
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရသလို ပြိုင်ပွဲစုံ နောက်ဆုံး ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ အာဆင်နယ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ အနိုင်ရမှဖြစ်မယ့် အနေအထားကြောင့် တစ်သင်းလုံး ကစားပုံကောင်းခဲ့ပြီး ပွဲကိုထိန်းချုပ်ကစားသွားခဲ့ပါတယ်။
တိုက်စစ်မှာ အူဘာမီယန်းပြန်ပါလာတာတွေ့ရပြီး အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုသွက်လာခဲ့ပါတယ်။
နည်းပြ အာတီတာဟာ အူဘာမီယန်းကို အထောင်ထားပြီး မာတင်နယ်လီနဲ့ ဝီလီယံတို့က တောင်ပံတိုက်စစ်၂ဖက်မှာ ပွဲထွက်လာခဲ့ကြတာပါ။
ပွဲအစ ၅မိနစ်မှာ ကတည်းက အာဆင်နယ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး ညာခြမ်းက ဘယ်လာရင်ရဲ့ပေးပို့မှုကို အူဘာမီယန်းပိတ်သွင်းရာမှာ ထိချက်လွဲပြီး ပြန်ထွက်လာတာကို အယ်နီနေးက ဂိုးဧရိယာထိပ်ကနေ half volly ဆွဲပြီးပြေးဝင်ပိတ်ကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဂိုးဟာ အယ်နီနေးအတွက် ပရီးမီးယားလိ၈် ပထမဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။
ဦးဆောင်ဂိုး စောစောစီးစီးရသွားခဲ့တဲ့အာဆင်နယ်ဟာ ပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့သလို နယူးကာဆယ်ရဲ့ ထိုးဖောက်ချက်တွေကိုလည်း ဒေးဗစ်လုဇ် ဥိေးဆာင်တဲ့ အာဆင်နယ်နောက်တန်းက ကောင်းကောင်းဟန့်တားထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန်၅၂မိနစ်မှာ ဒဏ်ရာကပြန်လည်သက်သာခါစ နောက်ခံလူ ဒေးဗစ်လုဇ် ဒဏ်ရာထပ်မံရရှိသွားခဲ့တဲ့အတွက် ချမ်ဘာနဲ့ လူစားလဲခံခဲ့ရပေမယ့် အာဆင်နယ်နောက်တန်း အထိုင်ပုံစံ ပျက်မသွားခဲ့ပါဘူး။
ပွဲချိန်၆၆မိနစ်မှာ အာဆင်နယ်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ဘယ်ခြမ်းက ဇာခါ ဖြတ်တင်ပေးတဲ့ဘောလုံးကို အသင်းခေါင်းဆောင် အးဘာမီယန်းက လေထဲမှာ လှလှပပ ခုန်ကန်ပြီး ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဂိုးဟာ တုပ်ကွေးဝေဒနာကြောင့် အနားယူနေခဲ့ရပြီး ပထမဆုံးပြန်ကစားတဲ့ပွဲမှာ အူဘာမီယန်းအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲချိန်မိနစ်၉၀ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ အာဆင်နယ်တိုက်စစ်မှူးမာတင်နယ်လီကို နယူးကာဆယ်အသင်းက ဖေဘီယန်ရှား ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အာဆင်နယ်ရဲ့ ဒီအနိုင်ပွဲဟာ ဗီလာရီးရဲလ်နဲ့ ကစားရမယ့် ုယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် မိုတီဖြစ်ခဲ့ပြီး ပရိးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်ရပ်တည်မှုအရတော့ သိပ်မထူးသေးဘဲ အဆင့် ၉ နေရာမှာပဲ ရှိပါသေးတယ်။
အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ကနေ ဥရောပပြိုင်ပွဲ ဝင်ခွင့်ရဖို့ မလွယ်တော့ဘဲ ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်ရေးတစ်ပေါက်သာ နောက်နှစ် ချန်ပီယံလိဂ်ကစားရဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္မတိုင္ခင္ နယူကာဆယ္ကို ၂ဂိုးျပတ္အႏိုင္ကစားၿပီး အာဆင္နယ္အသင္း စိတ္ဓါတ္ျမႇင့္တင္
ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရသလို ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၃ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ထားတဲ့ အာဆင္နယ္ဟာ နယူးကာဆယ္နဲ႔ပြဲမွာ အႏိုင္ရမွျဖစ္မယ့္ အေနအထားေၾကာင့္ တစ္သင္းလုံး ကစားပုံေကာင္းခဲ့ၿပီး ပြဲကိုထိန္းခ်ဳပ္ကစားသြားခဲ့ပါတယ္။
တိုက္စစ္မွာ အူဘာမီယန္းျပန္ပါလာတာေတြ႕ရၿပီး အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ပိုသြက္လာခဲ့ပါတယ္။ နည္းျပ အာတီတာဟာ အူဘာမီယန္းကို အေထာင္ထားၿပီး မာတင္နယ္လီနဲ႔ ဝီလီယံတို႔က ေတာင္ပံတိုက္စစ္၂ဖက္မွာ ပြဲထြက္လာခဲ့ၾကတာပါ။
ပြဲအစ ၅မိနစ္မွာ ကတည္းက အာဆင္နယ္တို႔ ဦးေဆာင္ဂိုးရခဲ့ၿပီး ညာျခမ္းက ဘယ္လာရင္ရဲ႕ေပးပို႔မႈကို အူဘာမီယန္းပိတ္သြင္းရာမွာ ထိခ်က္လြဲၿပီး ျပန္ထြက္လာတာကို အယ္နီေနးက ဂိုးဧရိယာထိပ္ကေန half volly ဆြဲၿပီးေျပးဝင္ပိတ္ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ အယ္နီေနးအတြက္ ပရီးမီးယားလိ၈္ ပထမဆုံး သြင္းဂိုးလည္း ျဖစ္ခဲ့တာပါ။ ဦးေဆာင္ဂိုး ေစာေစာစီးစီးရသြားခဲ့တဲ့အာဆင္နယ္ဟာ ပြဲကိုထိန္းခ်ဳပ္ဖို႔ႀကိဳးစားခဲ့သလို နယူးကာဆယ္ရဲ႕ ထိုးေဖာက္ခ်က္ေတြကိုလည္း ေဒးဗစ္လုဇ္ ဥိေးဆာင္တဲ့ အာဆင္နယ္ေနာက္တန္းက ေကာင္းေကာင္းဟန႔္တားထားႏိုင္ခဲ့ပါတယ္။
ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္၅၂မိနစ္မွာ ဒဏ္ရာကျပန္လည္သက္သာခါစ ေနာက္ခံလူ ေဒးဗစ္လုဇ္ ဒဏ္ရာထပ္မံရရွိသြားခဲ့တဲ့အတြက္ ခ်မ္ဘာနဲ႔ လူစားလဲခံခဲ့ရေပမယ့္ အာဆင္နယ္ေနာက္တန္း အထိုင္ပုံစံ ပ်က္မသြားခဲ့ပါဘူး။
ပြဲခ်ိန္၆၆မိနစ္မွာ အာဆင္နယ္အသင္း ဒုတိယဦးေဆာင္ဂိုးရရွိခဲ့ၿပီး ဘယ္ျခမ္းက ဇာခါ ျဖတ္တင္ေပးတဲ့ေဘာလုံးကို အသင္းေခါင္းေဆာင္ အးဘာမီယန္းက ေလထဲမွာ လွလွပပ ခုန္ကန္ၿပီး ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ တုပ္ေကြးေဝဒနာေၾကာင့္ အနားယူေနခဲ့ရၿပီး ပထမဆုံးျပန္ကစားတဲ့ပြဲမွာ အူဘာမီယန္းအေနနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ပြဲခ်ိန္မိနစ္၉၀ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာေတာ့ အာဆင္နယ္တိုက္စစ္မႉးမာတင္နယ္လီကို နယူးကာဆယ္အသင္းက ေဖဘီယန္ရွား ဖ်က္ထုတ္ပုံၾကမ္းခဲ့လို႔ အနီကဒ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။
အာဆင္နယ္ရဲ႕ ဒီအႏိုင္ပြဲဟာ ဗီလာရီးရဲလ္နဲ႔ ကစားရမယ့္ ုယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္အတြက္ မိုတီျဖစ္ခဲ့ၿပီး ပရိးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ရပ္တည္မႈအရေတာ့ သိပ္မထူးေသးဘဲ အဆင့္ ၉ ေနရာမွာပဲ ရွိပါေသးတယ္။
အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္ကေန ဥေရာပၿပိဳင္ပြဲ ဝင္ခြင့္ရဖို႔ မလြယ္ေတာ့ဘဲ ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲႏိုင္ေရးတစ္ေပါက္သာ ေနာက္ႏွစ္ ခ်န္ပီယံလိဂ္ကစားရဖို႔ တစ္ခုတည္းေသာ အခြင့္အေရး ျဖစ္ေနပါတယ္။