ယူရိုပြိုင်ပွဲပြီးရင် ဘောလုံမကစားတော့ဘဲ လိုင်းပြောင်းတော့မယ့် ဂါရတ်ဘေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းမှာ တစ်ကျော့ပြန်လာကစားပြီး ထိုက်သင့်သလောက် ဂိုးတွေ သွင်းပေးနိုင်ခဲ့သလို ဥရောပပြိုင်ပွဲဝင်ခွင့်ရအောင်လည်း ကူညီပေးနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ အရွယ်ကောင်းမှာပဲ လိုင်းပြောင်းဖို့ စဉ်းစားနေပါတယ်။

ဝေးလ်လက်ရွေးစင် ကစားသမားလည်းဖြစ်တဲ့ ဂါရတ်ဘေးလ်က လာမယ့် ယူရို၂၀၂၀ ပြိုင်ပွဲ အပြီးမှာ

ဘောလုံးကစားသမားဘဝက အနားယူပြီး ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ကစားသမားသမားဖြစ်လာဖို့ အာရုံစိုက်ချင်နေတယ်လို့ Sportbilbe က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဂါရတ်ဘေးလ်က စောစောစီးစီးပဲ အဆုံးသတ်ချင်နေတယ်လို့ သိရပါတယ်။

အခုနှစ်ဘောလုံးရာသီမှာ ဂါရတ်ဘေးလ်ဟာ နည်းပြဇီဒန်းလက်အောက်မှာ ပွဲမကစားရသောက်နီးပါး ရှိနေခဲ့ပြီး

စပါး အသင်းကို အငှားသွားရောက် ကစားခဲ့တဲ့အချိန်မှာ ပြိုင်ပွဲစုံ ၁၆ဂိုး အထိသွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပုံမှန်ပြန်ရခဲ့ပါတယ်။

ဒါပေမယ့် ကာယကံရှင်ဖြစ်တဲ့ ကစားသမားဟာ လာမယ့်ရာသီမှာ ရီးရဲလ်အသင်းအတွက် ပါဝင်ကစားလိုခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

အသက်၃၁နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ရီးရဲလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၂ အကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်း၁နှစ် ကျော် ကျန်နေပါသေးတယ်။

ဒါပေမယ့် ကစားသမားဖက်ကတော့ စာချုပ်ကို စောစီးစွာ အဆုံးသတ်ချင်နေတာပါ။

ဂါရတ်ဘေးလ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ ဘောလုံးသမားဘဝကို အဆုံးသတ်ပြီး ဂေါ့ဖ်ကစားသမားဘက်ကို ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဂါရတ်ဘေးလ် ဟာ ဂေါ့ဖ်ရိုက်ရတာကို နှစ်သက်တဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ကစားချင်နေတာကြောင့် ဘောလုံးသမားဘဝကနေ အနားယူချင်နေတာဖြစ်ပါတယ်။

ရီးရဲလ်အသင်းမှာ တစ်နှစ်ပေါင် ၁၃သန်း လစာ ရရှိနေပေမယ့် ဒီပမာဏရဲ့ တဝက်နဲ့ ဂါရတ်ဘေးလ်ဟာ စာချုပ်ကို အဆုံးသတ်ဖို့ တောင်းဆိုလာဖွယ်ရှိနေပါတယ်။

ဂါရတ်ဘေးလ်ဟာ စပါးအသင်းအတွက် နောက်ဆုံးကစားပေးခဲ့တ လက်စတာနဲ့ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး အသင်းကို လာမယ့်ရာသီ ဥရောပဝင်ခွင့်ရရှိအောင် ပြုလုပ်ပေးခဲ့ပါတယ်။

၂၀၁၃ က စပါး ကနေ ရီးရဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ လာလီဂါဖလား ၂ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ကြိမ် အပါအဝင် အောင်မြင်မှုအများအပြားရရှိခဲ့ သူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုၿပိဳင္ပြဲၿပီးရင္ ေဘာလုံမကစားေတာ့ဘဲ လိုင္းေျပာင္းေတာ့မယ့္ ဂါရတ္ေဘးလ္

စပါးအသင္းမွာ တစ္ေက်ာ့ျပန္လာကစားၿပီး ထိုက္သင့္သေလာက္ ဂိုးေတြ သြင္းေပးႏိုင္ခဲ့သလို ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရေအာင္လည္း ကူညီေပးႏိုင္ခဲ့တဲ့ ဂါရတ္ေဘးလ္ဟာ အ႐ြယ္ေကာင္းမွာပဲ လိုင္းေျပာင္းဖို႔ စဥ္းစားေနပါတယ္။ ေဝးလ္လက္ေ႐ြးစင္ ကစားသမားလည္းျဖစ္တဲ့ ဂါရတ္ေဘးလ္က လာမယ့္ ယူ႐ို၂၀၂၀ ၿပိဳင္ပြဲ အၿပီးမွာ ေဘာလုံးကစားသမားဘဝက အနားယူၿပီး ပေရာ္ဖက္ရွင္နယ္ ေဂါ့ဖ္ကစားသမားသမားျဖစ္လာဖို႔ အာ႐ုံစိုက္ခ်င္ေနတယ္လို႔ Sportbilbe က ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ဂါရတ္ေဘးလ္က ေစာေစာစီးစီးပဲ အဆုံးသတ္ခ်င္ေနတယ္လို႔ သိရပါတယ္။ အခုႏွစ္ေဘာလုံးရာသီမွာ ဂါရတ္ေဘးလ္ဟာ နည္းျပဇီဒန္းလက္ေအာက္မွာ ပြဲမကစားရေသာက္နီးပါး ရွိေနခဲ့ၿပီး စပါး အသင္းကို အငွားသြားေရာက္ ကစားခဲ့တဲ့အခ်ိန္မွာ ၿပိဳင္ပြဲစုံ ၁၆ဂိုး အထိသြင္းယူႏိုင္ခဲ့တဲ့အထိ ေျခစြမ္းပုံမွန္ျပန္ရခဲ့ပါတယ္။ ဒါေပမယ့္ ကာယကံရွင္ျဖစ္တဲ့ ကစားသမားဟာ လာမယ့္ရာသီမွာ ရီးရဲလ္အသင္းအတြက္ ပါဝင္ကစားလိုျခင္း မရွိေတာ့ဘူးလို႔ သိရပါတယ္။

အသက္၃၁ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂါရတ္ေဘးလ္နဲ႔ ရီးရဲလ္အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ၂၀၂၂ အကုန္မွာ ကုန္ဆုံးမွာျဖစ္ၿပီး သက္တမ္း၁ႏွစ္ ေက်ာ္ က်န္ေနပါေသးတယ္။ ဒါေပမယ့္ ကစားသမားဖက္ကေတာ့ စာခ်ဳပ္ကို ေစာစီးစြာ အဆုံးသတ္ခ်င္ေနတာပါ။ ဂါရတ္ေဘးလ္ဟာ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ ေဘာလုံးသမားဘဝကို အဆုံးသတ္ၿပီး ေဂါ့ဖ္ကစားသမားဘက္ကို ေျပာင္းလဲဖို႔ ရည္႐ြယ္ထားတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

ဂါရတ္ေဘးလ္ ဟာ ေဂါ့ဖ္႐ိုက္ရတာကို ႏွစ္သက္တဲ့သူျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ကစားခ်င္ေနတာေၾကာင့္ ေဘာလုံးသမားဘဝကေန အနားယူခ်င္ေနတာျဖစ္ပါတယ္။ ရီးရဲလ္အသင္းမွာ တစ္ႏွစ္ေပါင္ ၁၃သန္း လစာ ရရွိေနေပမယ့္ ဒီပမာဏရဲ႕ တဝက္နဲ႔ ဂါရတ္ေဘးလ္ဟာ စာခ်ဳပ္ကို အဆုံးသတ္ဖို႔ ေတာင္းဆိုလာဖြယ္ရွိေနပါတယ္။

ဂါရတ္ေဘးလ္ဟာ စပါးအသင္းအတြက္ ေနာက္ဆုံးကစားေပးခဲ့တ လက္စတာနဲ႔ပြဲမွာ ၂ ဂိုး သြင္းယူေပးခဲ့ၿပီး အသင္းကို လာမယ့္ရာသီ ဥေရာပဝင္ခြင့္ရရွိေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ ၂၀၁၃ က စပါး ကေန ရီးရဲလ္ကို ေရာက္ရွိလာခဲ့တဲ့ ဂါရတ္ေဘးလ္ဟာ လာလီဂါဖလား ၂ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္ အပါအဝင္ ေအာင္ျမင္မႈအမ်ားအျပားရရွိခဲ့ သူလည္းျဖစ္ပါတယ္။