ယူရိုပြိုင်ပွဲကျရှုံးမှုနဲ့ နိုင်ငံအသင်းကစားသမားဘဝကို စီရော်နယ်လ်ဒို လက်ပြနှုတ်ဆက်ရတော့မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုလက်ရှိချန်ပီယံ ပေါ်တူဂီအသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဘယ်လ်ဂျီယံကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စပိန်အသင်းလိုပဲ ပြိုင်ပွဲနှစ်ကြိမ်ဆက်ချန်ပီယံဖြစ်ခွင့်ရရေးမျှော်လင့်ချက်က အဆုံးသတ်သွားခဲ့ရပါပြီ။

ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဘယ်လ်ဂျီယံနဲ့ပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့ရင် အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီကို ကျော်ဖြတ်ပြီး

ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပေမယ့် အဲဒီအခွင့်အရေးကို လွဲချော်ခဲ့သလို

နိုင်ငံအသင်းနဲ့အတူ ယူရိုနှစ်ကြိမ်ဆက်ရယူဖို့ အိပ်မက်ကလည်း ပျက်ပြယ်သွားပြီဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ စံချိန်ကောင်းတွေရယူနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲအကြိမ်အများဆုံးကစားသူ (၅ကြိမ်)၊

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား(၁၄ဂိုး)၊ ယူရိုပြိုင်ပွဲ (၅)ကြိမ်ဆက်ဂိုးသွင်းခဲ့သူ၊

ယူရိုပွဲစဉ်တစ်ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ အသက်အကြီးဆုံးကစားသမား၊ နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမား၊

ကမ္ဘာ့ဖလားနဲ့ယူရိုပြိုင်ပွဲနှစ်ခုပေါင်း သွင်းဂိုးအများဆုံးဥရောပကစားသမား (၂၁ဂိုး)စတဲ့စံချိန်တွေ အများကြီးရယူနိုင်ခဲ့ပါတယ်။

ဒီလို စံချိန်ကောင်းတွေရယူနိုင်ခဲ့ပေမယ့် အသင်းအတွက် ယူရိုချန်ပီယံဆု ထပ်ပြီးမယူပေးနိုင်တာက သူ့အတွက် စိတ်ပျက်စရာလို့ပြောရမှာပါ။

ဒါ့အပြင် ယူရို-၂၀၂၀ ပြိုင်ပွဲဟာ စီရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်လာဖို့များနေပါပြီ။

လာမယ့်နှစ်၊ ဖေဖော်ဝါရီလမှာ အသက်(၃၇)နှစ်ပြည့်မယ့် စီရော်နယ်လ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားဦးမယ့်အနေအထားရှိပေမယ့်

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဦးမလားဆိုတာက မသေချာမရေရာပါဘူး။

စီရော်နယ်လ်ဒိုကတော့ အသက်(၄၀)အထိဘောလုံးကစားမယ်လို့ ကြွေးကြော်ထားပြီး သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်မှုအနေအထားအရ ဘောလုံးဆက်ကစားမယ်ဆိုရင်တောင်

ကလပ်နဲ့နိုင်ငံနှစ်သင်းစလုံးအတွက် အင်ပြည့်အားပြည့်ကစားနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

နောက်ပြီး ပေါ်တူဂီအသင်းမှာ လူငယ်မျိုးဆက်သစ်ကစားသမားတွေအတွက် နေရာပေးရမယ့်အချိန်လည်းရောက်လာပါပြီ။

အဲဒါကြောင့် စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲကျရှုံးမှုနဲ့ လက်ရွေးစင်ကစားသမားဘဝကို လက်ပြနှုတ်ဆက်ရတော့မလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ိုၿပိဳင္ပြဲက်ရႈံးမႈနဲ႔ ႏိုင္ငံအသင္းကစားသမားဘဝကို စီေရာ္နယ္လ္ဒို လက္ျပႏႈတ္ဆက္ရေတာ့မလား

ယူ႐ိုလက္ရွိခ်န္ပီယံ ေပၚတူဂီအသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဘယ္လ္ဂ်ီယံကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး စပိန္အသင္းလိုပဲ ၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ခ်န္ပီယံျဖစ္ခြင့္ရေရးေမွ်ာ္လင့္ခ်က္က အဆုံးသတ္သြားခဲ့ရပါၿပီ။

ေပၚတူဂီအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ဘယ္လ္ဂ်ီယံနဲ႔ပြဲမွာသာ ဂိုးသြင္းႏိုင္ခဲ့ရင္ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီကို ေက်ာ္ျဖတ္ၿပီး ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္မွာျဖစ္ေပမယ့္ အဲဒီအခြင့္အေရးကို လြဲေခ်ာ္ခဲ့သလို ႏိုင္ငံအသင္းနဲ႔အတူ ယူ႐ိုႏွစ္ႀကိမ္ဆက္ရယူဖို႔ အိပ္မက္ကလည္း ပ်က္ျပယ္သြားၿပီျဖစ္ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ စံခ်ိန္ေကာင္းေတြရယူႏိုင္ခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲအႀကိမ္အမ်ားဆုံးကစားသူ (၅ႀကိမ္)၊ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမား(၁၄ဂိုး)၊ ယူ႐ိုၿပိဳင္ပြဲ (၅)ႀကိမ္ဆက္ဂိုးသြင္းခဲ့သူ၊ ယူ႐ိုပြဲစဥ္တစ္ပြဲမွာ ႏွစ္ဂိုးသြင္းယူခဲ့တဲ့ အသက္အႀကီးဆုံးကစားသမား၊ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ေပၚတူဂီအသင္းအတြက္ ဂိုးသြင္းႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမား၊ ကမာၻ႔ဖလားနဲ႔ယူ႐ိုၿပိဳင္ပြဲႏွစ္ခုေပါင္း သြင္းဂိုးအမ်ားဆုံးဥေရာပကစားသမား (၂၁ဂိုး)စတဲ့စံခ်ိန္ေတြ အမ်ားႀကီးရယူႏိုင္ခဲ့ပါတယ္။

ဒီလို စံခ်ိန္ေကာင္းေတြရယူႏိုင္ခဲ့ေပမယ့္ အသင္းအတြက္ ယူ႐ိုခ်န္ပီယံဆု ထပ္ၿပီးမယူေပးႏိုင္တာက သူ႔အတြက္ စိတ္ပ်က္စရာလို႔ေျပာရမွာပါ။ ဒါ့အျပင္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဟာ စီေရာ္နယ္လ္ဒိုရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးႏိုင္ငံတကာၿပိဳင္ပြဲျဖစ္လာဖို႔မ်ားေနပါၿပီ။ လာမယ့္ႏွစ္၊ ေဖေဖာ္ဝါရီလမွာ အသက္(၃၇)ႏွစ္ျပည့္မယ့္ စီေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ေပၚတူဂီအသင္းအတြက္ ပါဝင္ကစားဦးမယ့္အေနအထားရွိေပမယ့္ ကာတာႏိုင္ငံမွာ က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားႏိုင္ဦးမလားဆိုတာက မေသခ်ာမေရရာပါဘူး။

စီေရာ္နယ္လ္ဒိုကေတာ့ အသက္(၄၀)အထိေဘာလုံးကစားမယ္လို႔ ေႂကြးေၾကာ္ထားၿပီး သူ႔ရဲ႕လက္ရွိခႏၶာကိုယ္ႀကံ့ခိုင္မႈအေနအထားအရ ေဘာလုံးဆက္ကစားမယ္ဆိုရင္ေတာင္ ကလပ္နဲ႔ႏိုင္ငံႏွစ္သင္းစလုံးအတြက္ အင္ျပည့္အားျပည့္ကစားႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။

ေနာက္ၿပီး ေပၚတူဂီအသင္းမွာ လူငယ္မ်ိဳးဆက္သစ္ကစားသမားေတြအတြက္ ေနရာေပးရမယ့္အခ်ိန္လည္းေရာက္လာပါၿပီ။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲက်ရႈံးမႈနဲ႔ လက္ေ႐ြးစင္ကစားသမားဘဝကို လက္ျပႏႈတ္ဆက္ရေတာ့မလားဆိုတာကေတာ့ . . .