ယူနိုက်တက် က အက်ဝုဒ်ဝဒ်ဟာ သစ္စာဖောက်လောက်ကောင်ဒလန်လား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးလောကမှာ ဥရောပ စူပါလိဂ် ပြိုင်ပွဲကြောင့် မုန်တိုင်းတွေ ထန်နေပါတယ်။ ယူနိုက်တက်အသင်းကလည်း ဥရောပစူပါလိဂ်မှာ ကစားဖို့ စာရင်းပေးသွင်းပြီးနောက် ယူနိုက်တက်အသင်းမှာရှိတဲ့ ကစားသမားတချို့၊ ဝန်ထမ်းတချို့ကလည်း အသင်းအပေါ်စိတ်ပျက်နေကြပါတယ်။

သရဲနီပရိသတ်တချို့ကလည်း ယူနိုက်တက်ကတာဝန်ရှိသူတွေရဲ့ အဲဒီလုပ်ဆောင်ချက်ကို မကြိုက်ကြပါဘူး။ ဒါကြောင့် ကိုယ်မကြိုက်ကြောင်း ထုတ်ဖော်ပြသတဲ့အနေနဲ့ ယူနိုက်တက်ပရိသတ်များက Old Trafford ကွင်းရှေ့တွင် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဥရောပစူပါလိဂ် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အသင်းကအဓိက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ အက်ဝုဒ်ဝဒ်ကတော့ တော်တော်ကို ဝေဖန်ပြောဆိုခံထိနေပါတယ်။

အဲဒီပြိုင်ပွဲပါဝင်ဆင်နွှဲနိုင် ဖို့အတွက် အက်ဝုဒ်ဝဒ် ဟာ ယူအီးအက်ဖ်အေမှာသူရယူထားတဲ့ရာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူအက်ဝုဒ်ဝဒ်ဟာ UEFA’s Professional Football Strategy Council မှာ ECA ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့၂၀၁၇ခုနှစ်စက်တင်ဘာလမှာကတည်းကခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

ရာထူးပေါင်းစုံမက်ပြီး ခြံဝန်းကြီးထဲမှာ အိမ်လေးတွေခွဲဆောက်ချင်တဲ့ အက်ဝုဒ်ဝဒ်ကို UEFA ဥက္ကဌ Alexander Ceferin ကအခုလို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုထားပါတယ်။“ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ အက်ဝုဒ် နဲ့ ကျွန်တော်နဲ့တွေ့တော့ သူက ချန်ပီယံလိဂ်ပြိုင်ပွဲအသစ်ပြန်လုပ်မယ့် အစီအစဉ်တွေကို သူ့အနေနဲ့ အရမ်း ကျေနပ်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါသေးတယ်။”

“အခုတော့ သူ့ရဲ့လုပ်ပုံတွေက တကယ့်ကို စိတ်ပျက်စရာပါ။ ကျွန်တော်ဖြတ်သန်းလာတဲ့ ဘဝမှာလူအမျိုးအစားများစွာကို မြင်တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် အက်ဝုဒ်လိုလူမျိုးကိုတော့ကျွန်တော် တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။”

“ကိုယ့်အနားမှာသစ္စာဖောက်လောက်ကောင်တွေရှိနေတာကိုမသိခဲ့တာကတော့ ကျွန်တော့်အနေနဲ့ တော်တော့်ကို တုံးလွန်း၊ အလွန်းတယ်လို့ ပြောရပါမယ်။

ကိုယ့်ကိုယ်ကိုလည်း ဆင်ခြင်ရပါမယ်။ အခုတော့သစ္စာဖောက်ကဘယ်သူတွေလဲဆိုတာ ကောင်းကောင်းသိသွားပါပြီ။” လို့ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ က အက္၀ုဒ္၀ဒ္ဟာ သစၥာေဖာက္ေလာက္ေကာင္ဒလန္လား

ေဘာလုံးေလာကမွာ ဥေရာပ စူပါလိဂ္ ၿပိဳင္ပြဲေၾကာင့္ မုန္တိုင္းေတြ ထန္ေနပါတယ္။ ယူနိုက္တက္အသင္းကလည္း ဥေရာပစူပါလိဂ္မွာ ကစားဖို့ စာရင္းေပးသြင္းၿပီးေနာက္ ယူနိုက္တက္အသင္းမွာရွိတဲ့ ကစားသမားတခ်ိဳ့၊ ဝန္ထမ္းတခ်ိဳ့ကလည္း အသင္းအေပၚစိတ္ပ်က္ေနၾကပါတယ္။

သရဲနီပရိသတ္တခ်ဳိ႕ကလည္း ယူႏိုက္တက္ကတာ၀န္ရိွသူေတြရဲ႕ အဲဒီလုပ္ေဆာင္ခ်က္ကို မၾကိဳက္ၾကပါဘူး။ ဒါေၾကာင့္ ကိုယ္မၾကိဳက္ေၾကာင္း ထုတ္ေဖာ္ျပသတဲ့အေနနဲ႔ ယူနိုက္တက္ပရိသတ္မ်ားက Old Trafford ကြင္းေရွ႕တြင္ ၿငိမ္းခ်မ္းစြာနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

ဥေရာပစူပါလိဂ္ ၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး အသင္းကအဓိက တာ၀န္ရိွသူတစ္ေယာက္ျဖစ္တဲ့ အက္၀ုဒ္၀ဒ္ကေတာ့ ေတာ္ေတာ္ကို ေ၀ဖန္ေျပာဆိုခံထိေနပါတယ္။ အဲဒီၿပိဳင္ပြဲပါ၀င္ဆင္ႏႊဲႏိုင္ ဖို႔အတြက္ အက္ဝုဒ္ဝဒ္ ဟာ ယူအီးအက္ဖ္ေအမွာသူရယူထားတဲ့ရာထူးကေနႏွုတ္ထြက္ခဲ့ပါတယ္။

ယူနိုက္တက္အသင္းရဲ့ဒုတိယဥကၠ႒ျဖစ္သူအက္ဝုဒ္ဝဒ္ဟာ UEFA’s Professional Football Strategy Council မွာ ECA ကိုယ္စားလွယ္အျဖစ္ ၿပီးခဲ့တဲ့၂၀၁၇ခုႏွစ္စက္တင္ဘာလမွာကတည္းကခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။

ရာထူးေပါင္းစုံမက္ၿပီး ၿခံ၀န္းႀကီးထဲမွာ အိမ္ေလးေတြခြဲေဆာက္ခ်င္တဲ့ အက္ဝုဒ္၀ဒ္ကို UEFA ဥကၠဌ Alexander Ceferin ကအခုလို ျပင္းျပင္းထန္ထန္ေဝဖန္ေျပာဆိုထားပါတယ္။“ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကပဲ အက္ဝုဒ္ နဲ႔ ကၽြန္ေတာ္နဲ႔ေတြ႕ေတာ့ သူက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအသစ္ျပန္လုပ္မယ့္ အစီအစဥ္ေတြကို သူ႔အေနနဲ႔ အရမ္း ေက်နပ္ေၾကာင္း ကၽြန္ေတာ့္ကို ေျပာခဲ့ပါေသးတယ္။”

“အခုေတာ့ သူ႔ရဲ႕လုပ္ပုံေတြက တကယ့္ကို စိတ္ပ်က္စရာပါ။ ကၽြန္ေတာ္ျဖတ္သန္းလာတဲ့ ဘဝမွာလူအမ်ိဳးအစားမ်ားစြာကို ျမင္ေတြ႕ခဲ့ဖူးပါတယ္။ ဒါေပမယ့္ အက္ဝုဒ္လိုလူမ်ိဳးကိုေတာ့ကၽြန္ေတာ္ တစ္ခါမွမျမင္ခဲ့ဖူးပါဘူး။”

“ကိုယ့္အနားမွာသစၥာေဖာက္ေလာက္ေကာင္ေတြရွိေနတာကိုမသိခဲ့တာကေတာ့ ကၽြန္ေတာ့္အေနနဲ႔ ေတာ္ေတာ့္ကို တုံးလြန္း၊ အလြန္းတယ္လို႔ ေျပာရပါမယ္။ ကိုယ့္ကိုယ္ကိုလည္း ဆင္ျခင္ရပါမယ္။ အခုေတာ့သစၥာေဖာက္ကဘယ္သူေတြလဲဆိုတာ ေကာင္းေကာင္းသိသြားပါၿပီ။” လို့ေျပာခဲ့ပါတယ္။