M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေ့ါမွန်အသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမား ဆန်ချိုကို ပေါင်(၇၃)သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက် ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ လာရောက်ဆေးစစ်မှုခံယူပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့ မနက်အစောပိုင်းက အနက်ရောက်ဗန်ကားတစ်စီးဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းထဲ ဝင်လာပြီး အဲဒီကားထဲမှာ ဆန်ချိုလိုက်ပါလာဖို့များတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်အသင်းနဲ့ ဆေးစစ်မှုခံယူအပြီးမှာ အပန်းဖြေအားလပ်ရက်ခရီးထွက်မှာဖြစ်ပြီး (၃)ပတ်ကြာရင်တော့ ယူနိုက်တက်အသင်းနဲ့ လာရောက်ပူးပေါင်းရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် လိဒ်စ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီမတိုင်ခင် ရာသီကြို ခြေစမ်းပွဲတွေကစားဖို့ရှိပေမယ့် အဲဒီခြေစမ်းပွဲတွေမှာ ဆန်ချို ပါဝင်ကစားဖို့ မသေချာပါဘူး။
အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ၂၀၁၇ ခုနှစ်တုန်းက မန်စီးတီးအသင်းကနေ ဒေ့ါမွန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ဒေ့ါမွန်ကစားသမားဘ၀ (၄)ရာသီကာလအတွင်း
အသင်းအတွက် (၁၃၇)ပွဲကစား၊ သွင်းဂိုး(၅၀)၊ ဂိုးဖန်တီးမှု(၆၄)ကြိမ်ပြုလုပ်ခဲ့သလို အသင်းနဲ့အတူ ဂျာမန်ပိုကယ်လ်ဖလား၊ ဂျာမန်စူပါဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒ့ါအပြင် ဆန်ချိုဟာ ဒေ့ါမွန်အသင်းအတွက် ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ တစ်ရာသီအတွင်း (၁၀)ဂိုးသွင်းခဲ့တဲ့အသက်အငယ်ဆုံးကစားသမားစတဲ့စံချိန်တွေအပါအဝင် တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေ အများကြီး ပိုင်ဆိုင်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန်ချိုကို ခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် ဒေ့ါမွန်အသင်း တောင်းဆိုခဲ့တဲ့ ပေါင်သန်း(၁၀၀)ပမာဏကို ပေးချေဖို့ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ အခုနှစ်မှ ဆန်ချိုအတွက် ပေါင်(၇၃)သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုခံယူခဲ့တဲ့ ဆန်ချို
အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ၂၀၁၇ ခုနှစ်တုန်းက မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ဒေါ့မွန်ကစားသမားဘ၀ (၄)ရာသီကာလအတွင်း အသင်းအတွက် (၁၃၇)ပွဲကစား၊ သွင်းဂိုး(၅၀)၊ ဂိုးဖန်တီးမှု(၆၄)ကြိမ်ပြုလုပ်ခဲ့သလို အသင်းနဲ့အတူ ဂျာမန်ပိုကယ်လ်ဖလား၊ ဂျာမန်စူပါဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒ့ါအပြင် ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ တစ်ရာသီအတွင်း (၁၀)ဂိုးသွင်းခဲ့တဲ့အသက်အငယ်ဆုံးကစားသမားစတဲ့စံချိန်တွေအပါအဝင် တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေ အများကြီး ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန်ချိုကို ခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်း တောင်းဆိုခဲ့တဲ့ ပေါင်သန်း(၁၀၀)ပမာဏကို ပေးချေဖို့ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ အခုနှစ်မှ ဆန်ချိုအတွက် ပေါင်(၇၃)သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။