
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ မကြာသေးခင်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုခဲ့သလို တစ်ချိန်က သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၇)ဂျာစီကို ပြန်လည်ဝတ်ဆင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အိုင်ယာလန်နဲ့ပွဲမှာ ဂိုးသွင်းအပြီး အင်္ကျီချွတ်အောင်ပွဲခံခဲ့တဲ့အတွက် အဝါကတ်ပြသခံခဲ့ရတာကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ ယူနိုက်တက်အသင်းနဲ့စောစောစီးစီးပူးပေါင်းခွင့်ရရှိမှာဖြစ်သလို
လာမယ့်တစ်ပတ် စက်တင်ဘာ(၁၁)ရက်ကျရင် နယူးကာဆယ်နဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲမှာ အသင်းသစ်အတွက် ပွဲဦးထွက်ကစားဖို့ရှိနေပါပြီ။
စီရော်နယ်လ်ဒိုအတွက် ကျေနပ်စရာကောင်းတာက ယူနိုက်တက်အသင်းရဲ့လာမယ့်ပရီးမီးယားလိဂ်(၃)ပွဲက သူ အမြဲတမ်းဂိုးမြူးလေ့ရှိတဲ့ပြိုင်ဘက်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ပါပဲ။
ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ နယူးကာဆယ်အသင်းကို လက်ခံကစားရမှာဖြစ်ပြီး စီရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်ဟက်ထရစ်သွင်းခဲ့တာက
နယူးကာဆယ်အသင်းနဲ့ပွဲမှာဖြစ်သလို နယူးကာဆယ်နဲ့(၁၀)ပွဲ ရင်ဆိုင်ကစားခဲ့တာမှာ (၅)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
၂၀၀၇-၀၈ ရာသီ အိမ်ကွင်းပွဲအဖြစ် နယူးကာဆယ်ကို (၆)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ စီရော်နယ်လ်ဒိုက(၄၉၊ ၇၀၊ ၈၈)မိနစ်တွေမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး ဒါက သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ ၂၀၀၃-၂၀၀၉ ခုနှစ်အတွင်း တစ်ကြိမ်တည်းသောပရီးမီးယားလိဂ်ဟက်ထရစ်လည်းဖြစ်ခဲ့ပါတယ်။
နယူးကာဆယ်နဲ့ပွဲအပြီး စက်တင်ဘာ(၁၉)ရက်မှာ ဒီရာသီအစတောက်လျှောက်ခြေတက်နေတဲ့ ဝက်စ်ဟမ်းအသင်းနဲ့အဝေးကွင်းပွဲသွားရောက်ကစားရမှာဖြစ်ပြီး စီရော်နယ်လ်ဒိုဟာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ဂိုးသွင်းယူခဲ့တာပါ။
အဲဒီပွဲအပြီး (၆)ရက်အကြာ စက်တင်ဘာ(၂၅)ရက်မှာတော့ အက်စတွန်ဗီလာအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အက်စတွန်ဗီလာအသင်းကတော့ ကျန်တဲ့နှစ်သင်းထက် စီရော်နယ်လ်ဒိုအနိုင်ကျင့်တာကို ပိုခံခဲ့ရသလို စုစုပေါင်း(၁၂)ပွဲမှာ(၈)ဂိုးအထိအသွင်းခံခဲ့ရပါတယ်။
အဲဒါကြောင့် စီရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်တစ်ကျော့ပြန်ခရီးအစပိုင်းက အခက်အခဲမရှိနိုင်ဘဲ စီရော်နယ်လ်ဒိုအနေနဲ့ အဲဒီပွဲတွေမှာ အရင်ကလိုပဲ ခြေစွမ်းပြဂိုးတွေသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူႏိုက္တက္အသင္းရဲ႕ လာမယ့္ပရီးမီးယားလိဂ္(၃)ပြဲက စီေရာ္နယ္လ္ဒို ဂိုးျမဴးေလ့ရွိတဲ့ ၿပိဳင္ဘက္ေတြျဖစ္ေန
ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ မၾကာေသးခင္က မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သလို တစ္ခ်ိန္က သူဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၇)ဂ်ာစီကို ျပန္လည္ဝတ္ဆင္ခြင့္ရရွိခဲ့ၿပီျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့အိုင္ယာလန္နဲ႔ပြဲမွာ ဂိုးသြင္းအၿပီး အက်ႌခြၽတ္ေအာင္ပြဲခံခဲ့တဲ့အတြက္ အဝါကတ္ျပသခံခဲ့ရတာေၾကာင့္ ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္လို႔ ယူႏိုက္တက္အသင္းနဲ႔ေစာေစာစီးစီးပူးေပါင္းခြင့္ရရွိမွာျဖစ္သလို လာမယ့္တစ္ပတ္ စက္တင္ဘာ(၁၁)ရက္က်ရင္ နယူးကာဆယ္နဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲမွာ အသင္းသစ္အတြက္ ပြဲဦးထြက္ကစားဖို႔ရွိေနပါၿပီ။
စီေရာ္နယ္လ္ဒိုအတြက္ ေက်နပ္စရာေကာင္းတာက ယူႏိုက္တက္အသင္းရဲ႕လာမယ့္ပရီးမီးယားလိဂ္(၃)ပြဲက သူ အၿမဲတမ္းဂိုးျမဴးေလ့ရွိတဲ့ၿပိဳင္ဘက္အသင္းေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ပါပဲ။ ယူႏိုက္တက္အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ နယူးကာဆယ္အသင္းကို လက္ခံကစားရမွာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဟက္ထရစ္သြင္းခဲ့တာက နယူးကာဆယ္အသင္းနဲ႔ပြဲမွာျဖစ္သလို နယူးကာဆယ္နဲ႔(၁၀)ပြဲ ရင္ဆိုင္ကစားခဲ့တာမွာ (၅)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။
၂၀၀၇-၀၈ ရာသီ အိမ္ကြင္းပြဲအျဖစ္ နယူးကာဆယ္ကို (၆)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ စီေရာ္နယ္လ္ဒိုက(၄၉၊ ၇၀၊ ၈၈)မိနစ္ေတြမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး ဒါက သူ႔ရဲ႕ယူႏိုက္တက္ကစားသမားဘဝ ၂၀၀၃-၂၀၀၉ ခုႏွစ္အတြင္း တစ္ႀကိမ္တည္းေသာပရီးမီးယားလိဂ္ဟက္ထရစ္လည္းျဖစ္ခဲ့ပါတယ္။ နယူးကာဆယ္နဲ႔ပြဲအၿပီး စက္တင္ဘာ(၁၉)ရက္မွာ ဒီရာသီအစေတာက္ေလွ်ာက္ေျခတက္ေနတဲ့ ဝက္စ္ဟမ္းအသင္းနဲ႔အေဝးကြင္းပြဲသြားေရာက္ကစားရမွာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုဟာ ဝက္စ္ဟမ္းအသင္းနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ပရီးမီးယားလိဂ္(၇)ပြဲမွာ (၅)ဂိုးသြင္းယူခဲ့တာပါ။
အဲဒီပြဲအၿပီး (၆)ရက္အၾကာ စက္တင္ဘာ(၂၅)ရက္မွာေတာ့ အက္စတြန္ဗီလာအသင္းနဲ႔ အိမ္ကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အက္စတြန္ဗီလာအသင္းကေတာ့ က်န္တဲ့ႏွစ္သင္းထက္ စီေရာ္နယ္လ္ဒိုအႏိုင္က်င့္တာကို ပိုခံခဲ့ရသလို စုစုေပါင္း(၁၂)ပြဲမွာ(၈)ဂိုးအထိအသြင္းခံခဲ့ရပါတယ္။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ ယူႏိုက္တက္တစ္ေက်ာ့ျပန္ခရီးအစပိုင္းက အခက္အခဲမရွိႏိုင္ဘဲ စီေရာ္နယ္လ္ဒိုအေနနဲ႔ အဲဒီပြဲေတြမွာ အရင္ကလိုပဲ ေျခစြမ္းျပဂိုးေတြသြင္းႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .