ယူနိုက်တက် (ဖာဂူဆန်+ဆိုးလ်ရှား) ၂ – ၁ ဗီလာရီးရဲလ် (အူနိုင်းအမ်မရီ)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ်ဖိုင်နယ်ကို သွားကစားမယ့် ယူနိုက်တက်အသင်းနဲ့အတူ အသင်းရဲ့ ဂန္ထဝင်နည်းပြ နည်းပြကြီး ဆာအဲလက်ဖာဂူဆန်လည်း လိုက်ပါသွားတာ အားလုံး သိပြီးဖြစ်မှာပါ။

ယူနိုက်တက်နဲ့ ဖာဂူဆန်ဆိုတာ ဒင်္ဂါးပြားတစ်ခုမှာ ခေါင်းနဲ့ပန်းလို ခွဲလို့မရတဲ့ အရာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အကြောင်းပြောရင် အသင်းအောင်မြင်မှုတွေရဲ့ ဗိသုကာဖြစ်တဲ့ ဖာဂူဆန်ကို ဖယ်ထားလို့မရပါဘူး။

ဖာဂူဆန်ဆိုတာကလည်း ယူနိုက်တက်ကို ၂၅ နှစ်ကြာ တာဝန်ယူနည်းပြခဲ့တဲ့ ပု၈ိုလ်ဖြစ်သလို အသင်းအပေါ် ကြီးမားတဲ့ သံယောစဉ်အပြင် သြဇာအာဏာလည်း အင်မတန်ကြီးမားပါတယ်။

ဖာဂူဆန်ဟာ သူအနားယူတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ သူ့နေရာဆက်ခံမယ့် နည်းပြကို သူကိုယ်တိုင်ပဲ ရွေးချယ်ပေးခဲ့တာပါ။

ဒါကိုကြည့်ရင် အင်မတန် ပရော်ဖက်ရှင်နယ်ဆန်ပါတယ်ဆိုတဲ့ ဘောလုံးလောကမှာတောင် ဖာဂူဆန်ရဲ့ သူူ့နေရာဆက်ခံမယ့် နည်းပြကိုကိုယ်တိုင်ရွေးချယ်ခန့်အပ်ခဲ့တာကို အသင်းဘုတ်အဖွဲ့တွေ ပိုင်ရှင်တွေက ခွင့်ပြုပေးခဲ့ရပါတယ်။

ယူနိုက်ဘုတ်အဖွဲ့ အနေနဲ့ ဘာလို့ ဖာဂူဆန် လုပ်သမျှကို သဘောတူ ကြည်ဖြူနေရတာလဲမေးရင် အဖြေက ရှင်းရှင်းလေးပါပဲ။

ယူနိုက်တက်နဲ့ ပတ်သတ်ပြီး ဖာဂူဆန်ရဲ့ လုပ်ရပ်မှန်သမျှဟာယူနိုက်တက်ကောင်းဖို့ဆိုတာ ယုံကြည်လို့ပါပဲ။

ဒီလို ယုံကြည်မှုမျိုးရဖို့ ဖာဂူဆန်ဟာ အသင်းမှာ ၂၅နှစ် တည်ဆောက်ထားခဲ့တာပါ။

အသင်းအထက်မှာ ဘယ်သူမှမရှိစေရဆိုတဲ့ သူ့ရဲ့ ပြတ်သားတိကျတဲ့ ခံယူချက် ဆုံးဖြတ်ချက်အောက်မှာ ဒေးဗစ်ဘက်ခမ်း၊ ၈ျပ်စတမ်း၊ ပေါ့ဂ်ဘာတို့ကို personal မဟုတ်ဘဲ ထွက်ခွာခဲ့ကြ၇ပါတယ်။

ဖာဂူဆန်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မှန်တယ်လို့ ပြောတာမဟုတ်ဘဲ သူ့ရဲ့ ဆောင်ရွက်မှုတိုင်းဟာ ယူနိုက်တက်အတွက် ဖြစ်နေတာကို ပြောချင်တာပါ။

အခုလည်း ဖာဂူဆန်တစ်ယောက် အသင်းနဲ့ လိုက်သွားတာဟာ ဆိုးလ်ရှားကို အကြံဉာဏ်ပေးဖို့နဲ့ အသင်းသားတွေ စိတ်ဓါတ်လှုံဆော်ပေးဖို့ဆိုတာ သေချာပါတယ်။

ကျန်းမားရေး မကောင်းတဲ့အချိန်ကလွဲပြီး အိုးလ်ထရက်ဖို့ဒ်မှာ အသင်းရဲ့ ပွဲစဉ်တွေကို အမြဲတမ်းနီးပါး လာကြည့်အားပေးလေ့ရှိတဲ့ဖာဂူဆန်ဟာ ၇၈ နှစ် ရှိပါပြီ။

သူ့ထွက်ခွာခဲ့တဲ့ နောက်ပိုင်းမှာ အသင်းဟာ မော်ရင်ဟိုလက်ထက် ၂၀၁၇မှာ ယူရိုပါလိဂ်ဖလားရခဲ့သေးတယ်ဆိုပေမယ့် ယူနိုက်တက် အရသာ မစစ်ပါဘူး။

ဘာလို့လဲဆိုတော့ မော်ရင်ဟိုဆိုတာ ဆုဖလားတွေ ရယူပေးတတ်တဲ့ နည်းပြတွေထဲက တစ်ယောက်ဖြစ်ပြီး ယူနိုက်တက်နဲ့လည်း ဖလားရယူသွားတယ်ဆိုတဲ့ မှတ်တမ်းထက်မပိုပါဘူး။

ဗန်ဟားလ်တစ်ယောက် အက်ဖ်အေဖလား ယူပေးခဲ့တုန်းကလည်း ဒီလိုပါပဲ။

သူတို့တွေဟာ ယူနိုက်တက်ကို မရောက်ခင်ကတည်းက ဖလားရယူပေးထားတဲ့ နည်းပြတွေပါ။

ဆိုးလ်ရှားကတော့ မတူပါဘူး။ ယူနိုက်တက်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ပြီး သူ့လက်ထက်မှာ ဖလားရမှသာ ယူနိုက်တက်အရသာအစစ်လို့ ပြောနိုင်မှာပါ။

ဒီအချိန်မှာ သူရင်ဆိုင်ရမှာက ယူရိုပါလိဂ် သမိုင်းကြောင်းမှာ ဆုဖလား ၃ ကြိမ် ဟက်ထရစ်ရထားတဲ့ အူနိုင်းအမ်မရီ ဖြစ်နေတယ်။

ဖာဂူဆန်ရဲ့ နေရာကကြည့်ရင်သူ့တပည့်ရဲ့ ပထမဆုံး ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က သမ္ဘာရော ပညာပါ ဆိုးလ်ရှားထက် အများကြီးသာနေတယ်။

ဒီတော့ နှလုံးသားထဲက ယူနိုက်တက်နဲ့ ချစ်တပည့် ဆိုးလ်ရှားအတွက် ဖာဂူဆန်ဟာ အသက်အရွယ်ကို ထည့်မတွက်တော့ဘဲ ဗိုလ်လုပွဲ စစ်မြေပြင်ကို လိုပ်ပါလာပါပြီ။

ယူနိုက်တက်အရသာအစစ် အောင်မြင်မှုလို့ပြောနိုင်မယ့် အောင်မြင်မှုအတွက် အမ်မရီကို ရင်ဆိုင်ဖို့ ဒီပွဲမှာ ဖာဂူဆန်ပါလာမှ ပိုပြည့်စုံမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ (ဖာဂူဆန္+ဆိုးလ္ရွား) ၂ – ၁ဗီလာရီးရဲလ္ (အူႏိုင္းအမ္မရီ)ယူရိုပါလိဂ္ဖိုင္နယ္ကို သြားကစားမယ္႔ ယူႏိုက္တက္အသင္းနဲ႔အတူ အသင္းရဲ႔ ဂႏၳ၀င္နည္းျပ နည္းျပၾကီး ဆာအဲလက္ဖာဂူဆန္လည္း လိုက္ပါသြားတာ အားလံုး သိျပီးျဖစ္မွာပါ။ ယူႏိုက္တက္နဲ႔ ဖာဂူဆန္ဆိုတာ ဒဂၤါးျပားတစ္ခုမွာ ေခါင္းနဲ႔ပန္းလို ခြဲလို႔မရတဲ႔ အရာလည္း ျဖစ္ပါတယ္။ယူႏိုက္တက္အေၾကာင္းေျပာရင္ အသင္းေအာင္ျမင္မႈေတြရဲ႔ ဗိသုကာျဖစ္တဲ႔ ဖာဂူဆန္ကို ဖယ္ထားလို႔မရပါဘူး။

ဖာဂူဆန္ဆိုတာကလည္း ယူႏိုက္တက္ကို ၂၅ႏွစ္ၾကာ တာ၀န္ယူနည္းျပခဲ႔တဲ႔ ပု၈ိဳလ္ျဖစ္သလို အသင္းအေပၚ ၾကီးမားတဲ႔ သံေယာစဥ္အျပင္ ၾသဇာအာဏာလည္း အင္မတန္ၾကီးမားပါတယ္။ဖာဂူဆန္ဟာ သူအနားယူေတာ႔မယ္လို႔ ဆံုးျဖတ္ျပီးတဲ႔အခ်ိန္မွာ သူ႔ေနရာဆက္ခံမယ္႔ နည္းျပကို သူကိုယ္တိုင္ပဲ ေရြးခ်ယ္ေပးခဲ႔တာပါ။ ဒါကိုၾကည္႔ရင္ အင္မတန္ ပေရာ္ဖက္ရွင္နယ္ဆန္ပါတယ္ဆိုတဲ႔ ေဘာလံုးေလာကမွာေတာင္ ဖာဂူဆန္ရဲ႔ သူူ႔ေနရာဆက္ခံမယ္႔ နည္းျပကိုကိုယ္တိုင္ေရြးခ်ယ္ခန္႔အပ္ခဲ႔တာကို အသင္းဘုတ္အဖြဲ႔ေတြ ပိုင္ရွင္ေတြက ခြင္႔ျပဳေပးခဲ႔ရပါတယ္။

ယူႏိုက္ဘုတ္အဖြဲ႔ အေနနဲ႔ ဘာလို႔ ဖာဂူဆန္ လုပ္သမွ်ကို သေဘာတူ ၾကည္ျဖဴေနရတာလဲေမးရင္ အေျဖက ရွင္းရွင္းေလးပါပဲ။ ယူႏိုက္တက္နဲ႔ ပတ္သတ္ျပီး ဖာဂူဆန္ရဲ႕ လုပ္ရပ္မွန္သမွ်ဟာယူႏိုက္တက္ေကာင္းဖို႔ဆိုတာ ယုံၾကည္လို႔ပါပဲ။ ဒီလို ယံုၾကည္မႈမ်ိဳးရဖို႔ ဖာဂူဆန္ဟာ အသင္းမွာ ၂၅ႏွစ္ တည္ေဆာက္ထားခဲ႔တာပါ။ အသင္းအထက္မွာ ဘယ္သူမွမရွိေစရဆိုတဲ႔ သူ႔ရဲ႕ ျပတ္သားတိက်တဲ႔ ခံယူခ်က္ ဆံုးျဖတ္ခ်က္ေအာက္မွာ ေဒးဗစ္ဘက္ခမ္း၊ ၈်ပ္စတမ္း၊ ေပါ႔ဂ္ဘာတို႔ကို personal မဟုတ္ဘဲ ထြက္ခြာခဲ႔ၾက၇ပါတယ္။

ဖာဂူဆန္ရဲ႕ ဆံုးျဖတ္ခ်က္တိုင္းဟာ မွန္တယ္လို႔ ေျပာတာမဟုတ္ဘဲ သူ႔ရဲ႔ ေဆာင္ရြက္မႈတိုင္းဟာ ယူႏိုက္တက္အတြက္ ျဖစ္ေနတာကို ေျပာခ်င္တာပါ။အခုလည္း ဖာဂူဆန္တစ္ေယာက္ အသင္းနဲ႔ လိုက္သြားတာဟာ ဆိုးလ္ရွားကို အၾကံဥာဏ္ေပးဖို႔နဲ႔ အသင္းသားေတြ စိတ္ဓါတ္လံႈေဆာ္ေပးဖို႔ဆိုတာ ေသခ်ာပါတယ္။ က်န္းမားေရး မေကာင္းတဲ႔အခ်ိန္ကလြဲျပီး အိုးလ္ထရက္ဖို႔ဒ္မွာ အသင္းရဲ႔ ပြဲစဥ္ေတြကို အျမဲတမ္းနီးပါး လာၾကည္႔အားေပးေလ႔ရွိတဲ႔ဖာဂူဆန္ဟာ ၇၈ႏွစ္ ရွိပါျပီ။

သူ႔ထြက္ခြာခဲ႔တဲ႔ ေနာက္ပိုင္းမွာ အသင္းဟာ ေမာ္ရင္ဟိုလက္ထက္ ၂၀၁၇မွာ ယူရိုပါလိဂ္ဖလားရခဲ႔ေသးတယ္ဆိုေပမယ္႔ ယူႏိုက္တက္ အရသာ မစစ္ပါဘူး။ ဘာလို႔လဲဆိုေတာ႔ ေမာ္ရင္ဟိုဆိုတာ ဆုဖလားေတြ ရယူေပးတတ္တဲ႔ နည္းျပေတြထဲက တစ္ေယာက္ျဖစ္ျပီးယူႏိုက္တက္နဲ႔လည္း ဖလားရယူသြားတယ္ဆိုတဲ႔ မွတ္တမ္းထက္မပိုပါဘူး။ ဗန္ဟားလ္တစ္ေယာက္ အက္ဖ္ေအဖလား ယူေပးခဲ႔တုန္းကလည္း ဒီလိုပါပဲ။ သူတို႔ေတြဟာ ယူႏိုက္တက္ကို မေရာက္ခင္ကတည္းက ဖလားရယူေပးထားတဲ႔ နည္းျပေတြပါ။

ဆိုးလ္ရွားကေတာ႔ မတူပါဘူး။ ယူႏိုက္တက္ရဲ႔ ဂႏၳ၀င္တစ္ဦးျဖစ္ျပီး သူ႔လက္ထက္မွာ ဖလားရမွသာ ယူႏိုက္တက္အရသာအစစ္လို႔ ေျပာႏိုင္မွာပါ။ ဒီအခ်ိန္မွာ သူရင္ဆိုင္ရမွာက ယူရိုပါလိဂ္ သမိုင္းေၾကာင္းမွာ ဆုဖလား ၃ၾကိမ္ ဟက္ထရစ္ရထားတဲ႔ အူႏိုင္းအမ္မရီ ျဖစ္ေနတယ္။ ဖာဂူဆန္ရဲ႔ ေနရာကၾကည္႔ရင္သူ႔တပည္႔ရဲ႔ ပထမဆံုး ဗိုလ္လုပြဲမွာ ရင္ဆိုင္ရမယ္႔ ျပိဳင္ဘက္က သမၻာေရာ ပညာပါ ဆိုးလ္ရွားထက္ အမ်ားၾကီးသာေနတယ္။ ဒီေတာ႔ ႏွလံုးသားထဲက ယူႏိုက္တက္နဲ႔ ခ်စ္တပည္႔ ဆိုးလ္ရွားအတြက္ ဖာဂူဆန္ဟာ အသက္အရြယ္ကို ထည္႔မတြက္ေတာ႔ဘဲ ဗိုလ္လုပြဲ စစ္ေျမျပင္ကို လိုပ္ပါလာပါျပီ။

ယူႏိုက္တက္အရသာအစစ္ ေအာင္ျမင္မႈလို႔ေျပာႏိုင္မယ္႔ ေအာင္ျမင္မႈအတြက္ အမ္မရီကို ရင္ဆိုင္ဖို႔ ဒီပြဲမွာ ဖာဂူဆန္ပါလာမွ ပိုျပည္႔စံုမွာပါ။