ယူနိုက်တက်အသင်းအတွက် အောင်မြင်မှုရယူခဲ့ကြတဲ့ ပြင်သစ်ကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာသေးခင်က ပြင်သစ်နောက်ခံလူဗာရန်းကို ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီး ဗာရန်းဟာ အသင်းသမိုင်းတစ်လျှောက် (၁၃)ယောက်မြောက် ပြင်သစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ဗာရန်းမတိုင်ခင် ယူနိုက်တက်အသင်းမှာကစားခဲ့တဲ့ ပြင်သစ်ကစားသမား(၁၂)ယောက်မှာ အများစုက အောင်မြင်မှုတွေရယူခဲ့ပေမယ့် တချို့ကတော့ လူမသိသူမသိဘဝနဲ့ ယူနိုက်တက်ကစားသမားဘဝကို အဆုံးသတ်ခဲ့ရသူတွေလည်းရှိပါတယ်။

ယူနိုက်တက်အသင်းမှာ ကာလတိုသာကစားခဲ့တဲ့ပြင်သစ်ကစားသမားကတော့ ဝီလီယံပရူနီယာဖြစ်ပြီး ၁၉၉၅၊ ဒီဇင်ဘာလမှာ အဓိကနောက်ခံလူတွေ ဒဏ်ရာရနေလို့ နည်းပြကြီးဖာဂူဆန်က အစမ်းသဘောမျိုးနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့်

ဝီလီယံပရူနီယာဟာ အရန်အသင်းနဲ့(၁)ပွဲ၊ ပရီးမီးယားလိဂ်(၂)ပွဲသာကစားခဲ့ရသလို မကြာခင်မှာပဲအသင်းနဲ့လမ်းခွဲခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဘဝမှာ အောင်မြင်မှုမရခဲ့တဲ့တခြားကစားသမားတွေကတော့ ဒေးဗစ်ဘယ်လီယွန်၊ အိုဘာတန်၊ ရှနိုက်ဒါလင်တို့ပဲဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာပဲ အသင်းနဲ့လမ်းခွဲခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှုရယူခဲ့ကြတဲ့ ပြင်သစ်ကစားသမားတွေထဲမှာ နံပါတ်(၁)နေရာပေးရမှာက ‘The King’လို့ ပရိသတ်တွေ နာမည်ပြောင်ပေးခဲ့ကြတဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီးကန်တိုနာပါပဲ။

၁၉၉၂၊ နိုဝင်ဘာလမှာ လိဒ်စ်အသင်းကနေပြောင်းရွှေ့ခဲ့သူ ကန်တိုနာဟာ ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းအောင်မြင်မှုတွေအတွက် အဓိကဦးဆောင်ခဲ့သူဖြစ်သလို ပဲလေ့စ်ပရိသတ်ကို ‘ကွန်ဖူးကစ်’နဲ့ကန်ခဲ့လို့လည်း နာမည်ပျက်ခဲ့ရဖူးပါတယ်။

ဒါပေမဲ့လည်း ကန်တိုနာဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ရင်ထဲမှာ အခုအချိန်အထိ သူရဲကောင်းတစ်ဦးအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအများဆုံးရယူခဲ့တဲ့ပြင်သစ်ကစားသမားအဖြစ် သတ်မှတ်ရမှာက နာမည်ကျော်နောက်ခံလူဟောင်းအီဗရာဖြစ်ပြီး ယူနိုက်တက်ကစားသမားဘဝ(၈)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်(၅)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်ရယူနိုင်ခဲ့ပါတယ်။

အီဗရာလိုပဲ ယူနိုက်တက်အသင်းနဲ့အတူ အဓိကဆုဖလားတွေရယူခဲ့သူက နောက်ခံလူဟောင်းဆီဗက်စတြာပဲဖြစ်ပါတယ်။

ဆီဗက်စတြာဟာ ယူနိုက်တက်အသင်းအတွက် ၁၉၉၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိကစားခဲ့တဲ့ကာလအတွင်း ပရီးမီးယားလိဂ်(၄)ကြိမ်၊ FA ဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်(၁)ကြိမ်စီရယူခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ အောင်မြင်မှုနဲ့ကျရှုံးမှုကို တစ်ပြိုင်နက်ကြုံတွေ့ခဲ့ကြတာက ဘားသက်ဇ်၊ ဘလန့်၊ ဆာဟာတို့ဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူခဲ့ကြပေမယ့် အဆုံးသတ်မလှဖြစ်ခဲ့ရပါတယ်။

အခုလက်ရှိ ယူနိုက်တက်အသင်းရဲ့ပြင်သစ်ကစားသမားနှစ်ဦးဖြစ်တဲ့ ပေ့ါဘာ၊ မာစီယဲလ်တို့ဟာလည်း ဖာဂူဆန်ခေတ်လွန် ယူနိုက်တက်အသင်းရဲ့အောင်မြင်မှုတွေအဖြစ် ယူရိုပါလိဂ်၊လိဂ်ဖလားတွေရယူခဲ့တုန်းက အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ အနာဂတ်ကမသချောဖြစ်နေပါပြီ။

အင်္ဂလိပ်တွေက (၁၃)ဂဏန်းကို Unlucky Number အဖြစ် သတ်မှတ်ထားလို့ ယူနိုက်တက်အသင်းရဲ့ (၁၃)ယောက်မြောက် ပြင်သစ်ကစားသမားဖြစ်လာတဲ့ဗာရန်းတစ်ယောက် အီဗရာ၊ ဆီဗက်စတြာတို့လို ကြီးမားတဲ့အောင်မြင်မှုရယူနိုင်မလား … ဒါမှမဟုတ် ကျရှုံးမှုတွေနဲ့ရင်ဆိုင်ရပြီး ဇာတ်သိမ်းမလှပဲဖြစ်သွားမလားဆိုတာကတော့ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းအတြက္ ေအာင္ျမင္မႈရယူခဲ့ၾကတဲ့ ျပင္သစ္ကစားသမားမ်ား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မၾကာေသးခင္က ျပင္သစ္ေနာက္ခံလူဗာရန္းကို ေခၚယူဖို႔သေဘာတူညီမႈရခဲ့ၿပီး ဗာရန္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ (၁၃)ေယာက္ေျမာက္ ျပင္သစ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။ ဗာရန္းမတိုင္ခင္ ယူႏိုက္တက္အသင္းမွာကစားခဲ့တဲ့ ျပင္သစ္ကစားသမား(၁၂)ေယာက္မွာ အမ်ားစုက ေအာင္ျမင္မႈေတြရယူခဲ့ေပမယ့္ တခ်ိဳ႕ကေတာ့ လူမသိသူမသိဘဝနဲ႔ ယူႏိုက္တက္ကစားသမားဘဝကို အဆုံးသတ္ခဲ့ရသူေတြလည္းရွိပါတယ္။

ယူႏိုက္တက္အသင္းမွာ ကာလတိုသာကစားခဲ့တဲ့ျပင္သစ္ကစားသမားကေတာ့ ဝီလီယံပ႐ူနီယာျဖစ္ၿပီး ၁၉၉၅၊ ဒီဇင္ဘာလမွာ အဓိကေနာက္ခံလူေတြ ဒဏ္ရာရေနလို႔ နည္းျပႀကီးဖာဂူဆန္က အစမ္းသေဘာမ်ိဳးနဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ ဝီလီယံပ႐ူနီယာဟာ အရန္အသင္းနဲ႔(၁)ပြဲ၊ ပရီးမီးယားလိဂ္(၂)ပြဲသာကစားခဲ့ရသလို မၾကာခင္မွာပဲအသင္းနဲ႔လမ္းခြဲခဲ့ပါတယ္။ ယူႏိုက္တက္ကစားသမားဘဝမွာ ေအာင္ျမင္မႈမရခဲ့တဲ့တျခားကစားသမားေတြကေတာ့ ေဒးဗစ္ဘယ္လီယြန္၊ အိုဘာတန္၊ ရွႏိုက္ဒါလင္တို႔ပဲျဖစ္ၿပီး ႏွစ္အနည္းငယ္အၾကာမွာပဲ အသင္းနဲ႔လမ္းခြဲခဲ့ၾကပါတယ္။

ယူႏိုက္တက္အသင္းအတြက္ ႀကီးမားတဲ့ေအာင္ျမင္မႈရယူခဲ့ၾကတဲ့ ျပင္သစ္ကစားသမားေတြထဲမွာ နံပါတ္(၁)ေနရာေပးရမွာက ‘The King’လို႔ ပရိသတ္ေတြ နာမည္ေျပာင္ေပးခဲ့ၾကတဲ့ ဂႏၴဝင္တိုက္စစ္မႉးႀကီးကန္တိုနာပါပဲ။ ၁၉၉၂၊ ႏိုဝင္ဘာလမွာ လိဒ္စ္အသင္းကေနေျပာင္းေ႐ႊ႕ခဲ့သူ ကန္တိုနာဟာ ယူႏိုက္တက္အသင္းရဲ႕ပရီးမီးယားလိဂ္ေခတ္ဦးပိုင္းေအာင္ျမင္မႈေတြအတြက္ အဓိကဦးေဆာင္ခဲ့သူျဖစ္သလို ပဲေလ့စ္ပရိသတ္ကို ‘ကြန္ဖူးကစ္’နဲ႔ကန္ခဲ့လို႔လည္း နာမည္ပ်က္ခဲ့ရဖူးပါတယ္။ ဒါေပမဲ့လည္း ကန္တိုနာဟာ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ရင္ထဲမွာ အခုအခ်ိန္အထိ သူရဲေကာင္းတစ္ဦးအျဖစ္သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းနဲ႔အတူ ဆုဖလားအမ်ားဆုံးရယူခဲ့တဲ့ျပင္သစ္ကစားသမားအျဖစ္ သတ္မွတ္ရမွာက နာမည္ေက်ာ္ေနာက္ခံလူေဟာင္းအီဗရာျဖစ္ၿပီး ယူႏိုက္တက္ကစားသမားဘဝ(၈)ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္(၅)ႀကိမ္၊ လိဂ္ဖလား(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္ရယူႏိုင္ခဲ့ပါတယ္။ အီဗရာလိုပဲ ယူႏိုက္တက္အသင္းနဲ႔အတူ အဓိကဆုဖလားေတြရယူခဲ့သူက ေနာက္ခံလူေဟာင္းဆီဗက္စၾတာပဲျဖစ္ပါတယ္။

ဆီဗက္စၾတာဟာ ယူႏိုက္တက္အသင္းအတြက္ ၁၉၉၉ ခုႏွစ္ကေန ၂၀၀၈ ခုႏွစ္အထိကစားခဲ့တဲ့ကာလအတြင္း ပရီးမီးယားလိဂ္(၄)ႀကိမ္၊ FA ဖလား၊ လိဂ္ဖလား၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္စီရယူခဲ့ပါတယ္။ ယူႏိုက္တက္အသင္းမွာ ေအာင္ျမင္မႈနဲ႔က်ရႈံးမႈကို တစ္ၿပိဳင္နက္ႀကဳံေတြ႕ခဲ့ၾကတာက ဘားသက္ဇ္၊ ဘလန႔္၊ ဆာဟာတို႔ျဖစ္ၿပီး အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈေတြရယူခဲ့ၾကေပမယ့္ အဆုံးသတ္မလွျဖစ္ခဲ့ရပါတယ္။

အခုလက္ရွိ ယူႏိုက္တက္အသင္းရဲ႕ျပင္သစ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ေပ့ါဘာ၊ မာစီယဲလ္တို႔ဟာလည္း ဖာဂူဆန္ေခတ္လြန္ ယူႏိုက္တက္အသင္းရဲ႕ေအာင္ျမင္မႈေတြအျဖစ္ ယူ႐ိုပါလိဂ္၊လိဂ္ဖလားေတြရယူခဲ့တုန္းက အဓိကအခန္းက႑မွာ ပါဝင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ႏွစ္ေယာက္စလုံးရဲ႕ အနာဂတ္ကမသေခ်ာျဖစ္ေနပါၿပီ။ အဂၤလိပ္ေတြက (၁၃)ဂဏန္းကို Unlucky Number အျဖစ္ သတ္မွတ္ထားလို႔ ယူႏိုက္တက္အသင္းရဲ႕ (၁၃)ေယာက္ေျမာက္ ျပင္သစ္ကစားသမားျဖစ္လာတဲ့ဗာရန္းတစ္ေယာက္ အီဗရာ၊ ဆီဗက္စၾတာတို႔လို ႀကီးမားတဲ့ေအာင္ျမင္မႈရယူႏိုင္မလား .. ဒါမွမဟုတ္ က်ရႈံးမႈေတြနဲ႔ရင္ဆိုင္ရၿပီး ဇာတ္သိမ္းမလွပဲျဖစ္သြားမလားဆိုတာကေတာ့ . . .