ယူနိုက်တက်အသင်းမှာ သူဘာကြောင့် ခြေစွမ်းကျခဲ့လဲဆိုတဲ့ကိစ္စကို ပေါ့ဂ်ဘာ ရှင်းပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်းမပြနိုင်သလို ပါဝင်ကစားရ တဲ့ပွဲတွေမှာလည်း စိတ်မပါသလိုကစားနေတယ်လို့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေ ခံနေရတဲ့ပေါ့ဂ်ဘာဟာ သူ့ကို ကိုဗစ်ဗိုင်းရပ်စ်ရောဂါပိုးက သူ့ရဲ့ကာယကြံ့ခိုင်မှုကို အတော်လေးထိခိုက်စေခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ပေါ့ဂ်ဘာဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးကိုသွင်းယူပေးခဲ့တဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့မန်ယူ အသင်းရဲ့ ချန်ပီယံလိဂ်နဲ့ ပွဲစဉ်အချို့မှာ လုံးဝမပါတာနဲ့ အရန်ခုံထိုင်ရတာတွေ ရှိခဲ့တဲ့သူပါ။ လွန်ခဲ့တဲ့သြဂုတ်လ ၂၇ ရက်နေ့တုန်းက သူ့မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာကြောင့် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပြိုင်ပွဲလူစာရင်း ကနေ နုတ်ထွက်ခဲ့သလို ကွာရတိုင်း ၁၀ ရက် ဝင်ခဲ့ရပါတယ်။

ပေါ့ဂ်ဘာဟာ မန် ယူအသင်းအတွက် ပင်နယ်တီပြစ်ဒဏ်ဘောအများဆုံးပေးခံရစေခဲ့တဲ့ ကစားသမားဖြစ်ခဲ့သလို စွမ်းဆောင်ရည်ကျဆင်းမှုတွေကြောင့် နည်းပြဆိုးလ်ရှား က အရန်အဖြစ်ပဲ အသုံးပြုလာခဲ့တာလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပေါ့ဂ်ဘာတစ်ယောက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့တာပါ။

ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ခံစားရတဲ့အပိုင်းကို ပေါ့ဂ်ဘာက “သေချာရှင်းပြဖို့ခက်ပါတယ်။ ဒီအကြောင်းက ထူးလည်းထူးဆန်းတယ်။ ကိုယ် တိုင်မဖြစ်ဘူးရင် နားလည်နိုင်မှာမဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာ နေလို့ထိုင်လို့မကောင်းတဲ့အကြောင်းကို အသင်းရဲ့ကြံ့ခိုင်ရေးနည်းပြကို ကျွန်တော်ပြောပြခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ အသက်ရှူသွင်း၊ ရှူထုတ်တာ အရမ်းမြန်နေပြီး ခပ်မြန်မြန်ပဲ ပြန်မောနေပါတယ်။ ပထမဆုံး(ပဲလေ့စ်)နဲ့ပွဲမှာဆို ရင် ကောင်းကောင်းတောင်မပြေးနိုင်ခဲ့ပါဘူး။ ကာယကြံ့ခိုင်မှုပိုင်းမှာ အားလျော့နေတယ်လို့ ခံစားမိပါတယ်။ ပွဲချိန်ပြည့်ကစားဖို့မဖြစ်နိုင်ဘူးလို့လည်း ထင်နေခဲ့တယ်။

ကျွန်တော်က ကျွန်တော်မဟုတ်သလိုဖြစ်နေခဲ့တာပါ။ အခုတော့ နေလို့ကောင်း သွားပါပြီ။ ကြိုးစားပြီးစောင့်ခဲ့ရတာတွေကို အခုချိန်မှာ အသုံးချပြီး ပွဲကိုလည်း ထိန်းချုပ်ကစားနိုင်ပြီလို့ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ လှပတဲ့ကန်ချက်နဲ့ ချေပဂိုးသွင်းနိုင်ခဲ့ပြီး သူ့ဆီဘောလုံးမရောက်ခင် ဖာနန်ဒက် လက်ခံရယူခဲ့တဲ့ဘောလုံးဟာ ဘေးစည်းကျော်သွားခဲ့တယ် ဆိုပြီး ဝက်စ်ဟမ်းနည်းပြမိုယက်စ်အပါအဝင် အငြင်းပွားမှုတွေရှိနေပေမယ့် ပေါ့ဂ် ဘာကတော့ သူ့ရဲ့ကန်ချက်အကြောင်းကိုပြောခဲ့ပြီး စည်းကျော်၊ မကျော်ကိစ္စကိုတော့ မှတ်ချက်မပြုခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အသင္းမွာ သူဘာေၾကာင့္ ေျခစြမ္းက်ခဲ့လဲဆိုတဲ့ကိစၥကို ေပါ့ဂ္ဘာ ရွင္းၿပီ။

ဒီႏွစ္ေဘာလုံးရာသီမွာ မန္ယူအသင္းအတြက္ ေျခစြမ္းမျပႏိုင္သလို ပါဝင္ကစားရ တဲ့ပြဲေတြမွာလည္း စိတ္မပါသလိုကစားေနတယ္လို႔ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြ ခံေနရတဲ့ေပါ့ဂ္ဘာဟာ သူ႔ကို ကိုဗစ္ဗိုင္းရပ္စ္ေရာဂါပိုးက သူ႔ရဲ႕ကာယႀကံ့ခိုင္မႈကို အေတာ္ေလးထိခိုက္ေစခဲ့တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ေပါ့ဂ္ဘာဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အသင္းအတြက္ ေခ်ပဂိုးကိုသြင္းယူေပးခဲ့တဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့မန္ယူ အသင္းရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ပြဲစဥ္အခ်ိဳ႕မွာ လုံးဝမပါတာနဲ႔ အရန္ခုံထိုင္ရတာေတြ ရွိခဲ့တဲ့သူပါ။ လြန္ခဲ့တဲ့ၾသဂုတ္လ ၂၇ ရက္ေန႔တုန္းက သူ႔မွာ ကိုဗစ္ဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့တာေၾကာင့္ ျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕ ႏိုင္ငံတကာၿပိဳင္ပြဲလူစာရင္း ကေန ႏုတ္ထြက္ခဲ့သလို ကြာရတိုင္း ၁၀ ရက္ ဝင္ခဲ့ရပါတယ္။

ေပါ့ဂ္ဘာဟာ မန္ ယူအသင္းအတြက္ ပင္နယ္တီျပစ္ဒဏ္ေဘာအမ်ားဆုံးေပးခံရေစခဲ့တဲ့ ကစားသမားျဖစ္ခဲ့သလို စြမ္းေဆာင္ရည္က်ဆင္းမႈေတြေၾကာင့္ နည္းျပဆိုးလ္ရွား က အရန္အျဖစ္ပဲ အသုံးျပဳလာခဲ့တာလည္း ျဖစ္ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲမွာေတာ့ ေပါ့ဂ္ဘာတစ္ေယာက္ ပြဲထြက္လူစာရင္းမွာ ပါဝင္လာခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို ဂိုးလည္းသြင္းႏိုင္ခဲ့တာပါ။ ကိုဗစ္ဗိုင္းရပ္စ္ေၾကာင့္ ခံစားရတဲ့အပိုင္းကို ေပါ့ဂ္ဘာက “ေသခ်ာရွင္းျပဖို႔ခက္ပါတယ္။ ဒီအေၾကာင္းက ထူးလည္းထူးဆန္းတယ္။ ကိုယ္ တိုင္မျဖစ္ဘူးရင္ နားလည္ႏိုင္မွာမဟုတ္ပါဘူး။ ေလ့က်င့္ေရးကြင္းမွာ ေနလို႔ထိုင္လို႔မေကာင္းတဲ့အေၾကာင္းကို အသင္းရဲ႕ႀကံ့ခိုင္ေရးနည္းျပကို ကြၽန္ေတာ္ေျပာျပခဲ့ပါတယ္။

ကြၽန္ေတာ့္အေနနဲ႔ အသက္ရႉသြင္း၊ ရႉထုတ္တာ အရမ္းျမန္ေနၿပီး ခပ္ျမန္ျမန္ပဲ ျပန္ေမာေနပါတယ္။ ပထမဆုံး(ပဲေလ့စ္)နဲ႔ပြဲမွာဆို ရင္ ေကာင္းေကာင္းေတာင္မေျပးႏိုင္ခဲ့ပါဘူး။ ကာယႀကံ့ခိုင္မႈပိုင္းမွာ အားေလ်ာ့ေနတယ္လို႔ ခံစားမိပါတယ္။ ပြဲခ်ိန္ျပည့္ကစားဖို႔မျဖစ္ႏိုင္ဘူးလို႔လည္း ထင္ေနခဲ့တယ္။ ကြၽန္ေတာ္က ကြၽန္ေတာ္မဟုတ္သလိုျဖစ္ေနခဲ့တာပါ။ အခုေတာ့ ေနလို႔ေကာင္း သြားပါၿပီ။ ႀကိဳးစားၿပီးေစာင့္ခဲ့ရတာေတြကို အခုခ်ိန္မွာ အသုံးခ်ၿပီး ပြဲကိုလည္း ထိန္းခ်ဳပ္ကစားႏိုင္ၿပီလို႔ထင္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေပါ့ဂ္ဘာဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ လွပတဲ့ကန္ခ်က္နဲ႔ ေခ်ပဂိုးသြင္းႏိုင္ခဲ့ၿပီး သူ႔ဆီေဘာလုံးမေရာက္ခင္ ဖာနန္ဒက္ လက္ခံရယူခဲ့တဲ့ေဘာလုံးဟာ ေဘးစည္းေက်ာ္သြားခဲ့တယ္ ဆိုၿပီး ဝက္စ္ဟမ္းနည္းျပမိုယက္စ္အပါအဝင္ အျငင္းပြားမႈေတြရွိေနေပမယ့္ ေပါ့ဂ္ ဘာကေတာ့ သူ႔ရဲ႕ကန္ခ်က္အေၾကာင္းကိုေျပာခဲ့ၿပီး စည္းေက်ာ္၊ မေက်ာ္ကိစၥကိုေတာ့ မွတ္ခ်က္မျပဳခဲ့ပါဘူး။