ယူနိုက်တက်အားထားနေရတဲ့ ကစားသမား 6 ယောက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်မှာ ကစားသမားလိုအပ်ချက်တွေရှိနေတာကြောင့် လူသစ်ခေါ်ဖို့လုပ်နေပေမယ့် အခုလက်ရှိအသင်းမှာရှိနေတဲ့သူတွေထဲက တချို့ကတော့ ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားဆဲဖြစ်ပြီး၊ တစ်ခါတလေမှာတော့ ခြေချော်တတ်တဲ့အနေအထားတွေရှိပါတယ်။

photo internet

ဒါကြောင့်လက်ရှိပွဲတွေမှာ ယူနိုက်တက်အနေနဲ့ဘယ်ကစားသမားတွေကိုအားထားနေရလဲဆိုတာကို တင်ဆက်ပေးပါမယ်။ ယူနိုက်တက်မှာကောင်းမွန်တဲ့တိုက်စစ်အတွဲရှိမှသာ ပြိုင်ဖက်အသင်းကိုကောင်း ကောင်းယှဉ်ပြိုင်နိုင်မှာဖြစ်ပါ တယ်။ ဂန္တာဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်မှာတော့ကောင်းမွန်တဲ့တိုက်စစ် အတွဲကိုမြင်တွေ့ခဲ့ရပါတယ်။ အခုနည်းပြဆိုးလ်ရှားလက်ထက်မှာ အဲလိုတိုက်စစ်အတွဲရှားပါးနေတာဖြစ်ပြီးရှိ တဲ့ အသင်းသားတွေနဲ့ချိတ်ဆက် ကစားနေရတာဖြစ်ပါတယ်။

photo internet

လူငယ်ကစားသမားတွေကိုအားထားနေရတဲ့ယူနိုက်တက်အတွက်မာရှယ်၊ရက်ရှ်ဖို့၊ မေဆင်ဂရင်းဝုဒ်တို့အတွဲဟာ ကောင်းမွန်တဲ့တိုက်စစ်အတွဲလို့ဆိုနိုင်ပါတယ်။ အချို့စစ်တမ်းတွေအရတော့ ယူနိုက်တက်ရဲ့တိုက်စစ်အတွဲဟာ လီဗာပူးတိုက်စစ်အတွဲထက်သာတယ်လို့ဆိုကြပါတယ်။ အခုရာသီမှာ အသင်းကြီးတွေထဲက အသက်အငယ်ဆုံး တိုက်စစ်အစုအဖွဲ့ရဲ့ စုစုပေါင်းသွင်းဂိုးဟာ ၃၉ ဂိုးထိရှိနေပါတယ်။ ရက်ရှ်ဖို့က အခုရာသီအတွက် 19 ဂိုးသွင်းထားပြီး၊ မာရှယ်ကတော့ 11 ဂိုးအထိသွင်းထားနိုင်ပါတယ်။ မေဆင်ဂရင်းဝုဒ်ရဲ့သွင်းဂိုးကတော့ 9 ဂိုးအထိရှိပါတယ်။

photo internet

ရာသီအစမှာ ရက်ရှ်ဖို့တစ်ယောက်ခြေစွမ်းမကောင်းဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် အဲဒီလိုအနေအထားဟာ အချို့ပွဲတွေမှာသာဖြစ်ပေါ်ခဲ့တာပါ။ ပွဲအချို့မှာတော့ ရက်ရှ်ဖို့တစ်ယောက် အသင်းအတွက်တိုက်စစ်ကို ဦးဆောင်နိုင်စွမ်းရှိပါတယ်။ လောလောလတ်လတ်မှာတော့ ရက်ရှ်ဖို့ဟာ ပွဲ 200 ပြည့် အသက်ငယ်ဆုံး ကစားသမားနေရာကိုရယူသွားနိုင်ခဲ့ပါပြီ။ လင်ဒီလော့၊တွမ်ဇီဘီ၊မက်ဂွိုင်းယားတို့ကလည်း ယူနိုက်တက်အသင်း ကို ဦးဆောင်နိုင်စွမ်းရှိပါတယ်။ လင်ဒီလော့တို့သုံးယောက်အကြောင်းကို ချီးကျူးစကားပြောလာတဲ့သူကတော့ ဝမ်ဘစ်ဆာကာဖြစ်ပါတယ်။

photo internet

“ပွဲတစ်ပွဲ ကစားရတဲ့အခါမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် ကောင်းဖို့ထက် အသင်းလိုက် စွမ်းဆောင်ရည် ပိုကောင်းဖို့ကိုပဲ တွေးပါတယ်။ အသင်းဖော်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရအောင်တည်ဆောက်ရတာ ကျွန်တော် သဘောကျပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိထားတာဟာ ပွဲကစားတဲ့အခါ အများကြီးအဆင်ပြေပါတယ်။ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ် တို့ဟာ ကျွန်တော့်ကို ကွင်းတွင်းမှာသာမက ကွင်းပြင်ပမှာပါ အကူအညီအများကြီးပေးကြပါတယ်။ သူတို့တွေက ကျွန်တော့်ကို အကောင်းဆုံး စိတ်ဓာတ်ခွန်အား ပေးသလို clean sheet ရယူနိုင်ဖို့ လည်းပြောကြပါတယ်။ အသက် 22 နှစ်ပဲရှိသေးတဲ့ တွမ်ဇီဘီကလည်း အရွယ်နဲ့မလိုက်အောင်ရင့်ကျက်တဲ့သူပါ။ သူကပွဲအတွင်းမှာအသံကျယ်ကျယ်နဲ့ ကစားတတ်ပြီး ယူနိုက်တက်ကိုလည်း ဦးဆောင်နိုင်တဲ့သူတစ်ယောက်ပါ”လို့ ဝမ်ဘစ်ဆာကာကပြောပါတယ်။

photo internet

ယူနိုက်တက်အတွက်အခုနောက်ပိုင်းလာမယ့်ပွဲစဉ်တွေဟာ ခက်ခက်ခဲခဲယှဉ်ပြိုင်ရမယ့်ပွဲတွေဖြစ်ပြီး၊ အောင်ပွဲရဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ကစားသမားအသစ်တွေပါဝင် ကစားနိုင်တဲ့အလား အလာရှိပါတယ်။ နည်းပြဆိုးလ်ရှားကတော့ နောက်ထပ်ပွဲစဉ်တွေမှာ ဖလားရဖို့ကြိုးစားမှာဖြစ်ကြောင်းနဲ့ ရှေ့ပိုင်းမှာပွဲတွေဆက်တာကြောင့် ပင်ပန်းတဲ့အနေအထားရှိကြောင်း မှတ်ချက်ပြုထားပါတယ်။ “ရက်၆၀အတွင်း ၁၈ပွဲကစားခဲ့ရတယ်ဆိုတာကအတော်လေး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောထိခိုက်စေပါ တယ်။နော်ဝှခ်ျနဲ့ပွဲကလို ရလဒ်ကောင်းကောင်း တွေပြနိုင်ဖို့ လိုအပ်ပါတယ်”ဆိုပြီးနည်းပြဆိုးလ်ရှားကပြောပါတယ်။ ယူနိုက်တက်အတွက် နည်းပြဆိုးလ်ရှားနဲ့ကစားသမားတွေ ရှေ့ဆက်ပြီးဘယ်လိုခြေလှမ်းတွေလှမ်းကြမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္အားထားေနရတဲ့ ကစားသမား 6 ေယာက္

ယူႏိုက္တက္မွာ ကစားသမားလိုအပ္ခ်က္ေတြရိွေနတာေၾကာင့္ လူသစ္ေခၚဖို႔လုပ္ေနေပမယ့္ အခုလက္ရိွအသင္းမွာရိွေနတဲ့သူေတြထဲက တခ်ဳိ႕ကေတာ့ ေျခစြမ္းေကာင္းေတြပိုင္ဆုိင္ထားဆဲျဖစ္ၿပီး၊ တစ္ခါတေလမွာေတာ့ ေျခေခ်ာ္တတ္တဲ့အေနအထားေတြရိွပါတယ္။ ဒါေၾကာင့္လက္ရိွပဲြေတြမွာ ယူႏိုက္တက္အေနနဲ႔ဘယ္ကစားသမားေတြကိုအားထားေနရလဲဆိုတာကိုတင္ဆက္ေပးပါမယ္။ ယူႏိုက္တက္မွာေကာင္းမြန္တဲ့တိုက္စစ္အတြဲရိွမွသာ ၿပိဳင္ဖက္အသင္းကိုေကာင္းေကာင္းယွဥ္ၿပိဳင္ႏိုင္မွာျဖစ္ပါ တယ္။ ဂႏၱာ၀င္နည္းျပႀကီး ဖာဂူဆန္လက္ထက္မွာေတာ့ေကာင္းမြန္တဲ့တုိက္စစ္အတြဲကိုျမင္္ေတြ႕ခဲ့ရပါတယ္။ အခုနည္းျပဆုိးလ္ရွားလက္ထက္မွာ အဲလုိတိုက္စစ္အတြဲရွားပါးေနတာျဖစ္ၿပီးရိွတဲ့ အသင္းသားေတြနဲ႔ခ်ိတ္ဆက္ ကစားေနရတာျဖစ္ပါတယ္။

လူငယ္ကစားသမားေတြကိုအားထားေနရတဲ့ယူႏိုက္တက္အတြက္မာရွယ္၊ရက္ရွ္ဖို႔၊ ေမဆင္ဂရင္း၀ုဒ္တို႔အတြဲဟာ ေကာင္းမြန္တဲ့တိုက္စစ္အတြဲလို႔ဆိုႏိုင္ပါတယ္။ အခ်ဳိ႕စစ္တမ္းေတြအရေတာ့ ယူႏိုက္တက္ရဲ႕တုိက္စစ္အတြဲဟာ လီဗာပူးတိုက္စစ္အတြဲထက္သာတယ္လို႔ဆိုၾကပါတယ္။ အခုရာသီမွာ အသင္းႀကီးေတြထဲက အသက္အငယ္ဆုံး တိုက္စစ္အစုအဖြဲ႕ရဲ႕ စုစုေပါင္းသြင္းဂိုးဟာ ၃၉ ဂိုးထိရိွေနပါတယ္။ ရက္ရွ္ဖို႔က အခုရာသီအတြက္ 19 ဂိုးသြင္းထားၿပီး၊ မာရွယ္ကေတာ့ 11 ဂိုးအထိသြင္းထားႏိုင္ပါတယ္။ ေမဆင္ဂရင္း၀ုဒ္ရဲ႕သြင္းဂိုးကေတာ့ 9 ဂိုးအထိရိွပါတယ္။

ရာသီအစမွာ ရက္ရွ္ဖို႔တစ္ေယာက္ေျခစြမ္းမေကာင္းဘူးလို႔ ေ၀ဖန္ခံခဲ့ရေပမယ့္ အဲဒီလိုအေနအထားဟာ အခ်ဳိ႕ပြဲေတြမွာသာျဖစ္ေပၚခဲ့တာပါ။ ပြဲအခ်ဳိ႕မွာေတာ့ ရက္ရွ္ဖို႔တစ္ေယာက္ အသင္းအတြက္တိုက္စစ္ကို ဦးေဆာင္ႏိုင္စြမ္းရိွပါတယ္။ ေလာေလာလတ္လတ္မွာေတာ့ ရက္ရွ္ဖို႔ဟာ ပြဲ 200 ျပည့္ အသက္ငယ္ဆုံး ကစားသမားေနရာကိုရယူသြားႏိုင္ခဲ့ပါၿပီ။ လင္ဒီေလာ့၊တြမ္ဇီဘီ၊မက္ဂိြဳင္းယားတုိ႔ကလည္း ယူႏိုက္တက္အသင္း ကို ဦးေဆာင္ႏိုင္စြမ္းရိွပါတယ္။ လင္ဒီေလာ့တို႔သုံးေယာက္အေၾကာင္းကို ခ်ီးက်ဴးစကားေျပာလာတဲ့သူကေတာ့ ၀မ္ဘစ္ဆာကာျဖစ္ပါတယ္။

“ပြဲတစ္ပြဲ ကစားရတဲ့အခါမွာ ကၽြန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္ ေကာင္းဖို႔ထက္ အသင္းလိုက္ စြမ္းေဆာင္ရည္ ပိုေကာင္းဖို႔ကိုပဲ ေတြးပါတယ္။ အသင္းေဖာ္ေတြနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရေအာင္တည္ေဆာက္ရတာ ကၽြန္ေတာ္ သေဘာက်ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈရိွထားတာဟာ ပြဲကစားတဲ့အခါ အမ်ားႀကီးအဆင္ေျပပါတယ္။ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္ တို႔ဟာ ကၽြန္ေတာ့္ကို ကြင္းတြင္းမွာသာမက ကြင္းျပင္ပမွာပါ အကူအညီအမ်ားႀကီးေပးၾကပါတယ္။ သူတို႔ေတြက ကၽြန္ေတာ့္ကို အေကာင္းဆုံး စိတ္ဓာတ္ခြန္အား ေပးသလို clean sheet ရယူနိုင္ဖို႔ လည္းေျပာၾကပါတယ္။ အသက္ 22 ႏွစ္ပဲရိွေသးတဲ့ တြမ္ဇီဘီကလည္း အရြယ္နဲ႔မလိုက္ေအာင္ရင့္က်က္တဲ့သူပါ။ သူကပြဲအတြင္းမွာအသံက်ယ္က်ယ္နဲ႔ ကစားတတ္ၿပီး ယူႏိုက္တက္ကိုလည္း ဦးေဆာင္ႏိုင္တဲ့သူတစ္ေယာက္ပါ”လို႔ ၀မ္ဘစ္ဆာကာကေျပာပါတယ္။

ယူႏို္က္တက္အတြက္အခုေနာက္ပိုင္းလာမယ့္ပြဲစဥ္ေတြဟာ ခက္ခက္ခဲခဲယွဥ္ၿပိဳင္ရမယ့္ပြဲေတြျဖစ္ၿပီး၊ ေအာင္ပြဲရဖုိ႔ လိုအပ္ေနတာလည္းျဖစ္ပါတယ္။ ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ ကစားသမားအသစ္ေတြပါ၀င္ ကစားႏိုင္တဲ့အလားအလာရိွပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ ေနာက္ထပ္ပြဲဲစဥ္ေတြမွာ ဖလားရဖို႔ႀကိဳးစားမွာျဖစ္ေၾကာင္းနဲ႔ေရွ႕ပိုင္းမွာပြဲေတြဆက္တာေၾကာင့္ ပင္ပန္းတဲ့အေနအထားရိွေၾကာင္း မွတ္ခ်က္ျပဳထားပါတယ္။ “ရက္၆၀အတြင္း ၁၈ပြဲကစားခဲ့ရတယ္ဆိုတာကအေတာ္ေလး စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာေရာထိခိုက္ေစပါတယ္။ေနာ္ဝွခ္်နဲ႔ပြဲကလို ရလဒ္ေကာင္းေကာင္း ေတြျပႏိုင္ဖို႔ လိုအပ္ပါတယ္”ဆိုၿပီးနည္းျပဆိုးလ္ရွားကေျပာပါတယ္။ ယူႏိုက္တက္အတြက္ နည္းျပဆိုးလ္ရွားနဲ႔ကစားသမားေတြ ေရွ႕ဆက္ၿပီးဘယ္လုိေျခလွမ္းေတြလွမ္းၾကမလဲဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။