ယူနိုက်တက်၊ လူကာကူ၊ ဂရီးလစ်ရှ် နဲ့ အခြားသတင်းတိုများစုစည်းမှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူငယ်ကွင်းလယ်တိုက်စစ်သမား ဂျိုးဝီလော့ခ်ကို နယူးကာဆယ်လ်အသင်းဆီ ရောင်းချမယ့် ဆုံးဖြတ်ချက်ကို နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ရှုတ်ချလိုက်ပြီး အာဆင်နယ်အသင်းဆိုတာ အခုလိုမျိုး စီမံခန့်ခွဲမှု အမှားတွေကြားမှာ လေးစားစရာမရှိတဲ့ အသင်း ဖြစ်လာခဲ့ပြီလို့ ဝေဖန်ထားပါတယ်။

လီဗာပူးအသင်းဟာ ရာသီကြို ချစ်ကြည်ရေးပွဲ နောက်ဆုံးပွဲအဖြစ် အိုဆာဆူနဲ့နဲ့ ယှဉ်ပြိုင်ရာမှာ မီနာမီနို၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။

ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ဟာ Nike နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကာ Puma ကို ကိုယ်စားပြုဖို့ စံချိန်တင်ကြေးတစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါပြီ။

မန်စီးတီးအသင်းဟာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ဖြင့် ခေါ်ယူခဲ့တဲ့ ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ကို တနင်္လာနေ့က အီတီဟတ်ကွင်းအပြင်ဘက်တွင် မိတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီ မိတ်ဆက်ပွဲတွင် ဂရီးလစ်ရှ်က သူ့အနေနဲ့လည်း အက်စတွန်ဗီလာအသင်းကို နှုတ်ဆက်ရချိန်တွင် မက်ဆီလို ငိုကြွေးပြီး မက်ဆီလို ခံစားခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာ၏နေရာကို ဒါလော့ ကို ယှဉ်ပြိုင်စေလိုတဲ့ အတွက် ထရစ်ပီယာအားခေါ်ယူရန်ကြိုးပမ်းမှု၊စိတ်ဝင်စားမှုတို့ကို ရပ်တန့်တော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အသင်းနဲ့ စာချုပ် ၁၂ လပဲ ကျန်ရှိတော့တဲ့ အသက် ၂၇ နှစ်အရွယ် ခံစစ်မှူး ဂျွန်စတုန်းကို ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် စာချုပ်သစ် ပေးသွားတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္၊ လူကာကူ၊ ဂရီးလစ္ရွ္ နဲ႔ အျခားသတင္းတိုမ်ားစုစည္းမႈ

လူငယ္ကြင္းလယ္တိုက္စစ္သမား ဂ်ိဳးဝီေလာ့ခ္ကို နယူးကာဆယ္လ္အသင္းဆီ ေရာင္းခ်မယ့္ ဆုံးျဖတ္ခ်က္ကို ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ရႈတ္ခ်လိုက္ၿပီး အာဆင္နယ္အသင္းဆိုတာ အခုလိုမ်ိဳး စီမံခန႔္ခြဲမႈ အမွားေတြၾကားမွာ ေလးစားစရာမရွိတဲ့ အသင္း ျဖစ္လာခဲ့ၿပီလို႔ ေဝဖန္ထားပါတယ္။

လီဗာပူးအသင္းဟာ ရာသီႀကိဳ ခ်စ္ၾကည္ေရးပြဲ ေနာက္ဆုံးပြဲအျဖစ္ အိုဆာဆူနဲ႔နဲ႔ ယွဥ္ၿပိဳင္ရာမွာ မီနာမီႏို၊ ဖာမင္ႏိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၃-၁ ျဖင့္ အႏိုင္ရသြားခဲ့ပါတယ္။ ခ်ယ္ဆီးတိုက္စစ္သမား ပူလီဆစ္ဟာ Nike နဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ကာ Puma ကို ကိုယ္စားျပဳဖို႔ စံခ်ိန္တင္ေၾကးတစ္ရပ္ကို လက္မွတ္ေရးထိုးလိုက္ပါၿပီ။

မန္စီးတီးအသင္းဟာ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၁၀၀)ျဖင့္ ေခၚယူခဲ့တဲ့ ကြင္းလယ္ကစားသမား ဂရီးလစ္ရွ္ကို တနလၤာေန႔က အီတီဟတ္ကြင္းအျပင္ဘက္တြင္ မိတ္ဆက္ပြဲ ျပဳလုပ္ေပးခဲ့ပါတယ္။အဲဒီ မိတ္ဆက္ပြဲတြင္ ဂရီးလစ္ရွ္က သူ႔အေနနဲ႔လည္း အက္စတြန္ဗီလာအသင္းကို ႏႈတ္ဆက္ရခ်ိန္တြင္ မက္ဆီလို ငိုေႂကြးၿပီး မက္ဆီလို ခံစားခဲ့ရတယ္လို႔ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဝမ္ဘစ္ဆာကာ၏ေနရာကို ဒါေလာ့ ကို ယွဥ္ၿပိဳင္ေစလိုတဲ့ အတြက္ ထရစ္ပီယာအားေခၚယူရန္ႀကိဳးပမ္းမႈ၊စိတ္ဝင္စားမႈတို႔ကို ရပ္တန႔္ေတာ့မွာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ အသင္းနဲ႔ စာခ်ဳပ္ ၁၂ လပဲ က်န္ရွိေတာ့တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ခံစစ္မႉး ဂြၽန္စတုန္းကို ၂၀၂၆ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္သစ္ ေပးသြားေတာ့မွာျဖစ္ပါတယ္။