ယူရိုပြိုင်ပွဲနဲ့ပတ်သက်တဲ့ပွဲစဉ်တွေမှာ ချက်အသင်းနဲ့ ဆုံရင် ရလဒ်မကောင်းခဲ့တဲ့ နယ်သာလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ် နယ်သာလန်နဲ့ချက်အသင်းတို့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဥရောပထိပ်သီးစာရင်းဝင် နယ်သာလန်အသင်း အနိုင်ရဖို့ရေပန်းစားနေပေမယ့် သူတို့ဟာ အံ့အားသင့်စရာကောင်းအောင် ယူရိုပြိုင်ပွဲနဲ့ပတ်သက်တဲ့ပွဲတွေမှာ ချက်အသင်းကို အသာမရခဲ့ပါဘူး။

ဒီနှစ်သင်းဟာ ယူရို-၂၀၁၆ ခြေစစ်ပွဲမှာတစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ချက်အသင်းက အိမ်ကွင်းမှာ (၂-၁)ဂိုး၊ အဝေးကွင်းမှာ (၃-၂)ဂိုးရလဒ်တွေနဲ့ အနိုင်ယူခဲ့ပါတယ်။

ယူရိုပြိုင်ပွဲမှာတော့ ဒီနှစ်သင်း ယူရို-၂၀၀၀၊ ယူရို-၂၀၀၄ ပြိုင်ပွဲ အုပ်စုအဆင့်တွေမှာအတူကျရောက်ခဲ့ပြီး ယူရို-၂၀၀၀ပြိုင်ပွဲတုန်းက နယ်သာလန်အသင်း (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ယူရို-၂၀၀၄ မှာတော့ (၃-၂)ဂိုးနဲ့အရေးနိမ့်ခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ ယူရိုခြေစစ်ပွဲတွေမှာ မယုံလောက်အောင် ချက်အသင်းကို တစ်ပွဲမှမနိုင်ဖူးသေးပါဘူး။

ယူရို-၂၀၀၄ ခြေစစ်ပွဲအဖြစ် တစ်အုပ်စုတည်းကျရောက်ခဲ့တုန်းက နယ်သာလန်အသင်းရဲ့ကွင်းမှာ (၁)ဂိုးစီသရေ၊

ချက်အသင်းက သူတို့ကွင်းမှာ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဲဒီမတိုင်ခင် ယူရို-၂၀၀၀ခြေစစ်ပွဲအုပ်စုအဆင့်မှာလည်း ချက်အသင်းက အဝေးကွင်းမှာ ဂိုးမရှိသရေ၊ အိမ်ကွင်းမှာ (၃-၁)ဂိုးရလဒ်တွေနဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့ပါတယ်။

ယူရိုပြိုင်ပွဲနဲ့ ခြေစစ်ပွဲအပါအဝင် ဒီနှစ်သင်း စုစုပေါင်း(၈)ပွဲအထိဆုံတွေ့ခဲ့တာမှာ နယ်သာလန်အသင်းက ယူရို-၂၀၀၀ အုပ်စုတုန်းက (၁)ပွဲသာအနိုင်ရခဲ့ပြီး ချက်အသင်းက (၅)ပွဲနိုင်၊ (၂)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ချက်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဆင့်ကတက်ခဲ့တဲ့အကြိမ်တိုင်း မထင်မှတ်တဲ့အဆင့်အထိရောက်ရှိခဲ့ပြီး အရင်ချက်ကိုစလိုဗက်ကီးယားအသင်းအဖြစ်နဲ့

ပါဝင်ကစားခဲ့ချိန်မှာ ၁၉၇၆ ပြိုင်ပွဲချန်ပီယံဖြစ်ခဲ့သလို အခု ချက်အသင်းအဖြစ် ယှဉ်ပြိုင်ကစားခဲ့ချိန်မှာလည်း ယူရို-၉၆မှာ ဒုတိယ၊ ယူရို-၂၀၀၄ မှာ တတိယ၊ ယူရို-၂၀၁၂ ခုနှစ်မှာ ကွာတားဖိုင်နယ်အဆင့်တွေအထိတက်ရောက်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုၿပိဳင္ပြဲနဲ႔ပတ္သက္တဲ့ပြဲစဥ္ေတြမွာ ခ်က္အသင္းနဲ႔ ဆုံရင္ ရလဒ္မေကာင္းခဲ့တဲ့ နယ္သာလန္

ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအျဖစ္ နယ္သာလန္နဲ႔ခ်က္အသင္းတို႔ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ဥေရာပထိပ္သီးစာရင္းဝင္ နယ္သာလန္အသင္း အႏိုင္ရဖို႔ေရပန္းစားေနေပမယ့္ သူတို႔ဟာ အံ့အားသင့္စရာေကာင္းေအာင္ ယူ႐ိုၿပိဳင္ပြဲနဲ႔ပတ္သက္တဲ့ပြဲေတြမွာ ခ်က္အသင္းကို အသာမရခဲ့ပါဘူး။ ဒီႏွစ္သင္းဟာ ယူ႐ို-၂၀၁၆ေျခစစ္ပြဲမွာတစ္အုပ္စုတည္းက်ေရာက္ခဲ့ၿပီး ခ်က္အသင္းက အိမ္ကြင္းမွာ (၂-၁)ဂိုး၊ အေဝးကြင္းမွာ (၃-၂)ဂိုးရလဒ္ေတြနဲ႔ အႏိုင္ယူခဲ့ပါတယ္။ ယူ႐ိုၿပိဳင္ပြဲမွာေတာ့ ဒီႏွစ္သင္း ယူ႐ို-၂၀၀၀၊ ယူ႐ို-၂၀၀၄ ၿပိဳင္ပြဲ အုပ္စုအဆင့္ေတြမွာအတူက်ေရာက္ခဲ့ၿပီး ယူ႐ို-၂၀၀၀ၿပိဳင္ပြဲတုန္းက နယ္သာလန္အသင္း (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ ယူ႐ို-၂၀၀၄ မွာေတာ့ (၃-၂)ဂိုးနဲ႔အေရးနိမ့္ခဲ့ပါတယ္။

နယ္သာလန္အသင္းဟာ ယူ႐ိုေျခစစ္ပြဲေတြမွာ မယုံေလာက္ေအာင္ ခ်က္အသင္းကို တစ္ပြဲမွမႏိုင္ဖူးေသးပါဘူး။ ယူ႐ို-၂၀၀၄ ေျခစစ္ပြဲအျဖစ္ တစ္အုပ္စုတည္းက်ေရာက္ခဲ့တုန္းက နယ္သာလန္အသင္းရဲ႕ကြင္းမွာ (၁)ဂိုးစီသေရ၊ ခ်က္အသင္းက သူတို႔ကြင္းမွာ (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အဲဒီမတိုင္ခင္ ယူ႐ို-၂၀၀၀ေျခစစ္ပြဲအုပ္စုအဆင့္မွာလည္း ခ်က္အသင္းက အေဝးကြင္းမွာ ဂိုးမရွိသေရ၊ အိမ္ကြင္းမွာ (၃-၁)ဂိုးရလဒ္ေတြနဲ႔ ျပတ္ျပတ္သားသားအႏိုင္ယူခဲ့ပါတယ္။

ယူ႐ိုၿပိဳင္ပြဲနဲ႔ ေျခစစ္ပြဲအပါအဝင္ ဒီႏွစ္သင္း စုစုေပါင္း(၈)ပြဲအထိဆုံေတြ႕ခဲ့တာမွာ နယ္သာလန္အသင္းက ယူ႐ို-၂၀၀၀ အုပ္စုတုန္းက (၁)ပြဲသာအႏိုင္ရခဲ့ၿပီး ခ်က္အသင္းက (၅)ပြဲႏိုင္၊ (၂)ပြဲသေရရလဒ္ထြက္ေပၚခဲ့ပါတယ္။ ဒါ့အျပင္ ခ်က္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အုပ္စုအဆင့္ကတက္ခဲ့တဲ့အႀကိမ္တိုင္း မထင္မွတ္တဲ့အဆင့္အထိေရာက္ရွိခဲ့ၿပီး အရင္ခ်က္ကိုစလိုဗက္ကီးယားအသင္းအျဖစ္နဲ႔ ပါဝင္ကစားခဲ့ခ်ိန္မွာ ၁၉၇၆ ၿပိဳင္ပြဲခ်န္ပီယံျဖစ္ခဲ့သလို အခု ခ်က္အသင္းအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ခ်ိန္မွာလည္း ယူ႐ို-၉၆မွာ ဒုတိယ၊ ယူ႐ို-၂၀၀၄ မွာ တတိယ၊ ယူ႐ို-၂၀၁၂ ခုႏွစ္မွာ ကြာတားဖိုင္နယ္အဆင့္ေတြအထိတက္ေရာက္ႏိုင္ခဲ့ပါတယ္။