ယူရိုပါလိဂ်ဖလားကို မက်ဆီ ဘယ်တော့မှ ရမှာ မဟုတ်ဘူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့တုန်းက ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းကို ကိုပါဒယ်ရေးဖလား အကြိုဗိုလ်လုပွဲစဉ်မှာ (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ပထမအကျော့က ဆီဗီလာ အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့ပါတယ်။အဲဒါကြောင့် အချိန်ပိုဆက်ကစားရာမှာ ဘာစီလိုနာ အသင်းက အနိုင်ဂိုးသွင်းခဲ့ပြီး (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။

ဆီဗီလာနဲ့ပွဲက မက်ဆီရဲ့ စွမ်းဆောင်ရည်ကတော့ –  ဘောလုံးထိချက် – ၁၄၄ကြိမ်၊ အမြင့်ဘော အသာရမှု – ၁၉ကြိမ်၊ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှု – ၁၁ကြိမ်၊ ကန်ချက် – ၇ကြိမ်၊ ဖြတ်တင်ဘော – ၇ကြိမ်၊ ပြစ်ဒဏ်ဘောအသာရမှု – ၆ကြိမ်၊ အခွင့်အရေးဖန်တီးမှု – ၃ကြိမ်၊ ဘောလုံးဖြတ်ထုတ်နိုင်မှု – ၂ကြိမ် ဖြစ်ပါတယ်။

ဆီဗီလာ အသင်း ကစားသမား ရာကီတစ် က ဘာစီလိုနာ အသင်းဖော်ဟောင်း မက်ဆီ အနေနဲ့ ဘယ်တော့မှမရနိုင်တဲ့ ဆုဖလား သူရယူထားတယ်လို့ နောက်ပြောင်ပြောဆိုထားပါတယ်။ ရာကီတစ် ဟာ ဘာစီလိုနာ အသင်းမှာ မက်ဆီနဲ့အတူ (၆)ရာသီကြာ လက်‌တွဲခဲ့ပြီး ဆုဖလား နဲ့ အောင်မြင်မှုအများအပြားရယူကာ ပြီးခဲ့တဲ့ နွေရာသီက အသင်းဟောင်းဆီဗီလာ အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရာကီတစ်က မက်ဆီဟာ ယူရိုပါလိဂ်ဖလားကို ဘယ်တော့မှ ရမှာမဟုတ်ဖူးလို့ ပြောဆိုခဲ့တာဖြစ်ပြီး ရာကီတစ် ဟာ ဘာစီလိုနာ အသင်းကို မပြောင်းရွှေ့ခင် (၂၀၁၃-၁၄) ရာသီတုန်းက ဆီဗီလာ အသင်းနဲ့ အတူ ယူရိုပါလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရာကီတစ် က “ကျွန်တော် မက်ဆီ နဲ့ စကားပြောတဲ့ အခါမှာ မင်းက အရာအားလုံးကို အနိုင်ရခဲ့တယ်။ ဂိုးတွေ အများအပြားလည်း သွင်းခဲ့ပါတယ်။ ဒါပေမယ့် မင်း ဘယ်တော့မှ မရနိုင်တဲ့ ဆုဖလားကို ငါရရှိထားတယ်လို့ ပြောလိုက်ပါတယ်” “မင်း ဘယ်တော့မှ ယူရိုပါလိဂ်ကို ရမှာမဟုတ်ဘူးလို့ ကျွန်တော် နောက်ပြောင်ပြောခဲ့တာပါ။ ကစားသမားတိုင်းမှာ ကောင်းမွန်တဲ့ အနေအထား ကိုယ်စီရှိပါတယ်။” လို့ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုပါလိဂ္ဖလားကို မက္ဆီ ဘယ္ေတာ့မွ ရမွာ မဟုတ္ဘူး

ယမန္ေန႔တုန္းက ဘာစီလိုနာအသင္းဟာ ဆီဗီလာအသင္းကို ကိုပါဒယ္ေရးဖလား အႀကိဳဗိုလ္လုပြဲစဥ္မွာ (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့ပါတယ္။ပထမအေက်ာ့က ဆီဗီလာ အသင္းက (၂)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ တစ္ဖက္(၂)ဂိုးစီ သေရက်ခဲ့ပါတယ္။အဲဒါေၾကာင့္ အခ်ိန္ပိုဆက္ကစားရာမွာ ဘာစီလိုနာ အသင္းက အႏိုင္ဂိုးသြင္းခဲ့ၿပီး (၃)ဂိုး-(၂)ဂိုးနဲ႔ အႏိုင္ရကာ ဗိုလ္လုပြဲတက္ခဲ့ပါတယ္။

ဆီဗီလာနဲ႔ပြဲက မက္ဆီရဲ႕ စြမ္းေဆာင္ရည္က​ေတာ့ – ေဘာလုံးထိခ်က္ – ၁၄၄ႀကိမ္၊ အျမင့္ေဘာ အသာရမႈ – ၁၉ႀကိမ္၊ တစ္ဦးခ်င္း ေက်ာ္ျဖတ္ႏိုင္မႈ – ၁၁ႀကိမ္၊ ကန္ခ်က္ – ၇ႀကိမ္၊ ျဖတ္တင္ေဘာ – ၇ႀကိမ္၊  ျပစ္ဒဏ္ေဘာအသာရမႈ – ၆ႀကိမ္၊ အခြင့္အေရးဖန္တီးမႈ – ၃ႀကိမ္၊ ေဘာလုံးျဖတ္ထုတ္ႏိုင္မႈ – ၂ႀကိမ္ ျဖစ္ပါတယ္။

ဆီဗီလာ အသင္း ကစားသမား ရာကီတစ္ က ဘာစီလိုနာ အသင္းေဖာ္ေဟာင္း မက္ဆီ အေနနဲ႔ ဘယ္ေတာ့မွမရႏိုင္တဲ့ ဆုဖလား သူရယူထားတယ္လို႔ ေနာက္ေျပာင္​ေျပာဆိုထားပါတယ္။ရာကီတစ္ ဟာ ဘာစီလိုနာ အသင္းမွာ မက္ဆီ နဲ႔ အတူ (၆)ရာသီၾကာ လက္‌တြဲခဲ့ၿပီး ဆုဖလား နဲ႔ ေအာင္ျမင္မႈအမ်ားအျပားရယူကာ ၿပီးခဲ့တဲ့ ေႏြရာသီက အသင္းေဟာင္းဆီဗီလာ အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။ ရာကီတစ္ က မက္ဆီ ဟာ ယူ႐ိုပါလိဂ္ဖလား ကို ဘယ္ေတာ့မွ ရမွာမဟုတ္ဖူးလို႔ ​ေျပာဆိုခဲ့တာျဖစ္ၿပီး ရာကီတစ္ ဟာ ဘာစီလိုနာ အသင္းကို မေျပာင္းေ႐ႊ႕ခင္ (၂၀၁၃-၁၄) ရာသီတုန္းက ဆီဗီလာ အသင္းနဲ႔ အတူ ယူ႐ိုပါလိဂ္ ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ရာကီတစ္ က “ကြၽန္ေတာ္ မက္ဆီ နဲ႔ စကားေျပာတဲ့ အခါမွာ မင္း က အရာအားလုံးကို အႏိုင္ရခဲ့တယ္။ဂိုးေတြ အမ်ားအျပားလည္း သြင္းခဲ့ပါတယ္။ဒါေပမယ့္ မင္း ဘယ္ေတာ့မွ မရႏိုင္တဲ့ ဆုဖလားကို ငါရရွိထားတယ္လို႔ ေျပာလိုက္ပါတယ္” “မင္း ဘယ္ေတာ့မွ ယူ႐ိုပါလိဂ္ကို ရမွာမဟုတ္ဘူးလို႔ ကြၽန္​ေတာ္ ​ေနာက္​ေျပာင္​ေျပာခဲ့တာပါ။ ကစားသမားတိုင္းမွာ ​ေကာင္းမြန္တဲ့ အ​ေနအထား ကိုယ္စီရွိပါတယ္။” လို႔​ေျပာဆိုပါတယ္။