ယူရိုပြိုင်ပွဲက ရရှိတဲ့ဆုကြေးတွေကို ကျန်းမာရေးဝန်ထမ်းတွေဆီ လှူဒါန်းသွားမယ့် အင်္ဂလန်ကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းကစားသမားတွေဟာ ယူရို-၂၀၂၀ ပြိုင်ပွဲကရရှိမယ့်ဆုကြေးငွေတွေကို ကိုဗစ်ရောဂါဆိုးတိုက်ဖျက်ရေးအတွက် အစွမ်းကုန်ပါဝင်ကူညီပေးခဲ့ကြတဲ့ NHS က ကျန်းမာရေးဝန်ထမ်းတွေကို လှူဒါန်းသွားဖို့စီစဉ်ထားပါတယ်။

ကိုဗစ်ရောဂါဆိုးစတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ်အစောပိုင်းကစလို့ ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့တာဝန်ကျေပွန်အောင် ပင်ပန်းတကြီးနဲ့အစွမ်းကုန်ကြိုးစားခဲ့ကြပြီး

အင်္ဂလန်အသင်းဟာ ကိုဗစ်ရောဂါဆိုးဖြစ်ပွားမှုအမြင့်ဆုံးအချိန်တုန်းက NHS ဝန်ထမ်းတွေကို ငွေကြေးလှူဒါန်းဖို့အတွက် ကတိပေးခဲ့ဖူးတာကြောင့် အခုအချိန်မှာ သူတို့ကတိတည်အောင် ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့ကျရင် အီတလီအသင်းနဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဗိုလ်စွဲခဲ့ရင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ

ဆုကြေးအဖြစ်ပေါင်(၂၄)သန်းနီးပါးရရှိမှာဖြစ်ပြီးတော့ အဲဒီထဲက ပေါင်(၉.၅)သန်းကို ကစားသမား(၂၆)ဦးအတွက် ဆုကြေးအဖြစ်အညီအမျှခွဲဝေပေးသွားမှာပါ။

အင်္ဂလန်ကစားသမားတွေရဲ့ဝင်ငွေခွန်တွေကို ထုတ်နုတ်ရဦးမှာဖြစ်လို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ငွေကြေးလှူဒါန်းမှုကို ယူရိုပြိုင်ပွဲအပြီးမှာ အသေးစိတ်တွက်ချက်ပြီးထုတ်ပြန်သွားဖို့ရှိနေပြီး

ကစားသမားတွေကတော့ ဘယ်လိုမျိုးအခြေအနေပဲဖြစ်ဖြစ် NHS ဝန်ထမ်းတွေကို မဖြစ်မနေ လှူဒါန်းသွားဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ FA နဲ့ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ပြီးတော့ ၂၀၁၈၊ စက်တင်ဘာလကစတင်ပြီး သူတို့ကစားတဲ့ပွဲတွေက ကွင်းဝင်ကြေးတွေကို NHS ဆီ လှူဒါန်းဖို့ သဘောတူညီထားတာပါ။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်မှာ ဒိန်းမတ်အသင်းကို (၂-၁)ဂိုးအနိုင်ယူခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်လုပွဲအဆင့်တက်ရောက်ခဲ့သလို ၁၉၆၆ ခုနှစ်နောက်ပိုင်း (၅၅)နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပြန်လည်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုၿပိဳင္ပြဲက ရရွိတဲ့ဆုေၾကးေတြကို က်န္းမာေရးဝန္ထမ္းေတြဆီ လႉဒါန္းသြားမယ့္ အဂၤလန္ကစားသမားမ်ား

အဂၤလန္အသင္းကစားသမားေတြဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲကရရွိမယ့္ဆုေၾကးေငြေတြကို ကိုဗစ္ေရာဂါဆိုးတိုက္ဖ်က္ေရးအတြက္ အစြမ္းကုန္ပါဝင္ကူညီေပးခဲ့ၾကတဲ့ NHS က က်န္းမာေရးဝန္ထမ္းေတြကို လႉဒါန္းသြားဖို႔စီစဥ္ထားပါတယ္။ ကိုဗစ္ေရာဂါဆိုးစတင္ျဖစ္ပြားခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္အေစာပိုင္းကစလို႔ က်န္းမာေရးဝန္ထမ္းေတြဟာ သူတို႔တာဝန္ေက်ပြန္ေအာင္ ပင္ပန္းတႀကီးနဲ႔အစြမ္းကုန္ႀကိဳးစားခဲ့ၾကၿပီး အဂၤလန္အသင္းဟာ ကိုဗစ္ေရာဂါဆိုးျဖစ္ပြားမႈအျမင့္ဆုံးအခ်ိန္တုန္းက NHS ဝန္ထမ္းေတြကို ေငြေၾကးလႉဒါန္းဖို႔အတြက္ ကတိေပးခဲ့ဖူးတာေၾကာင့္ အခုအခ်ိန္မွာ သူတို႔ကတိတည္ေအာင္ ေဆာင္႐ြက္သြားမွာလည္းျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ လာမယ့္တနဂၤေႏြေန႔က်ရင္ အီတလီအသင္းနဲ႔ ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲအျဖစ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဗိုလ္စြဲခဲ့ရင္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)ဟာ ဆုေၾကးအျဖစ္ေပါင္(၂၄)သန္းနီးပါးရရွိမွာျဖစ္ၿပီးေတာ့ အဲဒီထဲက ေပါင္(၉.၅)သန္းကို ကစားသမား(၂၆)ဦးအတြက္ ဆုေၾကးအျဖစ္အညီအမွ်ခြဲေဝေပးသြားမွာပါ။

အဂၤလန္ကစားသမားေတြရဲ႕ဝင္ေငြခြန္ေတြကို ထုတ္ႏုတ္ရဦးမွာျဖစ္လို႔ က်န္းမာေရးဝန္ထမ္းေတြအတြက္ ေငြေၾကးလႉဒါန္းမႈကို ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ အေသးစိတ္တြက္ခ်က္ၿပီးထုတ္ျပန္သြားဖို႔ရွိေနၿပီး ကစားသမားေတြကေတာ့ ဘယ္လိုမ်ိဳးအေျခအေနပဲျဖစ္ျဖစ္ NHS ဝန္ထမ္းေတြကို မျဖစ္မေန လႉဒါန္းသြားဖို႔ စိတ္ပိုင္းျဖတ္ထားတာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ FA နဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြလုပ္ၿပီးေတာ့ ၂၀၁၈၊ စက္တင္ဘာလကစတင္ၿပီး သူတို႔ကစားတဲ့ပြဲေတြက ကြင္းဝင္ေၾကးေတြကို NHS ဆီ လႉဒါန္းဖို႔ သေဘာတူညီထားတာပါ။ အဂၤလန္အသင္းဟာ ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္မွာ ဒိန္းမတ္အသင္းကို (၂-၁)ဂိုးအႏိုင္ယူခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဗိုလ္လုပြဲအဆင့္တက္ေရာက္ခဲ့သလို ၁၉၆၆ ခုႏွစ္ေနာက္ပိုင္း (၅၅)ႏွစ္အတြင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ဗိုလ္လုပြဲအဆင့္ကို ျပန္လည္တက္ေရာက္ခဲ့တာျဖစ္ပါတယ္။