ယူနိုက်တက် မပေးချင်တဲ့ စပို့တင်းရဲ့သတ်မှတ်ဈေးကို တစ်ချက်မှမငြင်းဘဲ ဖာနန်ဒက်စ်ကို ကမ်းလှမ်းဖို့ စီးတီးအသင့်ရှိ

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ စီးတီးဟာ လာမယ့်နွေရာသီအတွင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရေးအတွက် စပို့တင်းလစ္စဘွန်းအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ယခုလအတွင်း စီးတီးရဲ့မြို့ခံပြိုင်ဘက် ယူနိုက်တက်ထံ ရောက်ရှိဖို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။

Photo Credit

ဒါပေမဲ့ စပို့တင်းနဲ့ ယူနိုက်တက်တို့ဟာ ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုမရသေးဘဲ ယူနိုက်တက်က စပို့တင်း သတ်မှတ်ထားတဲ့ ယူရိုသန်း ၈၀ ကို အပြည့်အဝပေးချေဖို့ ဆန္ဒမရှိဘဲ နှစ်ဘက်စလုံးရဲ့လက်ရှိအနေအထားက ဆွေးနွေးမှု ပျက်လာနိုင်တဲ့အနေအထားဖြစ်ပါတယ်။

Photo Credit

ပေါ်တူဂီသတင်းစာ Correio da Manha ရဲ့ဖော်ပြချက်အရ ယခုအခါ စီးတီးက အဲဒီအခြေအနေကို အခွင့်ကောင်းယူကာ ဖာနန်ဒက်စ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စီးတီးဟာ ဒီလထဲမှာတော့ ကမ်းလှမ်းဖွယ်မရှိဘဲ တကယ်လို့ ယူနိုက်တက်သာ ယခုလအတွင်း ဖာနန်ဒက်စ်ကို မခေါ်ယူနိုင်ခဲ့ရင် လာမယ့်နွေရာသီမှာ ဖာနန်ဒက်စ်အတွက် စပို့တင်းအသင်း သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ယူရိုသန်း ၁၀၀ အထိမြင့်တက်နိုင်တဲ့ကမ်းလှမ်းမှုနဲ့ ခေါ်ယူဖွယ်ရှိနေပါတယ်။

Photo Credit

တိုက်စစ်ပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ပေါ်တူဂီအသင်းဖော် ဘာနာဒိုဆေးလ်ဗား ရှိနေတဲ့ စီးတီးဟာ နွေရာသီမှာ အသင်းနဲ့ လမ်းခွဲတော့မယ့် အသက် ၃၄ နှစ်အရွယ်ရှိ ဒေးဗစ်ဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဖို့ ဖာနန်ဒက်စ်ကို ခေါ်ယူလိုနေတာဖြစ်ပြီး တကယ်လို့များ စီးတီးသာ လက်ဦးမှုရယူသွားရင် သူ့ကို ခေါ်ယူဖို့ နှစ်ပေါက်တဲ့အထိ သတင်းတွေ ထွက်ပေါ်နေတဲ့ ယူနိုက်တက်အတွက် သတင်းဆိုးဖြစ်လာနိုင်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀နဲ့ အပိုဆုကြေး ပေါင် ၂၅ သန်း၊ စုစုပေါင်း ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အပိုဆုကြေးမှာ ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ဖလားရမှ အသက်ဝင်မယ့်အချက်တွေလည်း ပါဝင်နေလို့ စပို့တင်းလစ္စဘွန်းဘက်က တကယ်ဖြစ်မလာနိုင်တဲ့အပိုဆုကြေးတွေလို့ သတ်မှတ်ထားပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္ မေပးခ်င္တဲ့ စပို႔တင္းရဲ႕သတ္မွတ္ေစ်းကို တစ္ခ်က္မွမျငင္းဘဲ ဖာနန္ဒက္စ္ကို ကမ္းလွမ္းဖို႔ စီးတီးအသင့္ရွိ

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ စီးတီးဟာ လာမယ့္ေႏြရာသီအတြင္း ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူႏိုင္ေရးအတြက္ စပုိ႔တင္းလစၥဘြန္းအသင္း သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးအတုိင္း ကမ္းလွမ္းဖို႔ အသင့္ရွိေနေၾကာင္း သိရပါတယ္။ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ဟာ ယခုလအတြင္း စီးတီးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏုိက္တက္ထံ ေရာက္ရွိဖို႔ သတင္းေတြ က်ယ္ျပန္႔စြာ ထြက္ေပၚေနပါတယ္။
ဒါေပမဲ့ စပို႔တင္းနဲ႔ ယူႏုိက္တက္တုိ႔ဟာ ဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈမရေသးဘဲ ယူႏုိက္တက္က စပုိ႔တင္း သတ္မွတ္ထားတဲ့ ယူ႐ိုသန္း ၈၀ ကို အျပည့္အ၀ေပးေခ်ဖို႔ ဆႏၵမရွိဘဲ ႏွစ္ဘက္စလုံးရဲ႕လက္ရွိအေနအထားက ေဆြးေႏြးမႈ ပ်က္လာႏုိင္တဲ့အေနအထားျဖစ္ပါတယ္။
ေပၚတူဂီသတင္းစာ Correio da Manha ရဲ႕ေဖာ္ျပခ်က္အရ ယခုအခါ စီးတီးက အဲဒီအေျခအေနကို အခြင့္ေကာင္းယူကာ ဖာနန္ဒက္စ္ကို ကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ စီးတီးဟာ ဒီလထဲမွာေတာ့ ကမ္းလွမ္းဖြယ္မရွိဘဲ တကယ္လုိ႔ ယူႏုိက္တက္သာ ယခုလအတြင္း ဖာနန္ဒက္စ္ကို မေခၚယူႏိုင္ခဲ့ရင္ လာမယ့္ေႏြရာသီမွာ ဖာနန္ဒက္စ္အတြက္ စပုိ႔တင္းအသင္း သတ္မွတ္ထားတဲ့ ေစ်းႏႈန္းအတုိင္း ယူ႐ိုသန္း ၁၀၀ အထိျမင့္တက္ႏိုင္တဲ့ကမ္းလွမ္းမႈနဲ႔ ေခၚယူဖြယ္ရွိေနပါတယ္။
တုိက္စစ္ပိုင္းမွာ ဖာနန္ဒက္စ္ရဲ႕ေပၚတူဂီအသင္းေဖာ္ ဘာနာဒိုေဆးလ္ဗား ရွိေနတဲ့ စီးတီးဟာ ေႏြရာသီမွာ အသင္းနဲ႔ လမ္းခြဲေတာ့မယ့္ အသက္ ၃၄ ႏွစ္အရြယ္ရွိ ေဒးဗစ္ေဆးလ္ဗားရဲ႕ေနရာမွာ အစားထိုးဖို႔ ဖာနန္ဒက္စ္ကို ေခၚယူလုိေနတာျဖစ္ၿပီး တကယ္လုိ႔မ်ား စီးတီးသာ လက္ဦးမႈရယူသြားရင္ သူ႕ကို ေခၚယူဖို႔ ႏွစ္ေပါက္တဲ့အထိ သတင္းေတြ ထြက္ေပၚေနတဲ့ ယူႏုိက္တက္အတြက္ သတင္းဆုိးျဖစ္လာႏိုင္ပါတယ္။
ယူႏုိက္တက္ဟာ ဖာနန္ဒက္စ္အတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၄၀နဲ႔ အပိုဆုေၾကး ေပါင္ ၂၅ သန္း၊ စုစုေပါင္း ေပါင္ ၆၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ အပိုဆုေၾကးမွာ ခ်န္ပီယံလိဂ္ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ဖလားရမွ အသက္၀င္မယ့္အခ်က္ေတြလည္း ပါ၀င္ေနလုိ႔ စပို႔တင္းလစၥဘြန္းဘက္က တကယ္ျဖစ္မလာႏိုင္တဲ့အပိုဆုေၾကးေတြလုိ႔ သတ္မွတ္ထားပါတယ္။