ယူနိုက်တက် ပရိသတ်တွေ အနိုင်ရလိုက်တဲ့ ဂျာစီအဝယ်ပြိုင်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒို ရောက်ရှိလာခဲ့တာ ကြောင့် ကွင်းပြင်ပ ရရှိလာတဲ့ ပရိသတ်အားပေးမှုတွေဟာလည်း အံမခန်းပါပဲ။

ယူနိုက်တက်အသင်းက ရော်နယ်ဒို ကို ခေါ်ယူနိုင်လိုက်ပြီးလို့ ကြေညာ အပြီးမှာ အသင်းရဲ့ တရားဝင် အင်စတာဂရမ် အကောင့် ဟာလည်း ပရိသတ်တွေ သိန်းချီ တိုးပွား လာခဲ့ ပါတယ်။

ဇူလိုင်လ အထိ ပရိသတ် ၆ သိန်း ၇ သောင်းကျော်သာ ရှိနေရာကနေ သြဂုတ်လ မှာတော့ ပရိသတ် ၄၄ သိန်းကျော် ဖြစ်သွားခဲ့ပါတယ်။

အခုလည်း ယူနိုက်တက်ဆီ တကျော့ပြန် ရောက်လာခဲ့တဲ့ ရော်နယ်ဒိုရဲ့ကျောနံပါတ် (၇) ဂျာစီဟာ အားကစားလောကမှာ စံချိန်တင်ရောင်းချနေရကြောင်းသိရပါတယ်။

အိုးထရက်ဖို့ဒ်က ယူနိုက်တက် အမှတ်တရပစ္စည်းဆိုင်မှာ Ronaldo No. 7 အင်္ကျီကို ဝယ်ယူလို့ရပြီလို့ကြေငြာလိုက်ချိန်မှာ လိုချင်သူတွေ များပြားလွန်းတာကြောင့် တန်းစီစောင့်ဆိုင်းနေရတဲ့ လူတန်းရှည်ကြီး ဖြစ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေမှာလည်း ဂျာစီ ဝယ်ယူဖို့ တန်းစီ စောင့်ဆိုင်း နေတဲ့ လူတန်းရှည်ကြီး ပုံတွေဟာ ပျံနှံခဲ့ပါတယ်။

ယူနိုက်တက်မှာ ကျောနံပါတ် ၇ ကို ရော်နယ်ဒိုဝတ်ဆင်မယ်လို့ တရားဝင် ကြေညာချက် ထွက်ပေါ် အပြီးမှာ ယူနိုက်တက်ရဲ့ အွန်လိုင်းစတိုးမှာလည်း ကျောနံပါတ်၇ ရောင်းအားက တစ်ရက်တည်းမှာတင် အံ့သြဖွယ် ကောင်းလောက်အောင် အမြင့်ဆုံးစံချိန်တင်တဲ့ အထိရောင်းချခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ အွန်လိုင်းစတိုးကို Fanatics ကလုပ်ဆောင်နေတာဖြစ်ပါတယ်။

Fanatics ဟာ ကမ္ဘာတလွှားက ကလပ်ပေါင်း၃၀၀ကျော်တို့အတွက် အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဂျာစီရောင်းအားက ၁၂နာရီအတွင်းမှာ ပေါင်း (£32.5) သန်းဖို့အထိရှိခဲ့တယ် လို့ဖော်ပြနေကြပြီး (၂၄) နာရီ ပြည့်ချိန် မှာရော်နယ်ဒိုရဲ့ နာမည် နဲ့ ကျောနံပါတ် ပါဝင်တဲ့ ဂျာစီ ရောင်းချ ရမှုဟာ အနည်းဆုံး ၈ သိန်း ကနေ ၉ သိန်း အကြား ရှိလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။

ဒါကြောင့်လည်း ရော်နယ်ဒိုရဲ့ ဂျာစီ ရောင်းချ ရမှုဟာ ဘောလုံး သမိုင်းရဲ့ ၂၄ နာရီ အတွင်းမှာ အများဆုံး ရောင်းချရမှုလည်း ဖြစ်လာတော့မှာပါ။

ပီအက်စ်ဂျီ အသင်းမှာ ပထမ ၁ နာရီ အတွင်း အရေအတွက် ၂ သိန်းကျော် ရောင်းချ ခဲ့ရတဲ့ မက်ဆီ ရဲ့ ကျောနံပါတ် ၃၀ ဂျာစီ ရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့လည်း သတင်းတွေကဖော်ပြနေကြပါတယ်။

ဒီလို စံချိန်တင် အရေအတွက် နဲ့ ရောင်းချ ရမှု ဟာ ပီအက်စ်ဂျီ နဲ့ ယူနိုက်တက် တို့ထက် ဂျာစီ စပွန်ဆာတွေ ဖြစ်တဲ့ Nike နဲ့ Adidas တို့ကို ပိုမို အကျိုးအမြတ် ဖြစ်ထွန်း စေပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ Nike ရဲ့နောက်ထပ် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ဂျော်ဒန် အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ပါတယ်။

ဒါကြောင့် ဂျာစီရောင်းရငွေမှာလည်း Nike ဆီကနေ ဘက်စကတ်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်က ရောင်းရငွေရဲ့ ရာခိုင်နှုန်း တစ်ခုကို ရရှိထားပါတယ်။

ဂျာစီ စပွန်ဆာ ပေးတဲ့ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ သက်ဆိုင်ရာ အသင်းတွေဟာ ရောင်းချရငွေရဲ့ ၅-၁၀% ကြားမှာသာ ဂျာစီရောင်းချရငွေရဲ့အကျိုးအမြန်ကိုခံစားရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ ပရိသတ္ေတြ အႏိုင္ရလိုက္တဲ့ ဂ်ာစီအဝယ္ၿပိဳင္ပြဲ

ေရာ္နယ္ဒို ေရာက္ရွိလာခဲ့တာ ေၾကာင့္ ကြင္းျပင္ပ ရရွိလာတဲ့ ပရိသတ္အားေပးမႈေတြဟာလည္း အံမခန္းပါပဲ။ ယူႏိုက္တက္အသင္းက ေရာ္နယ္ဒို ကို ေခၚယူႏိုင္လိုက္ၿပီးလို႕ ေၾကညာ အၿပီးမွာ အသင္းရဲ႕ တရားဝင္ အင္စတာဂရမ္ အေကာင့္ ဟာလည္း ပရိသတ္ေတြ သိန္းခ်ီ တိုးပြား လာခဲ့ ပါတယ္။ ဇူလိုင္လ အထိ ပရိသတ္ ၆ သိန္း ၇ ေသာင္းေက်ာ္သာ ရွိေနရာကေန ၾသဂုတ္လ မွာေတာ့ ပရိသတ္ ၄၄ သိန္းေက်ာ္ ျဖစ္သြားခဲ့ပါတယ္။

အခုလည္း ယူႏိုက္တက္ဆီ တေက်ာ့ျပန္ ေရာက္လာခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ (၇) ဂ်ာစီဟာ အားကစားေလာကမွာ စံခ်ိန္တင္ေရာင္းခ်ေနရေၾကာင္းသိရပါတယ္။ အိုးထရက္ဖို႔ဒ္က ယူႏိုက္တက္ အမွတ္တရပစၥည္းဆိုင္မွာ Ronaldo No. 7 အက်ႌကို ဝယ္ယူလို႔ရၿပီလို႔ေၾကျငာလိုက္ခ်ိန္မွာ လိုခ်င္သူေတြ မ်ားျပားလြန္းတာေၾကာင့္ တန္းစီေစာင့္ဆိုင္းေနရတဲ့ လူတန္းရွည္ႀကီး ျဖစ္ခဲ့ ပါတယ္။ ဆိုရွယ္မီဒီယာေတြမွာလည္း ဂ်ာစီ ဝယ္ယူဖို႔ တန္းစီ ေစာင့္ဆိုင္း ေနတဲ့ လူတန္းရွည္ႀကီး ပုံေတြဟာ ပ်ံႏွံခဲ့ပါတယ္။

ယူႏိုက္တက္မွာ ေက်ာနံပါတ္ ၇ ကို ေရာ္နယ္ဒိုဝတ္ဆင္မယ္လို႔ တရားဝင္ ေၾကညာခ်က္ ထြက္ေပၚ အၿပီးမွာ ယူႏိုက္တက္ရဲ႕ အြန္လိုင္းစတိုးမွာလည္း ေက်ာနံပါတ္၇ ေရာင္းအားက တစ္ရက္တည္းမွာတင္ အံ့ၾသဖြယ္ ေကာင္းေလာက္ေအာင္ အျမင့္ဆုံးစံခ်ိန္တင္တဲ့ အထိေရာင္းခ်ခဲ့ရပါတယ္။

ယူႏိုက္တက္ရဲ႕ အြန္လိုင္းစတိုးကို Fanatics ကလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ Fanatics ဟာကမာၻတလႊားက ကလပ္ေပါင္း၃၀၀ေက်ာ္တို႔အတြက္ အလုပ္လုပ္ေပးေနတဲ့ ကုမၸဏီလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ ဂ်ာစီေရာင္းအားက ၁၂နာရီအတြင္းမွာ ေပါင္း (£32.5) သန္းဖို႔အထိရွိခဲ့တယ္ လို႔ေဖာ္ျပေနၾကၿပီး (၂၄) နာရီ ျပည့္ခ်ိန္ မွာေရာ္နယ္ဒိုရဲ႕ နာမည္ နဲ႔ ေက်ာနံပါတ္ ပါဝင္တဲ့ ဂ်ာစီ ေရာင္းခ် ရမႈဟာ အနည္းဆုံး ၈ သိန္း ကေန ၉ သိန္း အၾကား ရွိလိမ့္မယ္လို႔ တြက္ခ်က္ထားၾကပါတယ္။ ဒါေၾကာင့္လည္း ေရာ္နယ္ဒိုရဲ႕ ဂ်ာစီ ေရာင္းခ် ရမႈဟာ ေဘာလုံး သမိုင္းရဲ႕ ၂၄ နာရီ အတြင္းမွာ အမ်ားဆုံး ေရာင္းခ်ရမႈလည္း ျဖစ္လာေတာ့မွာပါ။

ပီအက္စ္ဂ်ီ အသင္းမွာ ပထမ ၁ နာရီ အတြင္း အေရအတြက္ ၂ သိန္းေက်ာ္ ေရာင္းခ် ခဲ့ရတဲ့ မက္ဆီ ရဲ႕ ေက်ာနံပါတ္ ၃၀ ဂ်ာစီ ေရာင္းအားကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔လည္း သတင္းေတြကေဖာ္ျပေနၾကပါတယ္။

ဒီလို စံခ်ိန္တင္ အေရအတြက္ နဲ႔ ေရာင္းခ် ရမႈ ဟာ ပီအက္စ္ဂ်ီ နဲ႔ ယူႏိုက္တက္ တို႔ထက္ ဂ်ာစီ စပြန္ဆာေတြ ျဖစ္တဲ့ Nike နဲ႔ Adidas တို႔ကို ပိုမို အက်ိဳးအျမတ္ ျဖစ္ထြန္း ေစပါတယ္ ။ ပီအက္စ္ဂ်ီ အသင္းဟာ Nike ရဲ႕ေနာက္ထပ္ အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ ေဂ်ာ္ဒန္ အမွတ္တံဆိပ္ကို ဝတ္ဆင္ခဲ့ပါတယ္။

ဒါေၾကာင့္ ဂ်ာစီေရာင္းရေငြမွာလည္း Nike ဆီကေန ဘက္စကတ္ေဘာကစားသမား မိုက္ကယ္ေဂ်ာ္ဒန္က ေရာင္းရေငြရဲ႕ ရာခိုင္ႏႈန္း တစ္ခုကို ရရွိထားပါတယ္။ ဂ်ာစီ စပြန္ဆာ ေပးတဲ့ ကုမၸဏီေတြနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြအရ သက္ဆိုင္ရာ အသင္းေတြဟာ ေရာင္းခ်ရေငြရဲ႕ ၅-၁၀% ၾကားမွာသာ ဂ်ာစီေရာင္းခ်ရေငြရဲ႕အက်ိဳးအျမန္ကိုခံစားရမွာ ျဖစ္ပါတယ္ ။