ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မတိုင်ခင် ပေါ့ဂ်ဘာကို ထိကပါးရိကပါးပြောလာတဲ့ ဆီဗီလာကြယ်ပွင့်

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဆီဗီလာအသင်းကွင်းလယ်လူ ယိုအန်ဂျော်ဒန်က မနက်ဖြန်ညမှာ ကစားရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်ယူနိုက်တက်ကွင်းလယ်လူ မခံချိမခံသာဖြစ်အောင် ထိကပါးရိကပါးလုပ်တဲ့အနေနဲ့ လာလီဂါမှာ သူတို့အသင်း ရင်ဆိုင်ခဲ့တဲ့ ကစားသမားတချို့လောက်တောင် ပေါ့ဂ်ဘာက ပိုမကောင်းဘူးလို့ ပြောလိုက်ပါတယ်။

Photo Credit

ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားရရှိထားတဲ့ ပေါ့ဂ်ဘာဟာ လွန်ခဲ့တဲ့ ၃နှစ်က နည်းပြဟောင်း မော်ရင်ညိုရဲ့လက်အောက်မှာ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် ဒီတစ်ပတ်အတွင်းမှာလည်း ယူနိုက်တက်ကို နောက်ထပ်ယူရိုပါလိဂ်ဖလားရယူပေးနိုင်ဖို့ ဦးဆောင်ကစားနိုင်ရေးအတွက် မျှော်လင့်နေပါတယ်။ ယခုရာသီပရီးမီးယားလိဂ်မှာ တတိယနေရာရရှိခဲ့တဲ့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

ဆီဗီလာဟာ ကွာတားဖိုင်နယ်မှာ ဝုဗ်ကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် မနက်ဖြန်ညမှာလည်း နောက်ထပ်ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ယူနိုက်တက်ကို ထပ်မံကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ စပိန်နိုင်ငံသား ဂျော်ဒန်က ယူနိုက်တက်နဲ့ပွဲမှာ မိမိတို့အသင်း စစ်မှန်တဲ့အနေအထားကို ပြသလိမ့်မယ်လို့ ထောက်ခံသွားခဲ့ပြီး ပြိုင်ဘက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကိုလည်း လှောင်ပြောင်သွားပါတယ်။

Photo Credit

”ပေါ့ဂ်ဘာက ကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပဘောလုံးလောကမှာ အရေးအပါဆုံးကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လာလီဂါမှာ သူ့လိုအရည်အချင်းရှိတဲ့ကစားသမားမျိုး အများကြီးရှိပါတယ်။ သူတို့အကြောင်း ကျွန်တော်တို့ တွေးမနေပါဘူး။ တကယ်လု့ိ ပေါ့ဂ်ဘာက ကျွန်တော်တို့အတွက် ပြဿနာဖြစ်လာနိုင်တယ်လို့ တွေးထားရင် ကိုယ့်ရဲ့အဓိကလုပ်ဆောင်ရမယ့်အချက်က ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ဖို့ပါပဲ။ တစ်ဦးချင်းရော အသင်းလိုက်ပါ အမြင့်ဆုံးစွမ်းဆောင်နိုင်ဖို့ လိုပါတယ်”

Photo Credit

”ဒီပြိုင်ပွဲက ဆီဗီလာအတွက် ဘယ်လိုရည်ရွယ်လဲဆိုတာ ဘောလုံးလောကသားတွေအကုန်လုံးသိပါတယ်။ ဒီပြိုင်ပွဲမှာ ၅ကြိမ်ဗိုလ်စွဲထားပေမယ့် ဖိအားအပိုခံစားနေရတာမျိုးတော့မရှိပါဘူး။ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကြီးမားတဲ့အသင်းဖြစ်ပြီး ကောင်းမွန်တဲ့ရာသီကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တနင်္ဂနွေပွဲက ဖိုင်နယ်တက်ဖို့ နောက်ထပ်ခြေလှမ်းတစ်ရပ်လို့ပဲ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့အသင်း ရေပန်းစားနေလား၊ မစားဘူးလားဆိုတာလည်း စဉ်းစားမနေပါဘူး”လို့ ဂျော်ဒန်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယူ႐ိုပါလိဂ္ဆီမီးဖုိင္နယ္မတုိင္ခင္ ေပါ့ဂ္ဘာကို ထိကပါးရိကပါးေျပာလာတဲ့ ဆီဗီလာၾကယ္ပြင့္

ဆီဗီလာအသင္းကြင္းလယ္လူ ယိုအန္ေဂ်ာ္ဒန္က မနက္ျဖန္ညမွာ ကစားရမယ့္ ယူ႐ိုပါလိဂ္ဆီမီးဖုိင္နယ္ပြဲစဥ္မတုိင္ခင္ ၿပိဳင္ဘက္ယူႏိုက္တက္ကြင္းလယ္လူ မခံခ်ိမခံသာျဖစ္ေအာင္ ထိကပါးရိကပါးလုပ္တဲ့အေနနဲ႔ လာလီဂါမွာ သူတုိ႔အသင္း ရင္ဆုိင္ခဲ့တ့ဲ ကစားသမားတခ်ိဳ႕ေလာက္ေတာင္ ေပါ့ဂ္ဘာက ပိုမေကာင္းဘူးလုိ႔ ေျပာလုိက္ပါတယ္။
ျပင္သစ္အသင္းနဲ႔အတူ ၂၀၁၈ ကမၻာ့ဖလားရရွိထားတဲ့ ေပါ့ဂ္ဘာဟာ လြန္ခဲ့တဲ့ ၃ႏွစ္က နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕လက္ေအာက္မွာ ယူ႐ိုပါလိဂ္ဖလားရယူႏုိင္ခဲ့ၿပီးေနာက္ ဒီတစ္ပတ္အတြင္းမွာလည္း ယူႏုိက္တက္ကို ေနာက္ထပ္ယူ႐ိုပါလိဂ္ဖလားရယူေပးႏုိင္ဖို႔ ဦးေဆာင္ကစားႏိုင္ေရးအတြက္ ေမွ်ာ္လင့္ေနပါတယ္။ ယခုရာသီပရီးမီးယားလိဂ္မွာ တတိယေနရာရရွိခဲ့တဲ့ ယူႏုိက္တက္ဟာ တနဂၤေႏြေန႔မွာ ဆီဗီလာအသင္းနဲ႔ ယူ႐ိုပါလိဂ္ဆီမီးဖုိင္နယ္ပြဲကစားရမွာျဖစ္ပါတယ္။
ဆီဗီလာဟာ ကြာတားဖိုင္နယ္မွာ ၀ုဗ္ကို ျဖဳတ္ခ်ႏိုင္ခဲ့ၿပီးေနာက္ မနက္ျဖန္ညမွာလည္း ေနာက္ထပ္ပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ ယူႏုိက္တက္ကို ထပ္မံေက်ာ္ျဖတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ စပိန္ႏိုင္ငံသား ေဂ်ာ္ဒန္က ယူႏိုက္တက္နဲ႔ပြဲမွာ မိမိတို႔အသင္း စစ္မွန္တဲ့အေနအထားကို ျပသလိမ့္မယ္လုိ႔ ေထာက္ခံသြားခဲ့ၿပီး ၿပိဳင္ဘက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာကိုလည္း ေလွာင္ေျပာင္သြားပါတယ္။
”ေပါ့ဂ္ဘာက ႀကီးက်ယ္တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ဥေရာပေဘာလုံးေလာကမွာ အေရးအပါဆုံးကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမဲ့ လာလီဂါမွာ သူ႕လုိအရည္အခ်င္းရွိတဲ့ကစားသမားမ်ိဳး အမ်ားႀကီးရွိပါတယ္။ သူတုိ႔အေၾကာင္း ကၽြန္ေတာ္တို႔ ေတြးမေနပါဘူး။ တကယ္လု႔ိ ေပါ့ဂ္ဘာက ကၽြန္ေတာ္တုိ႔အတြက္ ျပႆနာျဖစ္လာႏုိင္တယ္လုိ႔ ေတြးထားရင္ ကိုယ့္ရဲ႕အဓိကလုပ္ေဆာင္ရမယ့္အခ်က္က ကိုယ့္ကိုယ္ကိုယ္ အာ႐ုံစုိက္ဖုိ႔ပါပဲ။ တစ္ဦးခ်င္းေရာ အသင္းလုိက္ပါ အျမင့္ဆုံးစြမ္းေဆာင္ႏိုင္ဖုိ႔ လိုပါတယ္”
”ဒီၿပိဳင္ပြဲက ဆီဗီလာအတြက္ ဘယ္လုိရည္ရြယ္လဲဆုိတာ ေဘာလုံးေလာကသားေတြအကုန္လုံးသိပါတယ္။ ဒီၿပိဳင္ပြဲမွာ ၅ႀကိမ္ဗုိလ္စြဲထားေပမယ့္ ဖိအားအပိုခံစားေနရတာမ်ိဳးေတာ့မရွိပါဘူး။ ကၽြန္ေတာ္တုိ႔ဟာ ရည္မွန္းခ်က္ႀကီးမားတဲ့အသင္းျဖစ္ၿပီး ေကာင္းမြန္တဲ့ရာသီကိုလည္း ပိုင္ဆုိင္ထားပါတယ္။ တနဂၤေႏြပြဲက ဖုိင္နယ္တက္ဖို႔ ေနာက္ထပ္ေျခလွမ္းတစ္ရပ္လုိ႔ပဲ သတ္မွတ္ထားပါတယ္။ ကၽြန္ေတာ္တုိ႔အသင္း ေရပန္းစားေနလား၊ မစားဘူးလားဆုိတာလည္း စဥ္းစားမေနပါဘူး”လုိ႔ ေဂ်ာ္ဒန္က ေျပာပါတယ္။