ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ အေစီမီလန်နဲ့ ပွဲကျပ်ကစားရမယ့် ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်အတွက် ပွဲစဉ်တွေကို မဲခွဲခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းနဲ့ ထိပ်တိုက်ဆုံတွေ့နေတာကြောင့် ကွာတားဖိုင်နယ်တက်ဖို့ ရုန်းကန်ရဖို့ရှိနေပါပြီ။ ယူနိုက်တက်နဲ့ အေစီမီလန်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏဆုံတွေ့ခဲ့ဖူးပေမယ့် ယူရိုပါလိဂ်မှာတော့ အခုမှ ပထမဆုံးအကြိမ်ဆုံတွေ့တာဖြစ်ပါတယ်။

ဒီနှစ်သင်းနောက်ဆုံး ထိပ်တိုက်တွေ့ခဲ့တာက ၂၀၀၉-၁၀ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာဖြစ်ပြီး ယူနိုက်တက်အသင်းက အဝေးကွင်းမှာ (၃-၂)ဂိုး၊ အိမ်ကွင်းမှာ (၄)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ထူးခြားတာတစ်ခုက ယူနိုက်တက်နဲ့ အေစီမီလန်တို့ ဆုံတွေ့ခဲ့ဖူးတဲ့ (၁၀)ကြိမ်မှာ ယူနိုက်တက်က (၅)ပွဲနိုင်၊ အေစီမီလန်က (၅)ပွဲနိုင်ခဲ့ပြီး တစ်ကြိမ်မှ သရေပွဲမရှိခဲ့တာပါပဲ။

ယူနိုက်တက်အသင်းဟာ ပထမအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်လို့ အေစီမီလန်အသင်းက ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်အတွက် အိုးလ်ထရက်ဖို့ဒ်အပြန်လမ်းလို့ ပြောရမှာပါ။ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အာဆင်နယ်က အိုလံပီယာကော့စ်နဲ့ အဝေးကွင်း၊ စပါးအသင်းက ဒိုင်နမိုဇာဂရက်နဲ့အဝေးကွင်းပွဲတွေ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့်တုန်းက အိုလံပီယာကော့စ်နဲ့ ဆုံတွေ့ခဲ့ပြီး အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် အဲဒီလိုအဖြစ်မျိုးပြန်မဖြစ်အောင် ကြိုးစားရမှာပါ။ နောက်ထပ် လန်ဒန်ကလပ်ဖြစ်တဲ့ စပါးအသင်းဟာ ဒိုင်နမိုဇာဂရက်နဲ့ ၂၀၀၈-၀၉ ရာသီ ယူရိုပါလိဂ်အုပ်စုတုန်းက ဆုံတွေ့ခဲ့ဖူးပြီး စပါးအသင်းက (၄)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်(၃)သင်းထဲမှာ စပါးတစ်သင်းသာ ပွဲချောင်နေတယ်လို့ပြောရမှာဖြစ်ပြီး ကျန်တဲ့(၂)သင်းကတော့ အကြိတ်အနယ်ကစားရဖို့ရှိနေပါပြီ။

စီးရီးအေထိပ်သီးတစ်သင်းဖြစ်တဲ့ နာပိုလီကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ ဂရန်နာဒါအသင်းက နော်ဝေကလပ် မိုလ်ဒီနဲ့ ဆုံတွေ့ရမှာဖြစ်သလို သူတို့လိုပဲ ဒီအဆင့်ကို ပထမဆုံးရောက်ရှိခဲ့တဲ့ ဆလားဗီးယားပရက်ပ်အသင်းဟာ စကော့တလန်ထိပ်သီး ရိန်းဂျားစ်အသင်းကို အိမ်ကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တခြားပွဲစဉ်တွေမှာတော့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဒိုင်နမိုကိဗ်နဲ့ ဗီလာရီးယဲလ်၊ ရိုးမားနဲ့ ရှက်တာဒိုးနက်၊ အေဂျက်စ်နဲ့ ယန်းဘွိုင်းစ်အသင်းတို့ ဆုံတွေ့နေကြတာဖြစ်ပါတယ်။ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲတွေကို လာမယ့်မတ်လ(၁၁)ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ (၁၈)ရက်မှာ ကစားသွားမှာဖြစ်လို့ ဘယ်အသင်းတွေ ရလဒ်ကောင်းရယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ

Ajax vs Young Boys
Dynamo Kiev vs Villarreal
Roma vs Shakhtar Donetsk
Olympiacos vs Arsenal

Dinamo Zagreb vs Tottenham Hotspur
Manchester United vs AC Milan
Slavia Prague vs Rangers
Granada vs Molde

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ ေအစီမီလန္နဲ႔ ပြဲက်ပ္ကစားရမယ့္ ယူႏိုက္တက္

၂၀၂၀-၂၁ ရာသီ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္အတြက္ ပြဲစဥ္ေတြကို မဲခြဲခဲ့ၿပီးတဲ့ေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စီးရီးေအထိပ္သီးကလပ္ ေအစီမီလန္အသင္းနဲ႔ ထိပ္တိုက္ဆုံေတြ႕ေနတာေၾကာင့္ ကြာတားဖိုင္နယ္တက္ဖို႔ ႐ုန္းကန္ရဖို႔ရွိေနပါၿပီ။ ယူႏိုက္တက္နဲ႔ ေအစီမီလန္တို႔ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မၾကာခဏဆုံေတြ႕ခဲ့ဖူးေပမယ့္ ယူ႐ိုပါလိဂ္မွာေတာ့ အခုမွ ပထမဆုံးအႀကိမ္ဆုံေတြ႕တာျဖစ္ပါတယ္။ ဒီႏွစ္သင္းေနာက္ဆုံး ထိပ္တိုက္ေတြ႕ခဲ့တာက ၂၀၀၉-၁၀ ရာသီ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာျဖစ္ၿပီး ယူႏိုက္တက္အသင္းက အေဝးကြင္းမွာ (၃-၂)ဂိုး၊ အိမ္ကြင္းမွာ (၄)ဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့ပါတယ္။ ထူးျခားတာတစ္ခုက ယူႏိုက္တက္နဲ႔ ေအစီမီလန္တို႔ ဆုံေတြ႕ခဲ့ဖူးတဲ့ (၁၀)ႀကိမ္မွာ ယူႏိုက္တက္က (၅)ပြဲႏိုင္၊ ေအစီမီလန္က (၅)ပြဲႏိုင္ခဲ့ၿပီး တစ္ႀကိမ္မွ သေရပြဲမရွိခဲ့တာပါပဲ။ ယူႏိုက္တက္အသင္းဟာ ပထမအေက်ာ့ကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္လို႔ ေအစီမီလန္အသင္းက ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း အီဘရာဟီမိုဗစ္အတြက္ အိုးလ္ထရက္ဖို႔ဒ္အျပန္လမ္းလို႔ ေျပာရမွာပါ။

ပရီးမီးယားလိဂ္အသင္းေတြထဲမွာ အာဆင္နယ္က အိုလံပီယာေကာ့စ္နဲ႔ အေဝးကြင္း၊ စပါးအသင္းက ဒိုင္နမိုဇာဂရက္နဲ႔အေဝးကြင္းပြဲေတြ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီ၊ ယူ႐ိုပါလိဂ္ရႈံးထြက္(၃၂)သင္းအဆင့္တုန္းက အိုလံပီယာေကာ့စ္နဲ႔ ဆုံေတြ႕ခဲ့ၿပီး အေဝးကြင္းမွာ (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ အိမ္ကြင္းမွာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့လို႔ ၿပိဳင္ပြဲက ထြက္ခဲ့ရတာေၾကာင့္ အဲဒီလိုအျဖစ္မ်ိဳးျပန္မျဖစ္ေအာင္ ႀကိဳးစားရမွာပါ။ ေနာက္ထပ္ လန္ဒန္ကလပ္ျဖစ္တဲ့ စပါးအသင္းဟာ ဒိုင္နမိုဇာဂရက္နဲ႔ ၂၀၀၈-၀၉ ရာသီ ယူ႐ိုပါလိဂ္အုပ္စုတုန္းက ဆုံေတြ႕ခဲ့ဖူးၿပီး စပါးအသင္းက (၄)ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ ပရီးမီးယားလိဂ္ကလပ္(၃)သင္းထဲမွာ စပါးတစ္သင္းသာ ပြဲေခ်ာင္ေနတယ္လို႔ေျပာရမွာျဖစ္ၿပီး က်န္တဲ့(၂)သင္းကေတာ့ အႀကိတ္အနယ္ကစားရဖို႔ရွိေနပါၿပီ။

စီးရီးေအထိပ္သီးတစ္သင္းျဖစ္တဲ့ နာပိုလီကို ေက်ာ္ျဖတ္ၿပီး ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့တဲ့ ဂရန္နာဒါအသင္းက ေနာ္ေဝကလပ္ မိုလ္ဒီနဲ႔ ဆုံေတြ႕ရမွာျဖစ္သလို သူတို႔လိုပဲ ဒီအဆင့္ကို ပထမဆုံးေရာက္ရွိခဲ့တဲ့ ဆလားဗီးယားပရက္ပ္အသင္းဟာ စေကာ့တလန္ထိပ္သီး ရိန္းဂ်ားစ္အသင္းကို အိမ္ကြင္းပြဲအျဖစ္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ တျခားပြဲစဥ္ေတြမွာေတာ့ နာမည္ႀကီးအသင္းေတြျဖစ္တဲ့ ဒိုင္နမိုကိဗ္နဲ႔ ဗီလာရီးယဲလ္၊ ႐ိုးမားနဲ႔ ရွက္တာဒိုးနက္၊ ေအဂ်က္စ္နဲ႔ ယန္းဘြိဳင္းစ္အသင္းတို႔ ဆုံေတြ႕ေနၾကတာျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့ပြဲေတြကို လာမယ့္မတ္လ(၁၁)ရက္မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ (၁၈)ရက္မွာ ကစားသြားမွာျဖစ္လို႔ ဘယ္အသင္းေတြ ရလဒ္ေကာင္းရယူႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ပြဲစဥ္မ်ား

Ajax vs Young Boys
Dynamo Kiev vs Villarreal
Roma vs Shakhtar Donetsk
Olympiacos vs Arsenal

Dinamo Zagreb vs Tottenham Hotspur
Manchester United vs AC Milan
Slavia Prague vs Rangers
Granada vs Molde