ယူရိုပါလိဂ်မှာ ယူနိုက်တက်ပွဲကျပ်နေပြီး အာဆင်နယ်နဲ့စပါး ပွဲချောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယနေ့ညပိုင်းက ယူရိုပါလိဂ် ၁၆သင်းအဆင့်ပွဲတွေကို မဲခွဲဆုံးဖြတ်ခဲ့ရာ ယူနိုက်တက်ဟာ စီးရီးအေအင်အားကြီးကလပ် အေစီမီလန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ထပ်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က အိုလံပီယာကို့စ်၊ ဒိုင်နမိုဇာဂရက်တို့နဲ့ အသီးသီးရင်ဆိုင်ရမှာဖြစ်ပါတယ်။


လီဗာပူးဂန္ထဝင် ဂျရတ်ဦးဆောင်တဲ့ ရိန်းဂျားစ်ကလည်း ချန်ပီယံမျှော်လင့်ချက်အတွက် ချက်ပလက် ပရာဟာအသင်းကို မဖြစ်မနေကျော်ဖြတ်ရမှာဖြစ်ပြီး စီးရီးအေထိပ်သီး ရိုးမားက ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။


၁၆သင်းအဆင့်ပွဲတွေအနက် ပရိသတ်စိတ်အဝင်စားဆုံးက ယူနိုက်တက်နဲ့ အေစီမီလန်တို့ တွေ့ဆုံနေတဲ့ပွဲဖြစ်ပြီး အသက် ၃၉ နှစ်ရှိနေပြီဖြစ်ပေမယ့် အခုချိန်အထိပုံစံကောင်းပြသနေဆဲဖြစ်တဲ့ အေစီမီလန်တိုက်စစ်မှူး မိုဗစ်ဟာ အသင်းဟောင်း ယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။


မိုဗစ်ဟာ ၂၀၁၇ ခုနှစ်က မော်ရင်ညိုရဲ့ဦးဆောင်မှုအောက်မှာ ယူနိုက်တက်အသင်း ယူရိုပါလိဂ်ဖလားချန်ပီယံဖြစ်ခဲ့စဉ်က အဓိကကစားသမားတစ်ဦးအနေနဲ့ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ဗိုလ်လုပွဲကိုတော့ လွဲချော်ခဲ့ရပါတယ်။

ဘင်ဖီကာကို အူဘာမီယန်ရဲ့နောက်ကျဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ ရည်မှန်းနေပြီး ယမန်နှစ်ရာသီက သူတို့ကို ဖြုတ်ချခဲ့တဲ့ ဂရိကလပ် အိုလံပီယာကို့စ်အသင်းကို မဖြစ်မနေကျော်ဖြတ်ရမှာဖြစ်ပါတယ်။
စပါးအသင်းနည်းပြ မော်ရင်ညိုဟာ ဥရောပအောင်မြင်မှုအများအပြားရယူထားသူဖြစ်ပြီး ယခုရာသီမှာ အသင်းကို ကာရာဘောင်ဖလားဗိုလ်လုပွဲတက်ရောက်စေဖို့ ဦးဆောင်ထားပါတယ်။


လာလီဂါကလပ် ဗီလာရီးရဲလ်က ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နဲ့အားစမ်းရမှာဖြစ်ပြီး ၂၀၁၇ ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ အေဂျက်စ်က ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်နဲ့ရင်ဆိုင်ရမှာဖြစ်သလို ဒီအဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်လာတဲ့ ဂရန်နာဒါနဲ့ မိုလ်ဒီတို့က အချင်းချင်းအားပြိုင်ရမှာပါ။


ယူရိုပါလိဂ် ၁၆သင်းအဆင့်ပွဲစဉ်များ
အေဂျက်စ် Vs ယန်းဘွိုင်းစ်
ဒိုင်နမိုကိဗ် Vs ဗီလာရီးရဲလ်

ရိုးမား Vs ရှက်တာဒိုးနက်
အိုလံပီယာကို့စ် Vs အာဆင်နယ်
ဒိုင်နမို၊ဇာဂရက် Vs စပါး
ယူနိုက်တက် Vs အေစီမီလန်
ပရာဟာ Vs ရိန်းဂျားစ်

ဂရန်နာဒါ Vs မိုလ်ဒီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူ႐ိုပါလိဂ္မွာ ယူႏိုက္တက္ပြဲက်ပ္ေနၿပီး အာဆင္နယ္နဲ႔စပါး ပြဲေခ်ာင္
ယေန႔ညပိုင္းက ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ပြဲေတြကို မဲခြဲဆုံးျဖတ္ခဲ့ရာ ယူႏိုက္တက္ဟာ စီးရီးေအအင္အားႀကီးကလပ္ ေအစီမီလန္နဲ႔ရင္ဆိုင္ရမွာျဖစ္ၿပီး ေနာက္ထပ္ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ စပါးတို႔က အိုလံပီယာကို႔စ္၊ ဒိုင္နမိုဇာဂရက္တို႔နဲ႔ အသီးသီးရင္ဆိုင္ရမွာျဖစ္ပါတယ္။
လီဗာပူးဂႏၴဝင္ ဂ်ရတ္ဦးေဆာင္တဲ့ ရိန္းဂ်ားစ္ကလည္း ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ ခ်က္ပလက္ ပရာဟာအသင္းကို မျဖစ္မေနေက်ာ္ျဖတ္ရမွာျဖစ္ၿပီး စီးရီးေအထိပ္သီး ႐ိုးမားက ယူကရိန္းကလပ္ ရွက္တာဒိုးနက္နဲ႔ ပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။

၁၆သင္းအဆင့္ပြဲေတြအနက္ ပရိသတ္စိတ္အဝင္စားဆုံးက ယူႏိုက္တက္နဲ႔ ေအစီမီလန္တို႔ ေတြ႕ဆုံေနတဲ့ပြဲျဖစ္ၿပီး အသက္ ၃၉ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ အခုခ်ိန္အထိပုံစံေကာင္းျပသေနဆဲျဖစ္တဲ့ ေအစီမီလန္တိုက္စစ္မႉး မိုဗစ္ဟာ အသင္းေဟာင္း ယူႏိုက္တက္နဲ႔ ျပန္လည္ရင္ဆိုင္ရမွာျဖစ္ပါတယ္။
မိုဗစ္ဟာ ၂၀၁၇ ခုႏွစ္က ေမာ္ရင္ညိဳရဲ႕ဦးေဆာင္မႈေအာက္မွာ ယူႏိုက္တက္အသင္း ယူ႐ိုပါလိဂ္ဖလားခ်န္ပီယံျဖစ္ခဲ့စဥ္က အဓိကကစားသမားတစ္ဦးအေနနဲ႔ ပါဝင္ခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ ဗိုလ္လုပြဲကိုေတာ့ လြဲေခ်ာ္ခဲ့ရပါတယ္။
ဘင္ဖီကာကို အူဘာမီယန္ရဲ႕ေနာက္က်ဂိုးနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အာဆင္နယ္ဟာ ဒီႏွစ္မွာ ခ်န္ပီယံျဖစ္ဖို႔ ရည္မွန္းေနၿပီး ယမန္ႏွစ္ရာသီက သူတို႔ကို ျဖဳတ္ခ်ခဲ့တဲ့ ဂရိကလပ္ အိုလံပီယာကို႔စ္အသင္းကို မျဖစ္မေနေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။
စပါးအသင္းနည္းျပ ေမာ္ရင္ညိဳဟာ ဥေရာပေအာင္ျမင္မႈအမ်ားအျပားရယူထားသူျဖစ္ၿပီး ယခုရာသီမွာ အသင္းကို ကာရာေဘာင္ဖလားဗိုလ္လုပြဲတက္ေရာက္ေစဖို႔ ဦးေဆာင္ထားပါတယ္။
လာလီဂါကလပ္ ဗီလာရီးရဲလ္က ယူကရိန္းကလပ္ ဒိုင္နမိုကိဗ္နဲ႔အားစမ္းရမွာျဖစ္ၿပီး ၂၀၁၇ ဗိုလ္လုပြဲမွာ ယူႏိုက္တက္ကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတဲ့ ေအဂ်က္စ္က ဆြစ္ဇာလန္ကလပ္ ယန္းဘြိဳင္းစ္နဲ႔ရင္ဆိုင္ရမွာျဖစ္သလို ဒီအဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္လာတဲ့ ဂရန္နာဒါနဲ႔ မိုလ္ဒီတို႔က အခ်င္းခ်င္းအားၿပိဳင္ရမွာပါ။

ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ပြဲစဥ္မ်ား
ေအဂ်က္စ္ Vs ယန္းဘြိဳင္းစ္
ဒိုင္နမိုကိဗ္ Vs ဗီလာရီးရဲလ္
႐ိုးမား Vs ရွက္တာဒိုးနက္
အိုလံပီယာကို႔စ္ Vs အာဆင္နယ္

ဒိုင္နမို၊ဇာဂရက္ Vs စပါး
ယူႏိုက္တက္ Vs ေအစီမီလန္
ပရာဟာ Vs ရိန္းဂ်ားစ္
ဂရန္နာဒါ Vs မိုလ္ဒီ