ယူနိုက်တက် ကစားသမားဟောင်း ကာဂါဝါ ဂရိကလပ် PAOK အသင်းထံ ပြောင်းရွေ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ရှင်ဂျီ ကာဂါဝါဟာ လအနည်းငယ်ကြာ အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီးနောက် ဂရိကလပ် PAOK အသင်းထံ ပြောင်းရွေ့သွားခဲ့ပါတယ် ။ ရှင်ဂျီ ကာဂါဝါအနေနဲ့ ယူနိုက်တက်မှာ ( ၂ ) နှစ်ကြာ ကစားခဲ့ပြီး ( ၂၀၁၄ ) မှာ အိုးထရတ်ဖို့ဒ့်ကို စွန့်ခွာခဲ့ပါတယ် ။ ဂျပန်လက်ရွေးစင် ကစားသမားဟာ ဒေါ့မွန် အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကို ယူနိုက်တက်မှာ ဆက်လက်ထိန်းထားနိုင်ခြင်းမရှိခဲ့ပဲ ကစားသမားဘဝရဲ့ အလှည့်အပြောင်းကိုရင်ဆိုင်ခဲ့ရပါတယ်။

PAOK အသင်းထံ မပြောင်းရေွ့မီ ကာဂါဝါအနေနဲ့ စပိန်ဒုတိယတန်းကလပ် ရီးရဲ ဇာယာဂိုဇာအသင်းမှာ ကစားခဲ့ပြီး ( ၂၀၂၀ ) အောက်တိုဘာလမှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ ကာဂါဝါအနေနဲ့ ဒုတိယတန်းမှာ ဆက်လက် ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ( ၃၁ ) ပွဲကစားခဲ့ရာမှာ သွင်းဂိုး နှင့် ဖန်တီးမှု ( ၄ ) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂရိကလပ်က ဇန်နဝါရီ ( ၂၇ ) ရက်နေ့မှာ အသင်းရဲ့ ဆိုရှယ်မီဒီယာကနေ ကာဂါဝါကို ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အသက် ( ၃၁ ) နှစ် သာရှိသေးတဲ့ ကာဂါဝါအနေနဲ့ သမိုင်းအစဥ်အလာ ကြီးမားတဲ့ အသင်းထံပြောင်းရွေ့နိုင်ခဲ့တာ ဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အခွင့်အရေးသစ် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် PAOK အသင်းက လက်ရှိရာသီမှာ ရလာဒ်ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာမှာ ရပ်တည်နေကာ အဆင့် ( ၁ ) နေရာက အိုလံပီယာကော့အသင်းအောက် ( ၁၂ ) မှတ် လျော့နည်းလျက်ရှိပါတယ်။

၂၀၁၈ / ၁၉ ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ အဆင့် ( ၂ ) နေရာသာ ရရှိခဲ့တယ်။ ကာဂါဝါအနေနဲ့ ( ၂၀၁၂ ) ခုနှစ်မှာ ယာဂန််ကလော့ရဲ့ ဒေါ့မွန်အသင်းနဲ့အတူ ( ၂ ) ကြိမ်ဆက် အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပြီး ဆာအဲလက် ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းထံ ယူရို ( ၁၂ ) သန်းနဲ့ ပြောင်းရွေ့ခဲ့ပါတယ်။ ပထမရာသီမှာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းပြ ကစားခဲ့ပြီး ( ၆ ) ဂိုးသွင်း၊ ( ၆ ) ဂိုးဖန်တီးကာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့ပါတယ်။

ဖာဂူဆန် အနားယူပြီးနောက်မှာ နည်းပြသစ် ဒေးဗစ် မိုးယေးစ် လက်အောက်မှာ ရုန်းကန်ခဲ့ရပါတယ် ။ မိုယေးစ် ထုတ်ပယ်ခံခဲ့ရပြီးနောက် နည်းပြသစ် ဖြစ်လာတဲ့ ဗန်ဟားက ကာဂါဝါကို သူ့အစီအစဥ်ထဲမှာ မပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ အဲ့ဒီနောက် ဒေါ့မွန်အသင်းထံ ပြောင်းရွေ့ခဲ့ပြီး ( ၅ ) နှစ်တာ အတွင်းမှာ ( ၉၉ ) ပွဲ ကစားပြီး ဂိုး ( ၂၀ ) သွင်းယူခဲ့ပါတယ် ။ အဲ့ဒီနောက် ( ၂၀၁၉ ) မှာတော့ တူရကီကလပ် ဘက်ဆီးတပ်အသင်းထံ အငှာ‌းပြောင်းရေွ့သွားခဲ့ပါတယ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ ကစားသမားေဟာင္း ကာဂါဝါ ဂရိကလပ္ PAOK အသင္းထံ ေျပာင္းေ႐ြ႕

ယူႏိုက္တက္ ကြင္းလယ္ကစားသမားေဟာင္း ရွင္ဂ်ီ ကာဂါဝါဟာ လအနည္းငယ္ၾကာ အသင္းလက္မဲ့ ျဖစ္ေနခဲ့ၿပီးေနာက္ ဂရိကလပ္ PAOK အသင္းထံ ေျပာင္းေ႐ြ႕သြားခဲ့ပါတယ္ ။ ရွင္ဂ်ီ ကာဂါဝါအေနနဲ႔ ယူႏိုက္တက္မွာ ( ၂ ) ႏွစ္ၾကာ ကစားခဲ့ၿပီး ( ၂၀၁၄ ) မွာ အိုးထရတ္ဖို႔ဒ့္ကို စြန႔္ခြာခဲ့ပါတယ္ ။ ဂ်ပန္လက္ေ႐ြးစင္ ကစားသမားဟာ ေဒါ့မြန္ အသင္းမွာ ျပသခဲ့တဲ့ ေျခစြမ္းကို ယူႏိုက္တက္မွာ ဆက္လက္ထိန္းထားႏိုင္ျခင္းမရွိခဲ့ပဲ ကစားသမားဘဝရဲ႕ အလွည့္အေျပာင္းကိုရင္ဆိုင္ခဲ့ရပါတယ္ ။

PAOK အသင္းထံ မေျပာင္းေရြ႕မီ ကာဂါဝါအေနနဲ႔ စပိန္ဒုတိယတန္းကလပ္ ရီးရဲ ဇာယာဂိုဇာအသင္းမွာ ကစားခဲ့ၿပီး ( ၂၀၂၀ ) ေအာက္တိုဘာလမွာ စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။ ကာဂါဝါအေနနဲ႔ ဒုတိယတန္းမွာ ဆက္လက္ ေျခစြမ္းေပ်ာက္ဆုံးခဲ့ၿပီး ( ၃၁ ) ပြဲကစားခဲ့ရာမွာ သြင္းဂိုး ႏွင့္ ဖန္တီးမႈ ( ၄ ) ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဂရိကလပ္က ဇန္နဝါရီ ( ၂၇ ) ရက္ေန႔မွာ အသင္းရဲ႕ ဆိုရွယ္မီဒီယာကေန ကာဂါဝါကို ေခၚယူႏိုင္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ အသက္ ( ၃၁ ) ႏွစ္ သာရွိေသးတဲ့ ကာဂါဝါအေနနဲ႔ သမိုင္းအစဥ္အလာ ႀကီးမားတဲ့ အသင္းထံေျပာင္းေ႐ြ႕ႏိုင္ခဲ့တာ ျဖစ္ၿပီး အမွတ္ေပးခ်န္ပီယံဆုကို စိန္ေခၚႏိုင္မယ့္ အခြင့္အေရးသစ္ ရရွိမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ PAOK အသင္းက လက္ရွိရာသီမွာ ရလာဒ္ဆိုး႐ြားေနၿပီး အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာမွာ ရပ္တည္ေနကာ အဆင့္ ( ၁ ) ေနရာက အိုလံပီယာေကာ့အသင္းေအာက္ ( ၁၂ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္ ။ ၂၀၁၈ / ၁၉ ေဘာလုံးရာသီမွာ အမွတ္ေပးခ်န္ပီယံ ျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ရာသီမွာေတာ့ အဆင့္ ( ၂ ) ေနရာသာ ရရွိခဲ့တယ္။ ကာဂါဝါအေနနဲ႔ ( ၂၀၁၂ ) ခုႏွစ္မွာ ယာဂန္္ကေလာ့ရဲ႕ ေဒါ့မြန္အသင္းနဲ႔အတူ ( ၂ ) ႀကိမ္ဆက္ အမွတ္ေပးခ်န္ပီယံ ျဖစ္ခဲ့ၿပီး ဆာအဲလက္ ဖာဂူဆန္ရဲ႕ ယူႏိုက္တက္အသင္းထံ ယူ႐ို ( ၁၂ ) သန္းနဲ႔ ေျပာင္းေ႐ြ႕ခဲ့ပါတယ္။ ပထမရာသီမွာ ယူႏိုက္တက္နဲ႔အတူ ေျခစြမ္းျပ ကစားခဲ့ၿပီး ( ၆ ) ဂိုးသြင္း၊ ( ၆ ) ဂိုးဖန္တီးကာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ရရွိခဲ့ပါတယ္။

ဖာဂူဆန္ အနားယူၿပီးေနာက္မွာ နည္းျပသစ္ ေဒးဗစ္ မိုးေယးစ္ လက္ေအာက္မွာ ႐ုန္းကန္ခဲ့ရပါတယ္။ မိုေယးစ္ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ နည္းျပသစ္ ျဖစ္လာတဲ့ ဗန္ဟားက ကာဂါဝါကို သူ႔အစီအစဥ္ထဲမွာ မပါဝင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္ ေဒါ့မြန္အသင္းထံ ေျပာင္းေ႐ြ႕ခဲ့ၿပီး ( ၅ ) ႏွစ္တာ အတြင္းမွာ ( ၉၉ ) ပြဲ ကစားၿပီး ဂိုး ( ၂၀ ) သြင္းယူခဲ့ပါတယ္။ အဲ့ဒီေနာက္ ( ၂၀၁၉ ) မွာေတာ့ တူရကီကလပ္ ဘက္ဆီးတပ္အသင္းထံ အငွာ‌းေျပာင္းေရြ႕သြားခဲ့ပါတယ္။