ယူရိုပြိုင်ပွဲတစ်လျှောက် စိတ်ပျက်စရာမှတ်တမ်းဆိုးတစ်ခုကို မရပ်တန့်နိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၀ရှုံးထွက်(၁၆)သင်းအဆင့်မှာ

အသင်းအတွက် ခြေစွမ်းပြမကစားနိုင်ခဲ့သလို သူ့ကစားသမားဘဝတစ်လျှောက် ယူရိုပြိုင်ပွဲမှာ စိတ်ပျက်စရာအကောင်းဆုံးမှတ်တမ်းဆိုးတစ်ခုကိုလည်း မရပ်တန့်နိုင်ခဲ့ပါဘူး။

စီရော်နယ်လ်ဒိုဟာ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဖရီးကစ်နှစ်ကြိမ်ကန်သွင်းခဲ့ပေမယ့် တစ်ကြိမ်မှဂိုးမဝင်ခဲ့ဘဲ ပထမတစ်လုံးက ဘယ်လ်ဂျီယံဂိုးသမားကော်တွာ ကာကွယ်နိုင်ခဲ့သလို ဒုတိယအကြိမ်မှာတော့ ကိုယ့်အသင်းဖော်ရီနာတိုဆန်းချက်စ်နဲ့ ထိပြီး လွဲချော်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက ပေါ်တူဂီအသင်းနဲ့အတူ ပထမဆုံးအကြိမ်ယူရိုပြိုင်ပွဲဆင်နွှဲခဲ့သူ စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲ(၅)ကြိမ်အထိ ပါဝင်ကစားခွင့်ရခဲ့ပြီး အံ့အားသင့်စရာကောင်းတာက အဲဒီ(၅)ကြိမ်စလုံးမှာ ဖရီးကစ်ကနေ တစ်ခါမှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

စီရော်နယ်လ်ဒိုရဲ့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဖရီးကစ်စုစုပေါင်း (၂၈)ကြိမ်အထိကန်သွင်းခဲ့ပြီး ဒါက ယူရို-၂၀၀၄ ပြိုင်ပွဲကနေ အခု ယူရို-၂၀၂၀ ပြိုင်ပွဲအထိ ဖရီးကစ်ကန်သွင်းမှုအကြိမ်အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် တစ်ဂိုးမှမသွင်းနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စီရော်နယ်လ်ဒိုဟာ ဖရီးကစ် (၂၃)ကြိမ်ကန်သွင်းခဲ့ပေမယ့် တစ်ဂိုးသာ ဂိုးဝင်ခဲ့ပါတယ်။

ကလပ်အသင်းကစားသမားဘ၀ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်အသင်းတို့မှာကစားခဲ့တုန်းက စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်တွေက

ကြောက်စရာကောင်းခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ချိန်ကစလို့ အရင်လို ထက်မြက်မှုမရှိတော့ဘဲ ဂျူဗင်တပ်စ်ကစားသမားဘ၀ (၃)ရာသီအတွင်း ဖရီးကစ်အကြိမ်ပေါင်း(၇၀)မှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

အခု နိုင်ငံအသင်းကစားသမားဘဝမှာလည်း စီရော်နယ်လ်ဒိုဟာ ဖရီးကစ်ကြမ္မာဆိုးနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး ယူရိုပြိုင်ပွဲတစ်လျှောက် ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းဆိုးကို မချိုးဖျက်နိုင်ခဲ့ပါဘူး။

စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေအများကြီး ပိုင်ဆိုင်ခဲ့ပေမယ့် ဖရီးကစ်မှတ်တမ်းဆိုးကိုတော့ မရပ်တန့်နိုင်ခဲ့ဘဲ

ဒီပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးအကြိမ်ယူရိုပြိုင်ပွဲဖြစ်ဖို့ ရာနှုန်းများနေတာကြောင့် စီရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်ကစားသမားဘဝမှာ ရှားရှားပါးပါးပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းဆိုးတစ်ခုဖြစ်လာဖို့ရှိနေပါပြီ။

စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်မှတ်တမ်းဆိုးနဲ့ပတ်သက်လို့ ဂျူဗင်တပ်စ်အသင်းတတိယဂိုးသမားဖြစ်သူ ပင်ဆော့ဂ်ဂလီယိုက “အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ စီရော်နယ်လ်ဒိုဟာ ဖရီးကစ်တွေဆို သူပဲအမြဲတမ်းကန်လေ့ရှိပြီး အကြိမ်တိုင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။

တကယ့်ပြိုင်ပွဲတွေမှာ သူ ဘာလို့ ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်လဲဆိုတာတော့ ကျွန်တော်မစဉ်းစားတတ်အောင်ပါပဲ။

ကံဆိုးတာကြောင့်လို့ပဲ ပြောရမှာပါ”ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။

ဘယ်လ်ဂျီယံနဲ့ပွဲအပြီးမှာ နာမည်ကျော်ဘောလုံးသမားဟောင်း အီရန်ရိုက်က စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်စွမ်းဆောင်ရည်ကောင်းတွေက ပုံပြင်တစ်ပုဒ်အဖြစ်သာ သတ်မှတ်ရတော့မှာဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ စိတ္ပ်က္စရာမွတ္တမ္းဆိုးတစ္ခုကို မရပ္တန႔္ႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒို

ေပၚတူဂီအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ဘယ္လ္ဂ်ီယံအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ယူ႐ို-၂၀၂၀ရႈံးထြက္(၁၆)သင္းအဆင့္မွာ အသင္းအတြက္ ေျခစြမ္းျပမကစားႏိုင္ခဲ့သလို သူ႔ကစားသမားဘဝတစ္ေလွ်ာက္ ယူ႐ိုၿပိဳင္ပြဲမွာ စိတ္ပ်က္စရာအေကာင္းဆုံးမွတ္တမ္းဆိုးတစ္ခုကိုလည္း မရပ္တန႔္ႏိုင္ခဲ့ပါဘူး။ စီေရာ္နယ္လ္ဒိုဟာ ဘယ္လ္ဂ်ီယံနဲ႔ပြဲမွာ ဖရီးကစ္ႏွစ္ႀကိမ္ကန္သြင္းခဲ့ေပမယ့္ တစ္ႀကိမ္မွဂိုးမဝင္ခဲ့ဘဲ ပထမတစ္လုံးက ဘယ္လ္ဂ်ီယံဂိုးသမားေကာ္တြာ ကာကြယ္ႏိုင္ခဲ့သလို ဒုတိယအႀကိမ္မွာေတာ့ ကိုယ့္အသင္းေဖာ္ရီနာတိုဆန္းခ်က္စ္နဲ႔ ထိၿပီး လြဲေခ်ာ္ခဲ့ပါတယ္။

၂၀၀၄ ခုႏွစ္တုန္းက ေပၚတူဂီအသင္းနဲ႔အတူ ပထမဆုံးအႀကိမ္ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲခဲ့သူ စီေရာ္နယ္လ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲ(၅)ႀကိမ္အထိ ပါဝင္ကစားခြင့္ရခဲ့ၿပီး အံ့အားသင့္စရာေကာင္းတာက အဲဒီ(၅)ႀကိမ္စလုံးမွာ ဖရီးကစ္ကေန တစ္ခါမွ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ စီေရာ္နယ္လ္ဒိုရဲ႕ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဖရီးကစ္စုစုေပါင္း (၂၈)ႀကိမ္အထိကန္သြင္းခဲ့ၿပီး ဒါက ယူ႐ို-၂၀၀၄ ၿပိဳင္ပြဲကေန အခု ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအထိ ဖရီးကစ္ကန္သြင္းမႈအႀကိမ္အမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ေပမယ့္ တစ္ဂိုးမွမသြင္းႏိုင္ခဲ့တာက မယုံႏိုင္စရာပါပဲ။

ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း စီေရာ္နယ္လ္ဒိုဟာ ဖရီးကစ္ (၂၃)ႀကိမ္ကန္သြင္းခဲ့ေပမယ့္ တစ္ဂိုးသာ ဂိုးဝင္ခဲ့ပါတယ္။ ကလပ္အသင္းကစားသမားဘ၀ မန္ခ်က္စတာယူႏိုက္တက္၊ ရီးယဲလ္အသင္းတို႔မွာကစားခဲ့တုန္းက စီေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္ေတြက ေၾကာက္စရာေကာင္းခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကစလို႔ အရင္လို ထက္ျမက္မႈမရွိေတာ့ဘဲ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ (၃)ရာသီအတြင္း ဖရီးကစ္အႀကိမ္ေပါင္း(၇၀)မွာ တစ္ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

အခု ႏိုင္ငံအသင္းကစားသမားဘဝမွာလည္း စီေရာ္နယ္လ္ဒိုဟာ ဖရီးကစ္ၾကမၼာဆိုးနဲ႔ ဆက္လက္ရင္ဆိုင္ေနရၿပီး ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ ဖရီးကစ္ကေန ဂိုးမသြင္းႏိုင္တဲ့မွတ္တမ္းဆိုးကို မခ်ိဳးဖ်က္ႏိုင္ခဲ့ပါဘူး။ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြအမ်ားႀကီး ပိုင္ဆိုင္ခဲ့ေပမယ့္ ဖရီးကစ္မွတ္တမ္းဆိုးကိုေတာ့ မရပ္တန႔္ႏိုင္ခဲ့ဘဲ ဒီၿပိဳင္ပြဲဟာ သူ႔အတြက္ ေနာက္ဆုံးအႀကိမ္ယူ႐ိုၿပိဳင္ပြဲျဖစ္ဖို႔ ရာႏႈန္းမ်ားေနတာေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝမွာ ရွားရွားပါးပါးပိုင္ဆိုင္ခဲ့တဲ့ မွတ္တမ္းဆိုးတစ္ခုျဖစ္လာဖို႔ရွိေနပါၿပီ။

စီေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္မွတ္တမ္းဆိုးနဲ႔ပတ္သက္လို႔ ဂ်ဴဗင္တပ္စ္အသင္းတတိယဂိုးသမားျဖစ္သူ ပင္ေဆာ့ဂ္ဂလီယိုက “အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ စီေရာ္နယ္လ္ဒိုဟာ ဖရီးကစ္ေတြဆို သူပဲအၿမဲတမ္းကန္ေလ့ရွိၿပီး အႀကိမ္တိုင္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။ တကယ့္ၿပိဳင္ပြဲေတြမွာ သူ ဘာလို႔ ဖရီးကစ္ကေန ဂိုးမသြင္းႏိုင္လဲဆိုတာေတာ့ ကြၽန္ေတာ္မစဥ္းစားတတ္ေအာင္ပါပဲ။ ကံဆိုးတာေၾကာင့္လို႔ပဲ ေျပာရမွာပါ”ဆိုၿပီး ေျပာၾကားခဲ့ဖူးပါတယ္။ ဘယ္လ္ဂ်ီယံနဲ႔ပြဲအၿပီးမွာ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္း အီရန္႐ိုက္က စီေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္စြမ္းေဆာင္ရည္ေကာင္းေတြက ပုံျပင္တစ္ပုဒ္အျဖစ္သာ သတ္မွတ္ရေတာ့မွာျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။