ယူရိုပါလိဂ်နဲ့ Conference League ပွဲတွေအတွက် အိုဝင်ရဲ့ ခန့်မှန်းချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ်ချန်ပီယံလိဂ်ပွဲတွေထဲက ပရီးမီးယားလိဂ်ကလပ်အသင်းတွေကစားမယ့်ပွဲကို ခန့်မှန်းခဲ့တဲ့ မိုက်ကယ်အိုဝင်ဟာ

ကြာသတေးနေ့ကျရင် ဆက်လက်ယှဉ်ပြိုင်ကစားကြမယ့် ယူရိုပါလိဂ်နဲ့ Conference League အုပ်စုပွဲတွေအတွက် ခန့်မှန်းမှုတွေကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ယူရိုပါလိဂ်နဲ့ ဒီနှစ်မှစတင်ကျင်းပတဲ့ UEFA Conference League ပြိုင်ပွဲတွေက ချန်ပီယံလိဂ်လိုမျိုး ပရိသတ်စိတ်ဝင်စားမှု၊

အကြိတ်အနယ်သိပ်မရှိပေမယ့် နာမည်ကျော်အသင်းတွေပါဝင်ကစားနေပြီး မထင်မှတ်တဲ့ရလဒ်တွေလည်းထွက်ပေါ်လေ့ရှိတာကြောင့် စောင့်ကြည့်ချင်စရာတော့ကောင်းပါတယ်။

အိုဝင်က ယူရိုပါလိဂ်ပွဲစဉ်တွေထဲက ဘရွန်ဘီ-ရိန်းဂျားစ်၊ လက်စတာ-စပါးတပ်မော်စကို၊ ဖရန့်စ်ဗာရော့စ်-ဆဲလ်တစ်ပွဲတွေကို ရွေးချယ်ခဲ့ပြီး Conference League ပွဲတွေထဲက စပါးနဲ့ဗွီတက်ဆီတို့ရဲ့ပွဲကို ရွေးချယ်ခန့်မှန်းထားပါတယ်။

ဒိန်းမတ်နာမည်ကျော်ကလပ် ဘရွန်ဘီနဲ့ လီဗာပူးလ်ဂန္ထဝင်ကစားသမားဂျရတ်ကိုင်တွယ်နေတဲ့ စကော့တလန်ကလပ်ရိန်းဂျားစ်အသင်းတို့ရဲ့ပွဲမှာ ရိ

န်းဂျားအသင်းက ပထမအကျော့အိမ်ကွင်းပွဲတုန်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် အခုပွဲမှာတော့ (၁-၁)ဂိုးစီနဲ့ပြီးသွားမယ်လို့ အိုဝင်က ခန့်မှန်းလိုက်ပါတယ်။

စပါးတပ်မော်စကိုအသင်းနဲ့အဝေးကွင်းပွဲမှာ တိုက်စစ်မှူးဒက်ကာရဲ့ခြေစွမ်းပြသွင်းယူခဲ့တဲ့(၄)ဂိုးနဲ့အတူ အနိုင်ရခဲ့တဲ့လက်စတာအသင်းဟာ အခုအိမ်ကွင်းပွဲမှာလည်း (၂-၀)ဂိုးနဲ့ထပ်ပြီးတော့အနိုင်ယူပြမယ်လို့ အိုဝင်ကဆိုပါတယ်။

လက်စတာအသင်းဟာ ယူရိုပါလိဂ်အုပ်စုတွင်းမှာ (၃)ပွဲကစား၊(၄)မှတ်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရဦးမှာဖြစ်တာကြောင့် အမှတ်ပြည့်ရနိုင်တဲ့ ဒီလိုပွဲမျိုးမှာအမှားခံမယ့်အနေအထားမရှိပါဘူး။

စကော့တလန်လိဂ်ပြိုင်ပွဲမှာ ရိန်းဂျားစ်နဲ့အတူ ထိပ်သီးအသင်းတစ်သင်းအဖြစ်ရပ်တည်နေတဲ့ ဆဲလ်တစ်အသင်းကတော့ ယူရိုပါလိဂ်အုပ်စုတွင်းမှာအခြေအနေမကောင်းဖြစ်နေပြီး (၂)ပွဲရှုံး၊ (၁)ပွဲနိုင်၊ (၃)မှတ်သာရထားပါတယ်။

ဆဲလ်တစ်အသင်းအနိုင်ရခဲ့တာက အခုကစားမယ့် ဟန်ဂေရီကလပ်ဖရန့်စ်ဗာရော့စ်အသင်းနဲ့အိမ်ကွင်းပွဲမှာဖြစ်ပြီး အဝေးကွင်းမှာ ရလဒ်ကောင်းရယူနိုင်မှ အုပ်စုကတက်ဖို့မျှော်လင့်နိုင်မှာဖြစ်ပေမယ့်

အိုဝင်ကတော့ အံ့အားသင့်စရာကောင်းအောင် ဖရန့်စ်ဗာရော့စ်ဘက်ကနေ ရပ်တည်ခဲ့သလို (၁-၀)ဂိုးနဲ့နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Conference League ပွဲအဖြစ် စပါးနဲ့ဗွီတက်ဆီအသင်းတို့ပွဲမှာ အိုဝင်က စပါးအသင်း(၂-၁)ဂိုးနဲ့အနိုင်ရမယ်လို့ဆိုထားပြီး အခုပွဲမှာ စပါးအသင်းနည်းပြသစ်ကွန်တီ အသင်းကို ပထမဆုံးကိုင်တွယ်ဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ိုပါလိဂ္နဲ႔ Conference League ပြဲေတြအတြက္ အိုဝင္ရဲ႕ ခန႔္မွန္းခ်က္

ဒီတစ္ပတ္ခ်န္ပီယံလိဂ္ပြဲေတြထဲက ပရီးမီးယားလိဂ္ကလပ္အသင္းေတြကစားမယ့္ပြဲကို ခန႔္မွန္းခဲ့တဲ့ မိုက္ကယ္အိုဝင္ဟာ ၾကာသေတးေန႔က်ရင္ ဆက္လက္ယွဥ္ၿပိဳင္ကစားၾကမယ့္ ယူ႐ိုပါလိဂ္နဲ႔ Conference League အုပ္စုပြဲေတြအတြက္ ခန႔္မွန္းမႈေတြကို ထုတ္ျပန္လိုက္ၿပီျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္နဲ႔ ဒီႏွစ္မွစတင္က်င္းပတဲ့ UEFA Conference League ၿပိဳင္ပြဲေတြက ခ်န္ပီယံလိဂ္လိုမ်ိဳး ပရိသတ္စိတ္ဝင္စားမႈ၊ အႀကိတ္အနယ္သိပ္မရွိေပမယ့္ နာမည္ေက်ာ္အသင္းေတြပါဝင္ကစားေနၿပီး မထင္မွတ္တဲ့ရလဒ္ေတြလည္းထြက္ေပၚေလ့ရွိတာေၾကာင့္ ေစာင့္ၾကည့္ခ်င္စရာေတာ့ေကာင္းပါတယ္။

အိုဝင္က ယူ႐ိုပါလိဂ္ပြဲစဥ္ေတြထဲက ဘ႐ြန္ဘီ-ရိန္းဂ်ားစ္၊ လက္စတာ-စပါးတပ္ေမာ္စကို၊ ဖရန႔္စ္ဗာေရာ့စ္-ဆဲလ္တစ္ပြဲေတြကို ေ႐ြးခ်ယ္ခဲ့ၿပီး Conference League ပြဲေတြထဲက စပါးနဲ႔ဗြီတက္ဆီတို႔ရဲ႕ပြဲကို ေ႐ြးခ်ယ္ခန႔္မွန္းထားပါတယ္။ ဒိန္းမတ္နာမည္ေက်ာ္ကလပ္ ဘ႐ြန္ဘီနဲ႔ လီဗာပူးလ္ဂႏၴဝင္ကစားသမားဂ်ရတ္ကိုင္တြယ္ေနတဲ့ စေကာ့တလန္ကလပ္ရိန္းဂ်ားစ္အသင္းတို႔ရဲ႕ပြဲမွာ ရိန္းဂ်ားအသင္းက ပထမအေက်ာ့အိမ္ကြင္းပြဲတုန္းက (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ အခုပြဲမွာေတာ့ (၁-၁)ဂိုးစီနဲ႔ၿပီးသြားမယ္လို႔ အိုဝင္က ခန႔္မွန္းလိုက္ပါတယ္။

စပါးတပ္ေမာ္စကိုအသင္းနဲ႔အေဝးကြင္းပြဲမွာ တိုက္စစ္မႉးဒက္ကာရဲ႕ေျခစြမ္းျပသြင္းယူခဲ့တဲ့(၄)ဂိုးနဲ႔အတူ အႏိုင္ရခဲ့တဲ့လက္စတာအသင္းဟာ အခုအိမ္ကြင္းပြဲမွာလည္း (၂-၀)ဂိုးနဲ႔ထပ္ၿပီးေတာ့အႏိုင္ယူျပမယ္လို႔ အိုဝင္ကဆိုပါတယ္။

လက္စတာအသင္းဟာ ယူ႐ိုပါလိဂ္အုပ္စုတြင္းမွာ (၃)ပြဲကစား၊(၄)မွတ္ရရွိခဲ့ၿပီး ေနာက္တစ္ဆင့္တက္ဖို႔ ႐ုန္းကန္ရဦးမွာျဖစ္တာေၾကာင့္ အမွတ္ျပည့္ရႏိုင္တဲ့ ဒီလိုပြဲမ်ိဳးမွာအမွားခံမယ့္အေနအထားမရွိပါဘူး။ စေကာ့တလန္လိဂ္ၿပိဳင္ပြဲမွာ ရိန္းဂ်ားစ္နဲ႔အတူ ထိပ္သီးအသင္းတစ္သင္းအျဖစ္ရပ္တည္ေနတဲ့ ဆဲလ္တစ္အသင္းကေတာ့ ယူ႐ိုပါလိဂ္အုပ္စုတြင္းမွာအေျခအေနမေကာင္းျဖစ္ေနၿပီး (၂)ပြဲရႈံး၊ (၁)ပြဲႏိုင္၊ (၃)မွတ္သာရထားပါတယ္။

ဆဲလ္တစ္အသင္းအႏိုင္ရခဲ့တာက အခုကစားမယ့္ ဟန္ေဂရီကလပ္ဖရန႔္စ္ဗာေရာ့စ္အသင္းနဲ႔အိမ္ကြင္းပြဲမွာျဖစ္ၿပီး အေဝးကြင္းမွာ ရလဒ္ေကာင္းရယူႏိုင္မွ အုပ္စုကတက္ဖို႔ေမွ်ာ္လင့္ႏိုင္မွာျဖစ္ေပမယ့္ အိုဝင္ကေတာ့ အံ့အားသင့္စရာေကာင္းေအာင္ ဖရန႔္စ္ဗာေရာ့စ္ဘက္ကေန ရပ္တည္ခဲ့သလို (၁-၀)ဂိုးနဲ႔ႏိုင္မယ္လို႔ ခန႔္မွန္းလိုက္ပါတယ္။ Conference League ပြဲအျဖစ္ စပါးနဲ႔ဗြီတက္ဆီအသင္းတို႔ပြဲမွာ အိုဝင္က စပါးအသင္း(၂-၁)ဂိုးနဲ႔အႏိုင္ရမယ္လို႔ဆိုထားၿပီး အခုပြဲမွာ စပါးအသင္းနည္းျပသစ္ကြန္တီ အသင္းကို ပထမဆုံးကိုင္တြယ္ဖို႔ရွိေနပါတယ္။