
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ဟာ ခါးသီးပြိုင်ဖက်တွေအဖြစ် သမိုင်းတစ်လျောက်မှာ မှတ်တမ်းတွေရှိနေခဲ့ကြပါတယ်။ ထိပ်တိုက်ဆုံတွေ့မှုအနေအထားမှလည်း ယူနိုက်တက်က လီဗာပူးအသင်းကို အမြဲအသာရရှိတဲ့အစဉ်အလာလည်းရှိပါတယ်။
လက်ရှိအနေအထားမှာ လီဗာပူးဟာ ဥရောပဝင်ခွင့်တစ်နေရာရဖို့ တော်တော်ရုန်းကန်နေရတဲ့အခြေအနေဖြစ်နေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်နေရာရနေတဲ့ အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ အမှတ် (၄)မှတ် ကွာဟနေပြီး ပရီမီးယားလိဂ်မှာ မထင်မှတ်ဘဲ နှစ်ပွဲ ဆက် သရေပွဲတွေဖြစ်ခဲ့ပါတယ်။ အမှတ်တွေတော်လျောက်ဆုံးရှုံးနေတဲ့ လီဗာပူး အသင်းဟာ ယူနိုက်တက်ကို ရှုံးခဲ့မယ်ဆို ချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ပျက်ပြယ်သွား တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမှတ်မတိမ်းမယိန်းရှိနေတဲ့ စပါးနဲ့အဲဗာတန် အသင်းတို့ကသာ နိုင်ပွဲတွေအသီးသီးရရှိသွားခဲ့မယ်ဆိုရင် ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့်ပါထပ်ပြီးဆုံးရှုံးသွားနိုင်ပါတယ်။
ယူနိုက်တက်အသင်းဘက်မှာလည်း လီဗာပူးကို သရေ၊ ဒါမှမဟုတ်ရှုံးနိမ့်ခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်အရ မန်းစီးတီးအသင်းဟာ ပရီမီးယားလိဂ်ဖလားကို ရာသီကုန်ဖို့ (၄)ပွဲအလိုမှာတင် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။
ဒီလိုအခြေအနေတွေနဲ့ ကြုံတွေနေရတဲ့အသင်းနှစ်သင်းမှာ လက်ရှိအခြေအနေအရ ချန်ပီယံလိဂ်ဝင်ခွင့်ရနေတဲ့ ယူနိုက်တက်နည်းပြဆိုးလ်းရှားကလည်း လိဒ်နဲ့ပွဲအပြီးကတည်းက ပရီးမီးယားလိဂ်ဖလားရယူဖို့ထက် ယူရိုပါလိဂ်ကိုပဲ အာရုံပိုစိုက်နေတယ်လို့ ယူဆရပြီး သူ့ရဲ့ ဆီးမီးပြုတ် အစဉ်အလာကို ရိုက်ချိုးချင်နေပုံရပေမယ့် လီဗာပူးကို အလွယ်တကူအရှုံးပေးလိမ့်မယ်လို့တော့ မထင်ပါဘူး။
မှတ်တမ်းတွေအရလည်း ပရီးမီးယားလိဂ်မှာလီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ၅၇ကြိမ်ဆုံတွေ့ခဲ့ပြီး ၁၄ကြိမ်သရေကျခဲ့ကာ လီဗာပူးအသင်းက အိုးထရက်ဖို့မှာ ၅ကြိမ်သာအနိုင်ရရှိဖူးပါတယ်။ ယူနိုက်တက်က ၂၆ကြိမ်မှာ အိမ်ကွင်းမှာ ၁၈ကြိမ်နိုင်ထားပါတယ်။
လော်ရိုး ကတော့ ယူနိုက်တက် နဲ့လီဗာပူးတို့ရဲ့ ပွဲဟာ (၁-၁)သရေရလဒ်နဲ့သာပြီးဆုံးမယ့် ပွဲစဉ်တစ်ပွဲလို့သုံးသပ်ထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူနိုက်တက် သရေ၊ဒါမှမဟုတ်ရှုံးနိမ့်ခဲ့မယ်ဆိုရင် မန်စီးတီးချက်ချင်း ဖလားရမယ်… လီဗာပူးရှုံးရင် ရှေ့ရာသီမှာ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးဖို့ဖြစ်လာနိုင်တယ်…