ယူနိုက်တက်-လီဗာပူးပွဲစဉ်နဲ့ပတ်သက်ပြီး စကားကြွယ်ထားကြသူများ

 

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒီတစ်ပတ်မှာတော့ ဘောလုံးပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲရှိပါတယ်။ အဲဒီပွဲကတော့ အားလုံးအာရုံစိုက်နေတဲ့ ယူနိုက်တက်နဲ့ လီဗာပူး ပွဲစဉ်ဖြစ်ပါတယ်။ ခါးသီးပြိုင်ဘက်နှစ်သင်းရဲ့ပွဲစဉ်နဲ့ ပတ်သက်ပြီး စကားကြွယ်ထားတဲ့သူတွေရှိပါတယ်။ သူတို့ဘာတွေပြောထားလဲဆိုတာကို တင်ဆက်ပေး လိုက်ပါတယ်။ ယူနိုက်တက် တိုက်စစ်မှုးဟောင်းဆာဟာက တစ်နိုင်ငံတည်းသားဖြစ်သူ မာရှယ်ကို အခုလိုပြောလာပါတယ်။

photo internet

“မာရှယ်နဲ့အတူတူကစားရမယ့်ပွဲက စိတ်ဝင်စားစရာကောင်းပါတယ်။ မာရှယ်က ဂျိမ်းစ် ရက်ရှ်ဖို့ဒ်တို့နဲ့အတူ ဝမ်းတူးရိုက် ကစားဖို့လိုနေပါတယ်။ သူဟာ တူညီတဲ့ပုံစံတွေနဲ့ ဂိုးတွေအများကြီးသွင်းယူ ထားပါတယ်။ အကောင်းဆုံး အဆုံးသတ်သမားဖြစ်တာကိုလည်း ကျွန်တော်တို့သိထားပါတယ်။ ဒါပေမယ့်လုံလောက်တဲ့ခြေစွမ်းတွေ မပြသထားနိုင်သေးပါဘူး။ ဒီပွဲမှာဆိုရင် သူ့ရဲ့အပြောင်းအလဲကိုမြင်တွေ့ရနိုင်ပြီး၊ ပိုကောင်းလာလိမ့်မယ်ထင်ပါတယ် ”ဆိုပြီး ဆာဟာကပြောပါတယ်။

photo internet

လီဗာပူးလ်နဲ့တွေ့ရမယ့်အပေါ် ဆိုးလ်ရှားကတော့ “ကျွန်တော်တို့ အန်ဖီးလ်မှာ လီဗာပူးနဲ့ သွားရောက်ရင်ဆိုင် ဖို့ဆိုရင် အလွန့်အလွန်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်မှ ရမှာပါ ၊ ဒါပေမယ့် ပြီးခဲ့တဲ့ လမှာပဲ မန်စီးတီးကို သူတို့ရဲ့ အိမ်ကွင်းမှာ အနိုင်ယူပြ နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ်မှာ PSG ကို အနိုင်ယူခဲ့သလိုပေါ့ ၊ လီဗာပူး လို ဇယားထိပ်မှာ ရပ်တည်နေတဲ့ အသင်းတစ်သင်းနဲ့ ကစားရတဲ့ အခါ အဲ့ဒီလို တူညီတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်မှ ရမှာပါ ။ ”ဆိုပြီးပြောပါတယ်။

photo internet

ဒါ့အပြင် “အိုးထရက်ဖို့ဒ်မှာ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံးမှာ သရေ ရလဒ်တွေသာ ထွက်ပေါ်ခဲ့ပါတယ် ၊ ဒါပေမယ့် ၂ ကြိမ် စလုံးမှာ ကျွန်တော်တို့ အနိုင်ရဖို့ အတော်လေးကို နီးစပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်ပြီးတော့ ကျွန်တော်တို့ အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်တွေလည်း ရှိနေပါတယ် ၊ ကျွန်တော်တို့ အကောင်းဆုံး ခြေစွမ်းတွေပြသနိုင်မယ်ဆိုရင် သေချာပေါက် အနိုင်ရဖို့ အခွင့်အရေး ရှိနေပါတယ် ” ဆိုပြီး နည်းပြဆိုးလ်ရှားက ထပ်မံပြောပါသေးတယ်။

photo internet

ယူနိုက်တက်နည်းပြဆိုးလ်ရှားကသူ့အသင်းကို လီဗာပူးလိုမဖြစ်စေရေးအတွက် ရေရှည်စီမံကိန်းပုံစံနဲ့ သွားနေတာဖြစ်ကြောင်းဆိုပါတယ်။ လီဗာပူးဟာ ဒီရာသီမှာတော့ နှစ်ပေါင်း ၃၀ကြာ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေရမှုကို အဆုံးသတ်နိုင်ဖို့ အတော်လေးနီးစပ်နေပါတယ်။ ”လီဗာပူးရဲ့အဖြစ်ကြောင့် ကျွန်တော်တို့လည်း သူတို့လိုမဖြစ်ဖို့ အားကုန်ကြိုးစားနေပါတယ်။ လီဗာပူးရဲ့အဖြစ်က ကျွန်တော်တို့အသင်းအတွက်တော့ သင်ခန်းစာတစ်ခုပါပဲ။ နောက်ထပ် ၂၄နှစ်ကြာ အမှတ်ပေးဆုဖလားလက်မဲ့အဖြစ်ကိုအရောက်ခံလို့မရပါဘူး”လို့ ဆိုးလ်ရှားက ပြောပါတယ်။

photo internet

လီဗာပူးတိုက်စစ်မှူး ဆာလက်က ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူနိုင်ဖို့ဟာ သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ “ကစားသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဖိအားတွေအများကြီးမပေးပါဘူး။ ဒါပေမယ့် ပရိသတ်တွေကတော့ အကောင်းဆုံးပုံစံရဖို့အတွက် ဖိအားပေးပါတယ်။ ပွဲတိုင်းဆီကနေ ကျွန်တော် မကစားခင် လေ့လာသင်ယူပါတယ်။ ပြီးတော့ ကျွန်တော့်ခေါင်းထဲမှာလည်း ဂိုးဘယ်လိုသွင်းရမလဲဆိုတာ စဉ်းစားပါတယ်။ ”လို့ ဆာလက်က ပြောပါတယ်။

photo internet

ယူနိုက်တက်အသင်းဟာ ပရီးမီးယာလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ အန်ဖီးမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ အိုးထရက်ဖိုဒ့်မှာတုန်းကတော့ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ထားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ လီဗာပူးလ်က အမှတ်ပေးဇယားကို ၂၇ မှတ်ဖြတ်ထားလို့ တော်တော်လေးကွာဟတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာမထင်မှတ်ထားတဲ့ရလဒ်တွေကို တစ်ခါတလေမှာပေးစွမ်းနိုင်တာကြောင့် ဒီပွဲအတွက် ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ မကြာခင်သိရတော့မှာပါ။ ပရိသတ်တွေရဲ့ခန့်မှန်းထင်မြင်ချက်ကရောဘယ်လိုပါလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္-လီဗာပူးပြဲစဥ္နဲ႔ပတ္သက္ၿပီး စကားၾကြယ္ထားၾကသူမ်ား

ဒီတစ္ပတ္မွာေတာ့ ေဘာလုံးပရိသတ္ေတြအတြက္ပြဲေကာင္းတစ္ပြဲရိွပါတယ္။ အဲဒီပြဲကေတာ့ အားလုံးအာရုံစိုက္ေနတဲ့ ယူႏိုက္တက္နဲ႔ လီဗာပူး ပြဲစဥ္ျဖစ္ပါတယ္။ ခါးသီးၿပိဳင္ဘက္ႏွစ္သင္းရဲ႕ပြဲစဥ္နဲ႔ ပတ္သက္ၿပီး စကားၾကြယ္ထားတဲ့သူေတြရိွပါတယ္။ သူတို႔ဘာေတြေျပာထားလဲဆိုတာကို တင္ဆက္ေပး လိုက္ပါတယ္။ ယူႏိုက္တက္ တိုက္စစ္မႈးေဟာင္းဆာဟာက တစ္ႏိုင္ငံတည္းသားျဖစ္သူ မာရွယ္ကို အခုလိုေျပာလာပါတယ္။ “မာရွယ္နဲ႔အတူတူကစားရမယ့္ပြဲက စိတ္၀င္စားစရာေကာင္းပါတယ္။ မာရွယ္က ဂ်ိမ္းစ္ ရက္ရွ္ဖို႔ဒ္တို႔နဲ႔အတူ ၀မ္းတူး႐ိုက္ ကစားဖို႔လိုေနပါတယ္။ သူဟာ တူညီတဲ့ပုံစံေတြနဲ႔ ဂိုးေတြအမ်ားႀကီးသြင္းယူ ထားပါတယ္။ အေကာင္းဆုံး အဆုံးသတ္သမားျဖစ္တာကိုလည္း ကၽြန္ေတာ္တို႔သိထားပါတယ္။ ဒါေပမယ့္လုံေလာက္တဲ့ေျခစြမ္းေတြ မျပသထားႏိုင္ေသးပါဘူး။ ဒီပြဲမွာဆိုရင္ သူ႔ရဲ႕အေျပာင္းအလဲကိုျမင္ေတြ႔ရႏိုင္ၿပီး၊ ပိုေကာင္းလာလိမ့္မယ္ထင္ပါတယ္ ”ဆိုၿပီး ဆာဟာကေျပာပါတယ္။

လီဗာပူးလ္နဲ႔ေတြ႕ရမယ့္အေပၚ ဆိုးလ္ရွားကေတာ့ “ကၽြန္ေတာ္တို႔ အန္ဖီးလ္မွာ လီဗာပူးနဲ႕ သြားေရာက္ရင္ဆိုင္ ဖို႔ဆိုရင္ အလြန႔္အလြန္ကို ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသနိုင္မွ ရမွာပါ ၊ ဒါေပမယ့္ ၿပီးခဲ့တဲ့ လမွာပဲ မန္စီးတီးကို သူတို႔ရဲ႕ အိမ္ကြင္းမွာ အနိုင္ယူျပ ႏိုင္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ ႏွစ္က ခ်န္ပီယံလိဂ္မွာ PSG ကို အနိုင္ယူခဲ့သလိုေပါ့ ၊ လီဗာပူး လို ဇယားထိပ္မွာ ရပ္တည္ေနတဲ့ အသင္းတစ္သင္းနဲ႕ ကစားရတဲ့ အခါ အဲ့ဒီလို တူညီတဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသနိုင္မွ ရမွာပါ ။ ”ဆိုၿပီးေျပာပါတယ္။

ဒါ့အျပင္ “အိုးထရက္ဖို႔ဒ္မွာ ေတြ႕ဆုံခဲ့တဲ့ ေနာက္ဆုံး ၂ ပြဲစလုံးမွာ သေရ ရလဒ္ေတြသာ ထြက္ေပၚခဲ့ပါတယ္ ၊ ဒါေပမယ့္ ၂ ႀကိမ္ စလုံးမွာ ကၽြန္ေတာ္တို႔ အနိုင္ရဖို႔ အေတာ္ေလးကို နီးစပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြကို ျပန္ၾကည့္ၿပီးေတာ့ ကၽြန္ေတာ္တို႔ အနိုင္ယူႏိုင္ဖို႔ ယုံၾကည္ခ်က္ေတြလည္း ရွိေနပါတယ္ ၊ ကၽြန္ေတာ္တို႔ အေကာင္းဆုံး ေျခစြမ္းေတြျပသႏိုင္မယ္ဆိုရင္ ေသခ်ာေပါက္ အနိုင္ရဖို႔ အခြင့္အေရး ရွိေနပါတယ္ ” ဆိုၿပီး နည္းျပဆုိးလ္ရွားက ထပ္မံေျပာပါေသးတယ္။

ယူႏိုက္တက္နည္းျပဆိုးလ္ရွားကသူ႔အသင္းကို လီဗာပူးလိုမျဖစ္ေစေရးအတြက္ ေရရွည္စီမံကိန္းပုံစံနဲ႔ သြားေနတာျဖစ္ေၾကာင္းဆိုပါတယ္။ လီဗာပူးဟာ ဒီရာသီမွာေတာ့ ႏွစ္ေပါင္း ၃၀ၾကာ ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုနဲ႔ ေဝးကြာေနရမႈကို အဆုံးသတ္ႏိုင္ဖို႔ အေတာ္ေလးနီးစပ္ေနပါတယ္။ ”လီဗာပူးရဲ႕အျဖစ္ေၾကာင့္ ကြၽန္ေတာ္တို႔လည္း သူတို႔လိုမျဖစ္ဖို႔ အားကုန္ႀကိဳးစားေနပါတယ္။ လီဗာပူးရဲ႕အျဖစ္က ကြၽန္ေတာ္တို႔အသင္းအတြက္ေတာ့ သင္ခန္းစာတစ္ခုပါပဲ။ ေနာက္ထပ္ ၂၄ႏွစ္ၾကာ အမွတ္ေပးဆုဖလားလက္မဲ့အျဖစ္ကိုအေရာက္ခံလို႔မရပါဘူး”လို႔ ဆိုးလ္ရွားက ေျပာပါတယ္။

လီဗာပူးတိုက္စစ္မွဴး ဆာလက္က ယူႏုိက္တက္ဘက္ကို ဂိုးသြင္းယူႏိုင္ဖို႔ဟာ သူ႕အတြက္ စိန္ေခၚမႈတစ္ခု ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ “ကစားသမားတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုကိုယ္ ဖိအားေတြအမ်ားၾကီးမေပးပါဘူး။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ အေကာင္းဆံုးပံုစံရဖို႔အတြက္ ဖိအားေပးပါတယ္။ ပြဲတိုင္းဆီကေန ကြ်န္ေတာ္ မကစားခင္ ေလ့လာသင္ယူပါတယ္။ ၿပီးေတာ့ ကြ်န္ေတာ့္ေခါင္းထဲမွာလည္း ဂိုးဘယ္လိုသြင္းရမလဲဆိုတာ စဥ္းစားပါတယ္။ ”လို႔ ဆာလက္က ေျပာပါတယ္။

ယူႏိုက္တက္အသင္းဟာ ပရီးမီးယာလိဂ္ပြဲစဥ္အျဖစ္ လီဗာပူးလ္အသင္းနဲ႔ အန္ဖီးမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ပထမအေက်ာ့ အိုးထရက္ဖိုဒ့္မွာတုန္းကေတာ့ တစ္ဖက္ ၁ ဂိုးစီနဲ႔ သေရရလဒ္ထြက္ေပၚထားခဲ့ပါတယ္။လက္ရွိအေျခအေနမွာေတာ့ လီဗာပူးလ္က အမွတ္ေပးဇယားကို ၂၇ မွတ္ျဖတ္ထားလို႔ ေတာ္ေတာ္ေလးကြာဟတဲ့အေနအထားပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဘာလုံးဆိုတာမထင္မွတ္ထားတဲ့ရလဒ္ေတြကို တစ္ခါတေလမွာေပးစြမ္းႏိုင္တာေၾကာင့္ ဒီပြဲအတြက္ ဘယ္လုိရလဒ္ထြက္လာမလဲဆိုတာ မၾကာခင္သိရေတာ့မွာပါ။ ပရိသတ္ေတြရဲ႕ခန္႔မွန္းထင္ျမင္ခ်က္ကေရာဘယ္လုိပါလဲ။