီးတစ်ခုမှာ မြင်ရခဲပြီး အခု အူနိုင်းဆီမွန်ရဲ့ကောင်းမှုကြောင့် ပရိသတ်တွေမြင်တွေ့ခွင့်ရတာ ကံကောင်းတယ်လို့ပြောရမယ်။

ပိုလန်နဲ့ဆလိုဗက်ကီးယားတို့ရဲ့ အုပ်စုပွဲမှာလည်း ပိုလန်ဂိုးသမားဆဇက်စနီဟာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့ပြီး အံ့အားသင့်စရာကောင်းတာက

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ OG ဖြစ်ခဲ့တဲ့ ဂိုးသမားတွေဟာ အုပ်စု (F)မှာ တစ်အုပ်စုတည်းဆုံခဲ့တဲ့အသင်း(၃)သင်း(စပိန်၊ ပိုလန်၊ ဆလိုဗက်ကီးယား)ရဲ့ ကစားသမားတွေဖြစ်နေတာပါပဲ။

ဒါပေမဲ့ အူနိုင်းဆီမွန် ကံကောင်းခဲ့တာက UEFA ဟာ OG သွင်းတဲ့သူအဖြစ် ပတ်ဒရီကို သတ်မှတ်ခဲ့တာပဲဖြစ်ပြီး ဒီဂိုးရဲ့အကွာအဝေးက (၄၉)ကိုက်အထိရှိတာကြောင့်

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အကွာအဝေးအများဆုံး OG ၊ ပယ်နယ်တီဧရိယာပြင်ပကနေ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ ပထမဆုံးဂိုးစတဲ့စံချိန်ကောင်းတွေ သတ်မှတ်ခံခဲ့ရပါတယ်။

အခုလောလောဆယ် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၉)ဂိုးအထိရှိလာပြီး ကျင်းပပြီးစီးခဲ့တဲ့

ယူရိုပြိုင်ပွဲအားလုံးမှာ သွင်းယူခဲ့တဲ့ OG အရေအတွက်ကို ပြိုင်ပွဲတစ်ခုတည်းနဲ့ အမီလိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ိုၿပိဳင္ပြဲမွာ လွပတဲ့ OG ေတြ အၿပိဳင္အဆိုင္သြင္းေနၾကတဲ့ ဂိုးသမားမ်ား

ဆလိုဗက္ကီးယားနဲ႔စပိန္ပြဲတုန္းက ဆလိုဗက္ကီးယားအသင္းဂိုးသမား ဒူဘရက္ကာ ႐ူးေၾကာင္ေၾကာင္နဲ႔ ကိုယ့္ဂိုးကိုယ္ျပန္သြင္းခဲ့သလို အခု ခ႐ိုေအးရွားနဲ႔ပြဲမွာလည္း စပိန္ဂိုးသမားအူႏိုင္းဆီမြန္ဟာ ေဘာလုံး အခုမွစကန္တဲ့ခ်ာတိတ္တစ္ေယာက္လိုပဲ ရယ္စရာေကာင္းတဲ့အမွားနဲ႔ OG ျဖစ္ခဲ့ပါတယ္။

ဆလိုဗက္ကီးယား-စပိန္ပြဲမွာ စပိန္အသင္းကစားသမားရဲ႕ကန္ခ်က္က အေပၚဂိုးဘားနဲ႔ထိၿပီးေတာ့ ျပန္က်လာတာကို ဒူဘရက္ကာက ဂိုးမဝင္မွာစိုးလို႔ လက္နဲ႔ပုတ္ထည့္ခဲ့တဲ့အျဖစ္အပ်က္က ပရိသတ္ေတြေလွာင္ေျပာင္စရာျဖစ္ခဲ့ၿပီး အခု အူႏိုင္းဆီမြန္ကလည္း အားက်မခံ ဒူဘရက္ကာေနာက္ကို အမီလိုက္ခဲ့ပါတယ္။

ခ႐ိုေအးရွားနဲ႔ပြဲ မိနစ္(၂၀)ေလာက္မွာ စပိန္အသင္းကြင္းလယ္လူ ပတ္ဒရီ ေနာက္ျပန္ေပးလိုက္တဲ့ေဘာလုံးကို အူႏိုင္းဆီမြန္က ေျခေထာက္နဲ႔အသာေလးထိန္းလိုက္တာမွာ ေခ်ာ္ထြက္ၿပီး ဂိုးထဲဝင္သြားခဲ့တာပဲျဖစ္ပါတယ္။

အဲဒီလို ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ OG မ်ိဳးဟာ ယူ႐ိုလိုၿပိဳင္ပြဲႀကီးတစ္ခုမွာ ျမင္ရခဲၿပီး အခု အူႏိုင္းဆီမြန္ရဲ႕ေကာင္းမႈေၾကာင့္ ပရိသတ္ေတြျမင္ေတြ႕ခြင့္ရတာ ကံေကာင္းတယ္လို႔ေျပာရမယ္။

ပိုလန္နဲ႔ဆလိုဗက္ကီးယားတို႔ရဲ႕ အုပ္စုပြဲမွာလည္း ပိုလန္ဂိုးသမားဆဇက္စနီဟာ ကိုယ့္ဂိုးကိုယ္သြင္းခဲ့ၿပီး အံ့အားသင့္စရာေကာင္းတာက ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ OG ျဖစ္ခဲ့တဲ့ ဂိုးသမားေတြဟာ အုပ္စု (F)မွာ တစ္အုပ္စုတည္းဆုံခဲ့တဲ့အသင္း(၃)သင္း(စပိန္၊ ပိုလန္၊ ဆလိုဗက္ကီးယား)ရဲ႕ ကစားသမားေတြျဖစ္ေနတာပါပဲ။

ဒါေပမဲ့ အူႏိုင္းဆီမြန္ ကံေကာင္းခဲ့တာက UEFA ဟာ OG သြင္းတဲ့သူအျဖစ္ ပတ္ဒရီကို သတ္မွတ္ခဲ့တာပဲျဖစ္ၿပီး ဒီဂိုးရဲ႕အကြာအေဝးက (၄၉)ကိုက္အထိရွိတာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အကြာအေဝးအမ်ားဆုံး OG ၊ ပယ္နယ္တီဧရိယာျပင္ပကေန ကိုယ့္ဂိုးကိုယ္သြင္းခဲ့တဲ့ ပထမဆုံးဂိုးစတဲ့စံခ်ိန္ေကာင္းေတြ သတ္မွတ္ခံခဲ့ရပါတယ္။

အခုေလာေလာဆယ္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တဲ့ဂိုးအေရအတြက္က (၉)ဂိုးအထိရွိလာၿပီး က်င္းပၿပီးစီးခဲ့တဲ့ ယူ႐ိုၿပိဳင္ပြဲအားလုံးမွာ သြင္းယူခဲ့တဲ့ OG အေရအတြက္ကို ၿပိဳင္ပြဲတစ္ခုတည္းနဲ႔ အမီလိုက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။