ယူရိုပြိုင်ပွဲကထွက်ခဲ့ရပြီးတဲ့နောက် လက်ရွေးစင်အသင်းကနေ အနားယူဖို့ရှိနေတဲ့ တိုနီကရူးစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျာမနီအသင်းဟာ ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီးတဲ့နောက် အသင်းရဲ့ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်ဟာ နိုင်ငံအသင်းကနေ အနားယူတော့မှာဖြစ်ပြီး မကြာခင် အတည်ပြုထုတ်ပြန်ကြေညာသွားဖို့ရှိနေပါပြီ။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ တိုနီကရူးစ်ဟာ အရင်ကတည်းက လက်ရွေးစင်အသင်းအတွက် အသက်(၃၀)ကျော်တဲ့အထိ

ကစားဖို့မရှိဘူးလို့ဖွင့်ဟပြောဆိုခဲ့ဖူးပြီး အခုအချိန်မှာ ဂျာမန်နာမည်ကျော်သတင်းစာ Bild က တိုနီကရူးစ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ဖော်ပြခဲ့တာကြောင့် သူ့စကားအတိုင်းဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

တိုနီကရူးစ်အနေနဲ့ ယူရို-၂၀၂၀ပြိုင်ပွဲတစ်လျှောက် ဂျာမနီအသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်္ဂလန်ကို ကျော်ဖြတ်နိုင်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

အင်္ဂလန်နဲ့ပွဲအပြီးမှာ တိုနီကရူးစ်က “အင်္ဂလန်အသင်း အဖွင့်ဂိုးမရခင်အချိန်အထိ နှစ်သင်းစလုံးဟာ ခြေရည်တူကစားနိုင်ခဲ့တာပါ။

ခက်ခဲတဲ့အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးမှ အခုအချိန်မှာ အိမ်ပြန်ခဲ့ရတာက စိတ်ထိခိုက်နာကျင်စရာကောင်းပါတယ်”လို့ပြောကြားခဲ့ပါတယ်။

တိုနီကရူးစ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက်မှာ ခြေစွမ်းပြမကစားနိုင်ခဲ့ဘဲ ဂိုးပေါက်တည့်မှုတစ်ကြိမ်တောင် မရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း ဂျာမနီအသင်းအတွက် စုစုပေါင်း(၁၀၆)ပွဲအထိကစားခဲ့တာကြောင့် ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံအသင်းသားဟောင်း

ယာဂင်ခိုလာရဲ့ပွဲအရေအတွက်ထက် တစ်ပွဲပိုများခဲ့ပြီး အခုဆိုရင် ဂျာမနီအသင်းအတွက်ပွဲအများဆုံးကစားသူစာရင်းမှာ မူလာနဲ့အတူ အဆင့်(၇)အဖြစ်ပူးတွဲရပ်တည်နေပါပြီ။

၂၀၁၀ ခုနှစ်ကတည်းက ဂျာမနီအသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရသူ တိုနီကရူးစ်ဟာ (၁၁)နှစ်တာကာလအတွင်း (၁၇)ဂိုးသွင်းယူခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တုန်းက ပါဝင်ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုၿပိဳင္ပြဲကထြက္ခဲ့ရၿပီးတဲ့ေနာက္ လက္ေ႐ြးစင္အသင္းကေန အနားယူဖို႔ရွိေနတဲ့ တိုနီက႐ူးစ္

ဂ်ာမနီအသင္းဟာ ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အဂၤလန္အသင္းကို (၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရၿပီးတဲ့ေနာက္ အသင္းရဲ႕ဝါရင့္ကြင္းလယ္လူ တိုနီက႐ူးစ္ဟာ ႏိုင္ငံအသင္းကေန အနားယူေတာ့မွာျဖစ္ၿပီး မၾကာခင္ အတည္ျပဳထုတ္ျပန္ေၾကညာသြားဖို႔ရွိေနပါၿပီ။ အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ တိုနီက႐ူးစ္ဟာ အရင္ကတည္းက လက္ေ႐ြးစင္အသင္းအတြက္ အသက္(၃၀)ေက်ာ္တဲ့အထိ ကစားဖို႔မရွိဘူးလို႔ဖြင့္ဟေျပာဆိုခဲ့ဖူးၿပီး အခုအခ်ိန္မွာ ဂ်ာမန္နာမည္ေက်ာ္သတင္းစာ Bild က တိုနီက႐ူးစ္ဟာ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူေတာ့မယ္လို႔ ေဖာ္ျပခဲ့တာေၾကာင့္ သူ႔စကားအတိုင္းဆုံးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

တိုနီက႐ူးစ္အေနနဲ႔ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂ်ာမနီအသင္းအတြက္ ပြဲတိုင္းပါဝင္ကစားခဲ့ေပမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အဂၤလန္ကို ေက်ာ္ျဖတ္ႏိုင္ေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

အဂၤလန္နဲ႔ပြဲအၿပီးမွာ တိုနီက႐ူးစ္က “အဂၤလန္အသင္း အဖြင့္ဂိုးမရခင္အခ်ိန္အထိ ႏွစ္သင္းစလုံးဟာ ေျခရည္တူကစားႏိုင္ခဲ့တာပါ။ ခက္ခဲတဲ့အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ခဲ့ၿပီးမွ အခုအခ်ိန္မွာ အိမ္ျပန္ခဲ့ရတာက စိတ္ထိခိုက္နာက်င္စရာေကာင္းပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ တိုနီက႐ူးစ္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ေျခစြမ္းျပမကစားႏိုင္ခဲ့ဘဲ ဂိုးေပါက္တည့္မႈတစ္ႀကိမ္ေတာင္ မရွိခဲ့ပါဘူး။

ဒါေပမဲ့လည္း ဂ်ာမနီအသင္းအတြက္ စုစုေပါင္း(၁၀၆)ပြဲအထိကစားခဲ့တာေၾကာင့္ ၁၉၉၀ ကမာၻ႔ဖလားခ်န္ပီယံအသင္းသားေဟာင္း ယာဂင္ခိုလာရဲ႕ပြဲအေရအတြက္ထက္ တစ္ပြဲပိုမ်ားခဲ့ၿပီး အခုဆိုရင္ ဂ်ာမနီအသင္းအတြက္ပြဲအမ်ားဆုံးကစားသူစာရင္းမွာ မူလာနဲ႔အတူ အဆင့္(၇)အျဖစ္ပူးတြဲရပ္တည္ေနပါၿပီ။ ၂၀၁၀ ခုႏွစ္ကတည္းက ဂ်ာမနီအသင္းအတြက္ စတင္ေ႐ြးခ်ယ္ခံခဲ့ရသူ တိုနီက႐ူးစ္ဟာ (၁၁)ႏွစ္တာကာလအတြင္း (၁၇)ဂိုးသြင္းယူခဲ့ၿပီး ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တုန္းက ပါဝင္ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။