ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ ဘရူနိုကို လစာနှစ်ဆနဲ့ စာချုပ်သစ်ချုပ်မယ့် ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုမေလအတွင်းကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းရဲ့အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို

လက်ရှိလစာထက်နှစ်ဆပေးပြီး စာချုပ်သက်တမ်းတိုးသွားဖို့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမစတင်ခင် ဇွန်လအတွင်းဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်နဲ့ဆွေးနွေးသွားဖို့ရှိနေပါပြီ။

ဘရူနိုဖာနန်ဒက်စ်ဟာ အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင်(၁၀၀,၀၀၀)ရရှိနေပြီး ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ပေါင်(၂၀၀,၀၀၀)အထိတိုးမြှင့်ပေးသွားဖို့အသင့်ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်မေလ(၂၆)ရက်ကျရင် ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီးရက်ပိုင်းအကြာမှာပဲ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီအသင်းနဲ့သွားရောက်ပူးပေါင်းမှာဖြစ်တာကြောင့် ယူနိုက်တက်အသင်း စာချုပ်သစ်ကိစ္စအတွက်ဆွေးနွေးဖို့ ကြားထဲမှာ(၅)ရက်သာ အချိန်ရမှာပါ။

၂၀၂၀၊ ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင်(၄၇)သန်းနဲ့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းနဲ့(၅)နှစ်ခွဲစာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်း (၄)နှစ်ကျော်ကျန်ရှိနေပေမယ့် ယူနိုက်တက်အသင်းက ဘရူနိုဖာနန်ဒက်စ်ကို နောက်ထပ်စာချုပ်သစ်ချုပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့တဲ့အချိန်ကတည်းက ခြေစွမ်းပြကစားနေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ (၅၃)ပွဲကစား၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်နဲ့ (၂၆)ဂိုးသွင်းထားသလို ယူနိုက်တက်ကစားသမားဘ၀ တစ်ရာသီကျော်အတွင်းမှာပဲ (၇၅)ပွဲကစား၊ (၃၈)ဂိုးအထိသွင်းထားသူပါ။

ယူနိုက်တက်အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပေမယ့် ကာယကံရှင်ကတော့ အသင်းရဲ့အနာဂတ်စီမံကိန်းတွေအပေါ် မူတည်ပြီးမှ စာချုပ်သစ်ချုပ်ဆိုဖို့ လက်ခံသွားမယ့်အခြေအနေရှိနေပါပြီ။

ဘရူနိုဖာနန်ဒက်စ်ဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်စတင်ရင် ထိပ်တန်းအဆင့်နောက်ခံလူတစ်ဦးကို ယူနိုက်တက်အသင်း ခေါ်ယူဖို့ကြိုးပမ်းစေချင်ပြီး အနာဂတ်မသေချာဖြစ်နေတဲ့ ပေါ့ဘာကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်း သူတို့ရဲ့အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို လက်မလွတ်ရစေဖို့အတွက် သူ့ဆန္ဒအတိုင်း လိုက်လျောပေးသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအၿပီးမွာ ဘ႐ူႏိုကို လစာႏွစ္ဆနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္မယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုေမလအတြင္းကစားမယ့္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအၿပီးမွာ အသင္းရဲ႕အဓိက ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို လက္ရွိလစာထက္ႏွစ္ဆေပးၿပီး စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ ကမ္းလွမ္းသြားမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြဟာ ဘ႐ူႏိုဖာနန္ဒက္စ္ကို စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမစတင္ခင္ ဇြန္လအတြင္းဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေအးဂ်င့္နဲ႔ေဆြးေႏြးသြားဖို႔ရွိေနပါၿပီ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းမွာ တစ္ပတ္ကို ေပါင္(၁၀၀,၀၀၀)ရရွိေနၿပီး ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြက ေပါင္(၂၀၀,၀၀၀)အထိတိုးျမႇင့္ေပးသြားဖို႔အသင့္ရွိေနတာပါ။ ယူႏိုက္တက္အသင္းဟာ လာမယ့္ေမလ(၂၆)ရက္က်ရင္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအျဖစ္ ဗီလာရီးယဲလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီးရက္ပိုင္းအၾကာမွာပဲ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေပၚတူဂီအသင္းနဲ႔သြားေရာက္ပူးေပါင္းမွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္း စာခ်ဳပ္သစ္ကိစၥအတြက္ေဆြးေႏြးဖို႔ ၾကားထဲမွာ(၅)ရက္သာ အခ်ိန္ရမွာပါ။

၂၀၂၀၊ ဇန္နဝါရီလတုန္းက စပို႔တင္းလစၥဘြန္းအသင္းကေန ေပါင္(၄၇)သန္းနဲ႔ ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းနဲ႔(၅)ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး စာခ်ဳပ္သက္တမ္း (၄)ႏွစ္ေက်ာ္က်န္ရွိေနေပမယ့္ ယူႏိုက္တက္အသင္းက ဘ႐ူႏိုဖာနန္ဒက္စ္ကို ေနာက္ထပ္စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းကို စတင္ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက ေျခစြမ္းျပကစားေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီမွာ (၅၃)ပြဲကစား၊ ဂိုးဖန္တီးမႈ(၁၇)ႀကိမ္နဲ႔ (၂၆)ဂိုးသြင္းထားသလို ယူႏိုက္တက္ကစားသမားဘ၀ တစ္ရာသီေက်ာ္အတြင္းမွာပဲ (၇၅)ပြဲကစား၊ (၃၈)ဂိုးအထိသြင္းထားသူပါ။

ယူႏိုက္တက္အသင္းအေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနေပမယ့္ ကာယကံရွင္ကေတာ့ အသင္းရဲ႕အနာဂတ္စီမံကိန္းေတြအေပၚ မူတည္ၿပီးမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လက္ခံသြားမယ့္အေျခအေနရွိေနပါၿပီ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္စတင္ရင္ ထိပ္တန္းအဆင့္ေနာက္ခံလူတစ္ဦးကို ယူႏိုက္တက္အသင္း ေခၚယူဖို႔ႀကိဳးပမ္းေစခ်င္ၿပီး အနာဂတ္မေသခ်ာျဖစ္ေနတဲ့ ေပါ့ဘာကိုလည္း ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ယူႏိုက္တက္အသင္း သူတို႔ရဲ႕အဓိက ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို လက္မလြတ္ရေစဖို႔အတြက္ သူ႔ဆႏၵအတိုင္း လိုက္ေလ်ာေပးသြားဖို႔ရွိေနပါၿပီ။