ယူရိုပါလိဂ်ကွာတားမှာ အသင်းကြီးတွေကို ရှောင်လွှဲနိုင်ခဲ့တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် မဲခွဲအပြီးမှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ပရီးမီးယားလိဂ်နာမည်ကျော်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ အေဂျက်စ်၊ ဗီလာရီးယဲလ်၊ ရိုးမားစတဲ့အသင်းကြီးတွေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လာလီဂါမှာ သာမန်အဆင့်သာရှိတဲ့ ဂရန်နာဒါနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားတယ်လို့ ပြောရမှာပါ။ ဂရန်နာဒါအသင်းဟာ ဒီရာသီမှ ယူရိုပါလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ဆင်နွှဲခွင့်ရခဲ့တာဖြစ်ပြီး ရှုံးထွက်(၃၂)သင်းအဆင့်တုန်းက နာမည်ကျော် နာပိုလီအသင်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဂရန်နာဒါအသင်းတို့ဟာ ဥရောပပြိုင်ပွဲတွေမှာ တစ်ခါမှဆုံတွေ့ခဲ့ဖူးခြင်းမရှိသေးဘဲ အခုတစ်ကြိမ်မှ ပထမဆုံးရင်ဆိုင်ကြမှာဖြစ်ပါတယ်။

ယူနိုက်တက်လိုပဲ အာဆင်နယ်အသင်းကလည်း ပွဲချောင်ခဲ့ပြီး ချက်နိုင်ငံက နာမည်ကျော်ကလပ် စပါတာပရာဟာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပါတာပရာဟာနဲ့ အာဆင်နယ်အသင်းတို့ဟာ ၂၀၀၇-၀၈ ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီး အာဆင်နယ်အသင်းက အိမ်ကွင်းမှာ (၇-ဝ)ဂိုးပြတ်အနိုင်၊ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အတွဲအဖက်ကတော့ နယ်သာလန်ထိပ်သီး အေဂျက်စ်နဲ့ စီးရီးအေနာမည်ကျော်ကလပ် ရိုးမားအသင်းတို့ ဆုံတွေ့နေတဲ့ပွဲဖြစ်ပါတယ်။ ရိုးမားနဲ့ အေဂျက်စ်အသင်းတို့ဟာ ၂၀၀၂-၀၃ ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့တုန်းက အေဂျက်စ်အသင်းက အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ (၁)ဂိုးစီသရေကျခဲ့ပါတယ်။

ရိုးမားနဲ့ အေဂျက်စ်ပွဲမှာ အနိုင်ရမယ့်အသင်းက ဆီမီးဖိုင်နယ်ကျရင် ယူနိုက်တက်-ဂရန်နာဒါပွဲအနိုင်ရတဲ့သူနဲ့ ဆုံတွေ့ရမှာဖြစ်လို့ အကြိတ်အနယ်ရှိဦးမှာပါပဲ။

ပြီးခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့မှာ စပါးအသင်းကို (၃)ဂိုးပြတ်အနိုင်ယူပြီး ဒီအဆင့်ရောက်လာတဲ့ ခရိုအေးရှားထိပ်သီး ဒိုင်နမိုဇာဂရက်အသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ အစဉ်အလာမသေးတဲ့ ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ရမှာပါ။

ဒီနှစ်သင်းဟာ ၂၀၁၀-၁၁ ရာသီယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့တုန်းက ဒိုင်နမိုဇာဂရက်အသင်းက အိမ်ကွင်းမှာ (၂-ဝ)ဂိုး၊ ဗီလာရီးယဲလ်က သူ့ကွင်းမှာ (၃-ဝ)ဂိုးနဲ့ အပြန်အလှန်အနိုင်ရခဲ့ကြပါတယ်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲတွေကို လာမယ့်ဧပြီလ(၈)ရက်မှာ ပထမအကျော့၊ ဧပြီလ(၁၅)ရက်မှာ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်ခွင့် ရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ

Granada – Man. United
Arsenal – Slavia Praha
Ajax – Roma

Dinamo Zagreb – Villarreal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူ႐ိုပါလိဂ္ကြာတားမွာ အသင္းႀကီးေတြကို ေရွာင္လႊဲႏိုင္ခဲ့တဲ့ ယူႏိုက္တက္နဲ႔ အာဆင္နယ္

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္ေတြအတြက္ မဲခြဲအၿပီးမွာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အတြက္ မဲခြဲပြဲကို ဆက္လက္က်င္းပခဲ့ၿပီး ပရီးမီးယားလိဂ္နာမည္ေက်ာ္အသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းတို႔ဟာ ေအဂ်က္စ္၊ ဗီလာရီးယဲလ္၊ ႐ိုးမားစတဲ့အသင္းႀကီးေတြကို ေရွာင္လႊဲႏိုင္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ယူ႐ိုပါလိဂ္ဖလားရယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ လာလီဂါမွာ သာမန္အဆင့္သာရွိတဲ့ ဂရန္နာဒါနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ဆီမီးဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းသြားတယ္လို႔ ေျပာရမွာပါ။ ဂရန္နာဒါအသင္းဟာ ဒီရာသီမွ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို ပထမဆုံးအႀကိမ္ဆင္ႏႊဲခြင့္ရခဲ့တာျဖစ္ၿပီး ရႈံးထြက္(၃၂)သင္းအဆင့္တုန္းက နာမည္ေက်ာ္ နာပိုလီအသင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ဂရန္နာဒါအသင္းတို႔ဟာ ဥေရာပၿပိဳင္ပြဲေတြမွာ တစ္ခါမွဆုံေတြ႕ခဲ့ဖူးျခင္းမရွိေသးဘဲ အခုတစ္ႀကိမ္မွ ပထမဆုံးရင္ဆိုင္ၾကမွာျဖစ္ပါတယ္။

ယူႏိုက္တက္လိုပဲ အာဆင္နယ္အသင္းကလည္း ပြဲေခ်ာင္ခဲ့ၿပီး ခ်က္ႏိုင္ငံက နာမည္ေက်ာ္ကလပ္ စပါတာပရာဟာနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ စပါတာပရာဟာနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ၂၀၀၇-၀၈ ရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့ဖူးၿပီး အာဆင္နယ္အသင္းက အိမ္ကြင္းမွာ (၇-ဝ)ဂိုးျပတ္အႏိုင္၊ အေဝးကြင္းမွာ ဂိုးမရွိသေရက်ခဲ့ပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့ အတြဲအဖက္ကေတာ့ နယ္သာလန္ထိပ္သီး ေအဂ်က္စ္နဲ႔ စီးရီးေအနာမည္ေက်ာ္ကလပ္ ႐ိုးမားအသင္းတို႔ ဆုံေတြ႕ေနတဲ့ပြဲျဖစ္ပါတယ္။ ႐ိုးမားနဲ႔ ေအဂ်က္စ္အသင္းတို႔ဟာ ၂၀၀၂-၀၃ ရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့တုန္းက ေအဂ်က္စ္အသင္းက အိမ္ကြင္းမွာ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အေဝးကြင္းမွာ (၁)ဂိုးစီသေရက်ခဲ့ပါတယ္။ ႐ိုးမားနဲ႔ ေအဂ်က္စ္ပြဲမွာ အႏိုင္ရမယ့္အသင္းက ဆီမီးဖိုင္နယ္က်ရင္ ယူႏိုက္တက္-ဂရန္နာဒါပြဲအႏိုင္ရတဲ့သူနဲ႔ ဆုံေတြ႕ရမွာျဖစ္လို႔ အႀကိတ္အနယ္ရွိဦးမွာပါပဲ။

ၿပီးခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့မွာ စပါးအသင္းကို (၃)ဂိုးျပတ္အႏိုင္ယူၿပီး ဒီအဆင့္ေရာက္လာတဲ့ ခ႐ိုေအးရွားထိပ္သီး ဒိုင္နမိုဇာဂရက္အသင္းဟာ ဥေရာပၿပိဳင္ပြဲေတြမွာ အစဥ္အလာမေသးတဲ့ ဗီလာရီးယဲလ္နဲ႔ ရင္ဆိုင္ရမွာပါ။ ဒီႏွစ္သင္းဟာ ၂၀၁၀-၁၁ ရာသီယူ႐ိုပါလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့တုန္းက ဒိုင္နမိုဇာဂရက္အသင္းက အိမ္ကြင္းမွာ (၂-ဝ)ဂိုး၊ ဗီလာရီးယဲလ္က သူ႔ကြင္းမွာ (၃-ဝ)ဂိုးနဲ႔ အျပန္အလွန္အႏိုင္ရခဲ့ၾကပါတယ္။ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပြဲေတြကို လာမယ့္ဧၿပီလ(၈)ရက္မွာ ပထမအေက်ာ့၊ ဧၿပီလ(၁၅)ရက္မွာ ဒုတိယအေက်ာ့အျဖစ္ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းတို႔ ဆီမီးဖိုင္နယ္တက္ေရာက္ခြင့္ ရယူႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါၿပီ။

ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္မ်ား

Granada – Man. United
Arsenal – Slavia Praha

Ajax – Roma
Dinamo Zagreb – Villarreal