ယူနိုက်တက် ကြယ်ပွင့်ရဲ့ ခြေစွမ်းကို စိုးရိမ်နေတဲ့ ဆိုစီဒက်စ် နည်းပြ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ညမှာ ရီးရဲ ဆိုစီဒက်စ်အသင်းနဲ့ ယူရိုပါလိဂ် ကစားရဖို့ရှိနေပါတယ်။
ဆိုစီဒက်စ် နည်းပြ Imanol Alguacil က အဆိုပါ ပွဲစဥ်အတွက် အီတလီနိုင်ငံကို သွားရောက်ခြင်းမပြုမီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိထားရမယ့် ယူနိုက်တက်ရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး သူက ဘရူနို ဖာနန်ဒက်စ်ကို ယူနိုက်တက်ရဲ့ အဓိက ကစားသမားအဖြစ် ရွေးချယ်သွားခဲ့ပါတယ်။
ဆိုစီဒက်စ် နည်းပြက အေအက်စ် သတင်းစာနဲ့ တွေ့ဆုံရာမှာ “ ဘရူနို ဖာနန်ဒက်စ်က အဓိက ကစားသမားဆိုတာ သံသယရှိစရာ မလိုပါယူး။ ဒါပေမယ့် ကစားသမား တစ်ဦးတည်းကိုပဲ အာရုံစိုက်နေလို့ မရပါဘူး ။ ကာဗာနီ ၊ ရက်ဖို့ဒ်တို့လို အလားအလာရှိပြီး အရည်အချင်းပြည့်ဝတဲ့ ကစားသမားတေွလည်း ရှိနေပါသေးတယ် ။” လို့ ဆိုခဲ့ပါတယ်။
“ ဘရူနို ဖာနန်ဒက်စ် တစ်ဦးတည်းကိုပဲ အာရုံစိုက်ထားရုံနဲ့ ယူနိုက်တက်ကို ထိန်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် အာရုံစိုက်တာက ကျွန်တော့်အသင်းပါ ။ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ပါက အနိုင်ရရှိပါလိမ့်မယ်။”
ကာဗာနီက ပထမအကျော့ပွဲစဥ်ကို လွဲချော်ဖို့ရှိနေပေမယ့် အိုးထရတ်ဖို့ဒ်မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဥ်မှာတော့ ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။ ဖာနန်ဒက်စ်က ဒီရာသီမှာ သွင်းဂိုး ပါဝင်် ပတ်သက်မှု အကြိမ် ( ၃၀ ) ထိ ရှိထားပြီး ( ၁၉ ) ဂိုး သွင်းယူကာ ( ၁၁ )ဂိုး ဖန်တီးပေးထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi