ယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လိုအပ်နေတဲ့ ခေါ်ယူမှုကို ပေါလ်စခိုး ထောက်ပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါလ်စခိုးက မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဦးဆောင်ကစားနိုင်မယ့် ဗဟိုခံစစ်ကစားသမား တစ်ဦး လိုအပ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။ သရဲနီတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရတ်ဖို့ဒ်မှာ နယူးကာဆယ်အသင်းကို ( ၃ – ၁ ) အနိုင်ယူပြီး အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါတယ်။

အိုလေ ဂန်နား ဆိုးရှားရဲ့ အသင်းက မားကတ် ရက်ဖို့ဒ် ၊ ဒန်နီရယ် ဂျိမ်းစ် ၊ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင် ( ၃ ) မှတ်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာကို ဆက်လက် ထိန်းထားနိုင်ခဲ့ကာ အဆင့် ( ၁ ) နေရာက မန်စီးတီးအသင်းအောက် ( ၁၀ ) မှတ်လျော့နည်းလျက်ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ယခုရာသီအတွင်း ဖလားလက်မဲ့ဖြစ်ခဲ့ပါက နေွရာသီ အပြောင်းအရွေ့မှာ ကစားသမား ခေါ်ယူမှုကို အလေးထား လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။ သရဲနီ ကွင်းလယ် ကစားသမားဟောင်း ပေါလ်စခိုးက လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ ဟယ်ရီမက်ဂွဲယားနဲ့ တွဲဖက်ကစားမယ့် ဗဟိုခံစစ်မှူးတစ်ဦးကို ရှာဖွေသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါလ်စခိုးက BT Sport နဲ့တွေ့ဆုံရာမှာ “ ကျွန်တော့်အနေနဲ့ ယူနိုက်တက်မှာ အမှန်တကယ် လွှမ်းမိုးနိုင်တဲ့ ဗဟိုခံစစ်ကစားသမား တစ်ဦးလိုအပ်နေတယ်လို့ ထင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။ “ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ နောက်တန်း ( ၄ ) ယောက်မှာ စစ်မှန်တဲ့ ခေါင်းဆောင်တွေ ရှိနေတာ တွေ့ရပါလိမ့်မယ်။”

“ မက်ဂွဲယားက ခေါင်းဆောင် တစ်ဦး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာမှာ အမိန့်ပေး လွှမ်းမိုးကစားနိုင်ပြီး တစ်သင်းလုံးရဲ့ လိုအပ်ချက်ကို ကွင်းတွင်း၊ ကွင်းပြင် ညွှန်ပြပေးနိုင်တဲ့ ကစားသမား လိုအပ်တယ်လို့ ထင်ပါတယ်။” “ သူတို့အနေနဲ့ ချန်ပီယံဆုရဖို့ မဝေးတော့ဘူးလို့ ထင်ပါတယ်။ ကွင်းလယ် နှင့် တိုက်စစ်က ကောင်းမွန်ပါတယ်။ ပေါ့ဘာကလည်း ခမ်းနားတဲ့ ကစားသမားပါ။

ကျွန်တော်တို့ ခေါ်ယူခဲ့တဲ့သူတွေကလည်း ထို့အတူပါပဲ ။ ဖရက် နှင့် တွမ်မီနေးတို့ကလည်း အကောင်းဆုံး ကစားနေကြပါတယ်။” မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ( ၃၂ ) သင်းအဆင့် ဒုတိယအကျော့ ပွဲစဥ်အဖြစ် ရီးရဲဆိုစီဒက်စ်အသင်းကို လက်ခံကစားရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ လိုအပ္ေနတဲ့ ေခၚယူမႈကို ေပါလ္စခိုး ေထာက္ျပ

ေပါလ္စခိုးက မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ဦးေဆာင္ကစားႏိုင္မယ့္ ဗဟိုခံစစ္ကစားသမား တစ္ဦး လိုအပ္ေနေသးတယ္လို႔ ယုံၾကည္ေနပါတယ္။ သရဲနီတို႔ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အိုးထရတ္ဖို႔ဒ္မွာ နယူးကာဆယ္အသင္းကို ( ၃ – ၁ ) အႏိုင္ယူၿပီး အမွတ္ေပးခ်န္ပီယံဆုအတြက္ ဆက္လက္တိုက္ပြဲဝင္လ်က္ရွိပါတယ္။ အိုေလ ဂန္နား ဆိုးရွားရဲ႕ အသင္းက မားကတ္ ရက္ဖို႔ဒ္ ၊ ဒန္နီရယ္ ဂ်ိမ္းစ္ ၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ အႏိုင္ ( ၃ ) မွတ္ရရွိခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ ( ၂ ) ေနရာကို ဆက္လက္ ထိန္းထားႏိုင္ခဲ့ကာ အဆင့္ ( ၁ ) ေနရာက မန္စီးတီးအသင္းေအာက္ ( ၁၀ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ယခုရာသီအတြင္း ဖလားလက္မဲ့ျဖစ္ခဲ့ပါက ေနြရာသီ အေျပာင္းအေ႐ြ႕မွာ ကစားသမား ေခၚယူမႈကို အေလးထား လုပ္ေဆာင္သြားဖြယ္ရွိေနပါတယ္။ သရဲနီ ကြင္းလယ္ ကစားသမားေဟာင္း ေပါလ္စခိုးက လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ဟယ္ရီမက္ဂြဲယားနဲ႔ တြဲဖက္ကစားမယ့္ ဗဟိုခံစစ္မႉးတစ္ဦးကို ရွာေဖြသင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေပါလ္စခိုးက BT Sport နဲ႔ေတြ႕ဆုံရာမွာ “ ကြၽန္ေတာ့္အေနနဲ႔ ယူႏိုက္တက္မွာ အမွန္တကယ္ လႊမ္းမိုးႏိုင္တဲ့ ဗဟိုခံစစ္ကစားသမား တစ္ဦးလိုအပ္ေနတယ္လို႔ ထင္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။ “ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ အသင္းေတြကို ၾကည့္မယ္ဆိုရင္ သူတို႔ရဲ႕ ေနာက္တန္း ( ၄ ) ေယာက္မွာ စစ္မွန္တဲ့ ေခါင္းေဆာင္ေတြ ရွိေနတာ ေတြ႕ရပါလိမ့္မယ္။” “ မက္ဂြဲယားက ေခါင္းေဆာင္ တစ္ဦး ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့ဒီေနရာမွာ အမိန႔္ေပး လႊမ္းမိုးကစားႏိုင္ၿပီး တစ္သင္းလုံးရဲ႕ လိုအပ္ခ်က္ကို ကြင္းတြင္း၊ ကြင္းျပင္ ၫႊန္ျပေပးႏိုင္တဲ့ ကစားသမား လိုအပ္တယ္လို႔ ထင္ပါတယ္။” “ သူတို႔အေနနဲ႔ ခ်န္ပီယံဆုရဖို႔ မေဝးေတာ့ဘူးလို႔ ထင္ပါတယ္။ ကြင္းလယ္ ႏွင့္ တိုက္စစ္က ေကာင္းမြန္ပါတယ္။ ေပါ့ဘာကလည္း ခမ္းနားတဲ့ ကစားသမားပါ ။ ကြၽန္ေတာ္တို႔ ေခၚယူခဲ့တဲ့သူေတြကလည္း ထို႔အတူပါပဲ ။ ဖရက္ ႏွင့္ တြမ္မီေနးတို႔ကလည္း အေကာင္းဆုံး ကစားေနၾကပါတယ္။”

မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ လာမယ့္ ၾကာသပေတးေန႔မွာ ယူ႐ိုပါလိဂ္ ( ၃၂ ) သင္းအဆင့္ ဒုတိယအေက်ာ့ ပြဲစဥ္အျဖစ္ ရီးရဲဆိုစီဒက္စ္အသင္းကို လက္ခံကစားရဖို႔ရွိေနပါတယ္။