“ယူနိုက်တက်အသင်းအနေနဲ့ အကောင်းဆုံးအခွင့်အရေးရှိနေပြီ” ဒါပေမယ့် ဗိုလ်လုပွဲကိုလိုက်ပါသွားတဲ့ ဖာဂီရဲ့ နည်းစနစ်တွေကအခုအချိန်မှာ အလုပ်ဖြစ်နိုင်ပါ့မလားလို့ ယူနိုက်တက်အသင်းသားဘဝက ဖာဂီနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ ဟားဂရေ့ဗ် ပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုဝင်ဟားဂရေ့ဗ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အသက်(၃၁)နှစ်အရွယ်မှာပဲ ဘောလုံးသမားဘဝကနေအနားယူခဲ့ရပြီး အခုအချိန်မှာတော့ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ လည်း ဝေဖန်သုံးသပ်သူအဖြစ်လုပ်ဆောင်လာမယ့် အိုဝင်ဟားဂရေ့ဗ်ဟာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်က

သူ့ဘဝတစ်လျှောက်အဆိုးရွားဆုံးကစားသမားခေါ်ယူမှုထဲမှာ အိုဝင်ဟားဂရေ့ဗ်ကို ခေါ်ယူခဲ့တာလည်းပါခဲ့တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့အပေါ် အံ့အားသင့်ဝမ်းနည်းခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၀၇ ခုနှစ်မှာ အိုဝင်ဟားဂရေ့ဗ်ကို ဘိုင်ယန်မြူးနစ်အသင်းဆီကနေ ပေါင်(၁၇)သန်းနဲ့ခေါ်ယူခဲ့ပြီး

ယူနိုက်တက်ကစားသမားဘ၀ (၄)နှစ်တာကာလအတွင်း အိုဝင်ဟားဂရေ့ဗ်ဟာ ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရသလို ၂၀၀၈ ကနေ ၂၀၁၁ ခုနှစ်အထိ ပြိုင်ပွဲစုံမှာ (၅)ပွဲသာကစားခဲ့ရပါတယ်။

ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ရာသီဖြစ်တဲ့ ၂၀၀၇-၀၈မှာ အိုဝင်ဟားဂရေ့ဗ်ဟာ အသင်းအတွက် (၃၄)ပွဲကစားခွင့်ရခဲ့ပြီး

ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် မကြာခဏအနားယူနေရလို့

ယူနိုက်တက်အသင်းက အိုဝင်ဟားဂရေ့ဗ်ကို စာချုပ်သက်တမ်းမတိုးတော့တဲ့အတွက် ၂၀၁၁ ခုနှစ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဆီရောက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ သူ့ရဲ့ဒုတိယမြောက် အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ “အိုဝင်ဟားဂရေ့ဗ်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တစ်စက်မှကို မရှိပါဘူး။

သူဟာ ဒဏ်ရာပြဿနာတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်လက်ခံနိုင်လောက်တဲ့အနေအထားမျိုးရောက်အောင် ပြင်းထန်တဲ့စိတ်ဓာတ်မျိုး မရှိခဲ့ပါဘူး။

လေ့ကျင့်ခန်းဆင်းရင်လည်း သူက သက်သက်သာသာဖြစ်စေတဲ့ လေ့ကျင့်ခန်းမျိုးကိုပဲ မကြာခဏပြုလုပ်လေ့ရှိပါတယ်။

အိုဝင်ဟားဂရေ့ဗ်ကို ခေါ်ယူခဲ့တာက ကျွန်တော့်နည်းပြဘဝတစ်လျှောက် စိတ်ပျက်စရာအကောင်းဆုံးကစားသမားခေါ်ယူမှုတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားခဲ့တာပါ။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် Manchester Evening News သတင်းဌာနနဲ့ အင်တာဗျူးမှာ အိုဝင်ဟားဂရေ့ဗ်က “ဖာဂူဆန်ရဲ့ဝေဖန်ရေးသားမှုတွေကို ကျွန်တော်ကြားသိလိုက်ရချိန်မှာ သူ့ဆီကို ကျွန်တော်ဖုန်းဆက်ခဲ့ပါတယ်။

ကျွန်တော့်ကို ဖာဂူဆန်က အဲဒီလိုဝေဖန်ခဲ့တဲ့အတွက် ကိုယ်တိုင်သာမက ကျွန်တော့်မိသားစုတွေပါ အံ့အားသင့်ခဲ့ရပါတယ်။

ကျွန်တော်ဟာ ဘောလုံးလောကထဲလျှောက်လှမ်းဖို့အတွက် အသက်(၁၅)နှစ်အရွယ်ကတည်းက အိမ်နဲ့ခွဲခွာခဲ့ရတယ်ဆိုတာ ကျွန်တော့်အသိုင်းအဝိုင်းကလူတွေ အားလုံးအသိပါပဲ။

ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်လေးကစားခွင့်ရနေပေမယ့် ယူနိုက်တက်လို ထိပ်သီးအသင်းမှာကစားခွင့်ရဖို့၊ ဖာဂူဆန်လိုမျိုး နည်းပြတစ်ဦးရဲ့လက်အောက်မှာ ကစားခွင့်ရဖို့အတွက် အသင်းပြောင်းရွှေ့ခဲ့တာပါ။

ကျွန်တော်ဟာ ဘောလုံးသမားဘဝကို လေးနက်တဲ့ခံယူချက်မရှိဘဲ ဖြတ်သန်းခဲ့တာမဟုတ်ပါဘူး။

ဖာဂူဆန်ဟာ ကျွန်တော့်ကို ပွဲတိုင်းမကစားနိုင်လို့ စိတ်ပျက်ခဲ့ရပေမယ့် ကျွန်တော် ကြံ့ခိုင်မှုပြည့်ဝနေချိန်တိုင်း သူက အမြဲတမ်းအသုံးပြုခဲ့ပါတယ်။

သူ့ကို ကျွန်တော်ဖုန်းဆက်ပြီး နှစ်ယောက်သား အေးအေးဆေးဆေးစကားပြောဖြစ်ခဲ့ပါတယ်။

ကျွန်တော်က ‘ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရလို့ သူ စိတ်ပျက်တာထက် ကျွန်တော်က ပိုစိတ်ပျက်မိတယ်’လို့ အသိပေးခဲ့ပါတယ်။

တစ်ကြိမ်ဆိုရင် ဖာဂူဆန်ဆီကို သွားခဲ့ပြီးကျွန်တော်အပေါ် သူ့ရဲ့ဆက်ဆံတဲ့ပုံစံနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့သားသာ ကျွန်တော့်လို ဒဏ်ရာတွေနဲ့ အခုလိုအခြေအနေမျိုးသားရှိနေခဲ့မယ်ဆိုရင် ကျွန်တော့်အပေါ်ကို ဆုံးဖြတ်ခဲ့တာမျိုးတွေကို လုပ်မှာလားဆိုပြီး ပြောခဲ့မိပါသေးတယ်။

ဒဏ်ရာတွေက ကျွန်တော့်ဘောလုံးသမားဘဝကို ထိခိုက်စေခဲ့လို့ပါပဲ”ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အိုဝင်ဟားဂရေ့ဗ်က သူ့ရဲ့အကြီးမားဆုံးနောင်တက ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့ ဖာဂူဆန်နဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုတာမျိုး

မလုပ်ခဲ့တာပဲဖြစ်ပြီး အသင်းက ဆေးအဖွဲ့တွေနဲ့သာ အချိန်အများဆုံးကုန်ဆုံးခဲ့ရတာပဲဖြစ်တယ်လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“ယူႏိုက္တက္အသင္းအေနနဲ႔ အေကာင္းဆုံးအခြင့္အေရးရွိေနၿပီ” ဒါေပမယ့္ ဗိုလ္လုပြဲကိုလိုက္ပါသြားတဲ့ ဖာဂီရဲ႕ နည္းစနစ္ေတြကအခုအခ်ိန္မွာ အလုပ္ျဖစ္ႏိုင္ပါ့မလားလို႔ ယူႏိုက္တက္အသင္းသားဘဝက ဖာဂီနဲ႔ အဆင္မေျပျဖစ္ခဲ့တဲ့ ဟားဂေရ႕ဗ္ ေျပာၾကား

အိုဝင္ဟားဂေရ႕ဗ္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အသက္(၃၁)ႏွစ္အ႐ြယ္မွာပဲ ေဘာလုံးသမားဘဝကေနအနားယူခဲ့ရၿပီး အခုအခ်ိန္မွာေတာ့ ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ေနသူလည္းျဖစ္ပါတယ္။ ယူရိုပါလိ္ဂ္ ဗိုလ္လုပြဲမွာ လည္း ေဝဖန္သုံးသပ္သူအျဖစ္လုပ္ေဆာင္လာမယ့္ အိုဝင္ဟားဂေရ႕ဗ္ဟာ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္က သူ႔ဘဝတစ္ေလွ်ာက္အဆိုး႐ြားဆုံးကစားသမားေခၚယူမႈထဲမွာ အိုဝင္ဟားဂေရ႕ဗ္ကို ေခၚယူခဲ့တာလည္းပါခဲ့တယ္လို႔ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တဲ့အေပၚ အံ့အားသင့္ဝမ္းနည္းခဲ့ရတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၂၀၀၇ ခုႏွစ္မွာ အိုဝင္ဟားဂေရ႕ဗ္ကို ဘိုင္ယန္ျမဴးနစ္အသင္းဆီကေန ေပါင္(၁၇)သန္းနဲ႔ေခၚယူခဲ့ၿပီး ယူႏိုက္တက္ကစားသမားဘ၀ (၄)ႏွစ္တာကာလအတြင္း အိုဝင္ဟားဂေရ႕ဗ္ဟာ ဒဏ္ရာျပႆနာေတြနဲ႔သာ ႐ုန္းကန္ခဲ့ရသလို ၂၀၀၈ ကေန ၂၀၁၁ ခုႏွစ္အထိ ၿပိဳင္ပြဲစုံမွာ (၅)ပြဲသာကစားခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ရာသီျဖစ္တဲ့ ၂၀၀၇-၀၈မွာ အိုဝင္ဟားဂေရ႕ဗ္ဟာ အသင္းအတြက္ (၃၄)ပြဲကစားခြင့္ရခဲ့ၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြရယူႏိုင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ဒဏ္ရာေတြေၾကာင့္ မၾကာခဏအနားယူေနရလို႔ ယူႏိုက္တက္အသင္းက အိုဝင္ဟားဂေရ႕ဗ္ကို စာခ်ဳပ္သက္တမ္းမတိုးေတာ့တဲ့အတြက္ ၂၀၁၁ ခုႏွစ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းဆီေရာက္ရွိခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဖာဂူဆန္ဟာ ၂၀၁၃ ခုႏွစ္တုန္းကထြက္ရွိခဲ့တဲ့ သူ႔ရဲ႕ဒုတိယေျမာက္ အတၳဳပၸတၱိစာအုပ္ထဲမွာ “အိုဝင္ဟားဂေရ႕ဗ္ဟာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ တစ္စက္မွကို မရွိပါဘူး။ သူဟာ ဒဏ္ရာျပႆနာေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္လက္ခံႏိုင္ေလာက္တဲ့အေနအထားမ်ိဳးေရာက္ေအာင္ ျပင္းထန္တဲ့စိတ္ဓာတ္မ်ိဳး မရွိခဲ့ပါဘူး။

ေလ့က်င့္ခန္းဆင္းရင္လည္း သူက သက္သက္သာသာျဖစ္ေစတဲ့ ေလ့က်င့္ခန္းမ်ိဳးကိုပဲ မၾကာခဏျပဳလုပ္ေလ့ရွိပါတယ္။ အိုဝင္ဟားဂေရ႕ဗ္ကို ေခၚယူခဲ့တာက ကြၽန္ေတာ့္နည္းျပဘဝတစ္ေလွ်ာက္ စိတ္ပ်က္စရာအေကာင္းဆုံးကစားသမားေခၚယူမႈေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ”လို႔ ျပင္းျပင္းထန္ထန္ေဝဖန္ေရးသားခဲ့တာပါ။

အဲဒီကိစၥနဲ႔ပတ္သက္လို႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမတိုင္ခင္ Manchester Evening News သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ အိုဝင္ဟားဂေရ႕ဗ္က “ဖာဂူဆန္ရဲ႕ေဝဖန္ေရးသားမႈေတြကို ကြၽန္ေတာ္ၾကားသိလိုက္ရခ်ိန္မွာ သူ႔ဆီကို ကြၽန္ေတာ္ဖုန္းဆက္ခဲ့ပါတယ္။ ကြၽန္ေတာ့္ကို ဖာဂူဆန္က အဲဒီလိုေဝဖန္ခဲ့တဲ့အတြက္ ကိုယ္တိုင္သာမက ကြၽန္ေတာ့္မိသားစုေတြပါ အံ့အားသင့္ခဲ့ရပါတယ္။

ကြၽန္ေတာ္ဟာ ေဘာလုံးေလာကထဲေလွ်ာက္လွမ္းဖို႔အတြက္ အသက္(၁၅)ႏွစ္အ႐ြယ္ကတည္းက အိမ္နဲ႔ခြဲခြာခဲ့ရတယ္ဆိုတာ ကြၽန္ေတာ့္အသိုင္းအဝိုင္းကလူေတြ အားလုံးအသိပါပဲ။ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ပုံမွန္ေလးကစားခြင့္ရေနေပမယ့္ ယူႏိုက္တက္လို ထိပ္သီးအသင္းမွာကစားခြင့္ရဖို႔၊ ဖာဂူဆန္လိုမ်ိဳး နည္းျပတစ္ဦးရဲ႕လက္ေအာက္မွာ ကစားခြင့္ရဖို႔အတြက္ အသင္းေျပာင္းေ႐ႊ႕ခဲ့တာပါ။ ကြၽန္ေတာ္ဟာ ေဘာလုံးသမားဘဝကို ေလးနက္တဲ့ခံယူခ်က္မရွိဘဲ ျဖတ္သန္းခဲ့တာမဟုတ္ပါဘူး။

ဖာဂူဆန္ဟာ ကြၽန္ေတာ့္ကို ပြဲတိုင္းမကစားႏိုင္လို႔ စိတ္ပ်က္ခဲ့ရေပမယ့္ ကြၽန္ေတာ္ ႀကံ့ခိုင္မႈျပည့္ဝေနခ်ိန္တိုင္း သူက အၿမဲတမ္းအသုံးျပဳခဲ့ပါတယ္။ သူ႔ကို ကြၽန္ေတာ္ဖုန္းဆက္ၿပီး ႏွစ္ေယာက္သား ေအးေအးေဆးေဆးစကားေျပာျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္က ‘ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရလို႔ သူ စိတ္ပ်က္တာထက္ ကြၽန္ေတာ္က ပိုစိတ္ပ်က္မိတယ္’လို႔ အသိေပးခဲ့ပါတယ္။

တစ္ၾကိမ္ဆိုရင္ ဖာဂူဆန္ဆီကို သြားခဲ့ၿပီးကၽြန္ေတာ္အေပၚ သူ႕ရဲ႕ဆက္ဆံတဲ့ပံုစံနဲ႕ ပတ္သက္လို႕ ခင္ဗ်ားရဲ႕သားသာ ကၽြန္ေတာ့္လို ဒဏ္ရာေတြနဲ႔ အခုလိုအေျခအေနမ်ိဳးသာရွိေနခဲ့မယ္ဆိုရင္ ကၽြန္ေတာ့္အေပၚကို ဆံုးျဖတ္ခဲ့တာမ်ိဳးေတြကို လုပ္မွာလားဆိုၿပီး ေျပာခဲ့မိပါေသးတယ္။ ဒဏ္ရာေတြက ကြၽန္ေတာ့္ေဘာလုံးသမားဘဝကို ထိခိုက္ေစခဲ့လို႔ပါပဲ”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အိုဝင္ဟားဂေရ႕ဗ္က သူ႔ရဲ႕အႀကီးမားဆုံးေနာင္တက ဒဏ္ရာျပႆနာေတြနဲ႔ပတ္သက္လို႔ ဖာဂူဆန္နဲ႔ပြင့္ပြင့္လင္းလင္းေဆြးေႏြးေျပာဆိုတာမ်ိဳး မလုပ္ခဲ့တာပဲျဖစ္ၿပီး အသင္းက ေဆးအဖြဲ႕ေတြနဲ႔သာ အခ်ိန္အမ်ားဆုံးကုန္ဆုံးခဲ့ရတာပဲျဖစ္တယ္လို႔ ဆက္လက္ေျပာဆိုခဲ့ပါတယ္။