ယူနိုက်တက်အသင်းရဲ့စီမံခန့်ခွဲမှုကို “ လူသစ်စုဆောင်းထားမှုကို ကြည့်ပါ သည်းမခံနိုင်စရာပါပဲ “ လို့ ဝေဖန်လိုက်တဲ့ နဗီးလ်


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူသစ်စုဆောင်းထားမှုက သည်းမခံနိုင်စရာပါပဲ၊ ကမ္ဘာ့ပေါ်မှာ ဒုတိယအများဆုံး ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ထားပေမယ့် အသင်းရဲ့ အခြေအနေက စီမံခန့်ခွဲမှုမရှိဘဲ ကမောက်ကမတွေ ဖြစ်နေပါတယ်လို့ နဗီးလ်က ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတွေသုံးစွဲထားပေမယ့် ရလဒ်တွေကတော့ ထင်သလောက် မဖြစ်လာခဲ့ပါဘူး ။ နည်းပြဆိုးလ်ရှားအနေနဲ့လည်း တကယ်ကို အရည်အသွေးပြည့်ဝတဲ့ ကစားသမားကောင်းတွေကိုသာ အလေးထားရှာဖွေ ခေါ်ယူသင့်တာ ဖြစ်ပါတယ်။

တကယ်ကို ရေရှည်မှာအောင်မြင်မှုတွေ ရရှိလိုတယ်ဆိုရင်တော့ နည်းပြဆိုးလ်ရှားလည်းပဲ အထက်ကလူတွေရဲ့ ကူညီပေးမှုကို လိုအပ်မှာ ဖြစ်ပါတယ်။ ယူူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်း နဗီးလ်က ယမန်နေ့က အန်ဖီးလ်မှာ အသင်းဟောင်းရဲ့ ၂-၀ နဲ့ ရှုံးပွဲကို မြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်စကားတွေ ပြောဆိုခဲ့ပါတယ်။

နဗီးလ်က “ ပြီးခဲ့တဲ့ ၅နှစ်၊ ၆ နှစ် ၇ နှစ်တုန်းကလို ကစားသမားလူစာရင်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော် မယုံကြည်နိုင်ပါဘူး ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ယူနိုက်တက်အသင်းက ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ငွေကြေးပေးချေမှုကို လုပ်ဆောင်ထားတယ်ဆိုတာ ကျွန်တော်တွေ့ခဲ့ရပါတယ်။ ခု လူစာရင်းကို ကြည့်ပါဦး ။ သည်းမခံနိုင်စရာပဲ ။ ဒါတကယ်ပဲလား ။ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်ကို ကျွန်တော် မပြောင်းလဲနိုင်ပါဘူး ။ ဘယ်သူမှလည်း မပြောင်းလဲနိုင်ဘူး ။ ဒါပေမယ့် ဖာဂူဆန် အနားယူသွားကတည်းက ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေတဲ့ ယူနိုက်တက်ကို ပိုင်ရှင်တွေကိုယ်တိုင်က အသင်းရဲ့ စီမံခန့်ခွဲနေပုံတွေမဟုတ်တာ ဘာကြောင့် လက်ပိုက်ကြည့်နေသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး “ လို့ ပြောသွားခဲ့ပါတယ်။