ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၁၉)ဝတ်ဆင်ဖို့ရှိနေတဲ့ ကစားသမားသစ်ဗာရန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အခုရက်ပိုင်းအတွင်းဆေးစစ်မှုခံယူခဲ့တဲ့ ပြင်သစ်နောက်ခံလူဗာရန်းဟာ ဒီနေ့မှာပဲ အသင်းနဲ့တရားဝင်စာချုပ်ချုပ်ဆိုသွားဖို့ရှိနေပါပြီ။

ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေးအဖြစ် ရီးယဲလ်အသင်းကို ပေါင်(၃၄.၂)သန်းအရင်ဆုံးပေးချေရမှာဖြစ်ပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် နောက်ထပ်ပေါင်(၈)သန်းထပ်မံပေးချေရမှာပါ။

ဗာရန်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းက မန်ချက်စတာမြို့ကို ရောက်ရှိနေတာဖြစ်ပြီး ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုခံယူခဲ့သလို အခု ဒုတိယအဆင့်ဆေးစစ်မှုအောင်မြင်သွားပြီလို့ ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ဗာရန်းအနေနဲ့ ယူနိုက်တက်အသင်းမှာ နံပါတ်ဘယ်လောက်ဝတ်ဆင်မလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပြီး ဗြိတိန်သတင်းစာ The Sun က ဗာရန်းဟာ ကျောနံပါတ်(၁၉)ဝတ်ဆင်ဖို့ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။

မကြာသေးခင်က ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာဝတ်ဆင်မယ့် တတိယမြောက်အဝေးကွင်းဝတ်စုံကို အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ စတင်ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လူငယ်ကစားသမားဒီယာလိုဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၉)ဂျာစီ မပါတာကို ပရိသတ်တွေက သတိပြုမိခဲ့ကြပါတယ်။

အဲဒါကြောင့် ဗာရန်းဟာ ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၁၉)ဂျာစီကို ဝတ်ဆင်ကစားဖို့ရှိတယ်လို့ ခန့်မှန်းချက်တွေထွက်ပေါ်နေပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း ဒီယာလိုကို ပုံမှန်ပွဲထွက်ခွင့်ရအောင် တခြားအသင်းတစ်သင်းဆီအငှားချဖို့စီစဉ်နေတာကြောင့် နံပါတ်(၁၉)ဂျာစီက လစ်လပ်သွားဖို့ရှိနေပါပြီ။

တချို့သတင်းတွေကလည်း ယူနိုက်တက်နောက်ခံလူဖီးလ်ဂျုံးစ်ဟာ သူ့နံပါတ်(၄)ကို ဗာရန်းဝတ်ဆင်ကစားဖို့ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဗာရန်းအနေနဲ့ သတင်းတွေထွက်နေသလို နံပါတ်(၁၉)ပဲဝတ်မလား၊ နံပါတ်(၄)ပဲဝတ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းမွာ ေက်ာနံပါတ္(၁၉)ဝတ္ဆင္ဖို႔ရွိေနတဲ့ ကစားသမားသစ္ဗာရန္း

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အခုရက္ပိုင္းအတြင္းေဆးစစ္မႈခံယူခဲ့တဲ့ ျပင္သစ္ေနာက္ခံလူဗာရန္းဟာ ဒီေန႔မွာပဲ အသင္းနဲ႔တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ ဗာရန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ရီးယဲလ္အသင္းကို ေပါင္(၃၄.၂)သန္းအရင္ဆုံးေပးေခ်ရမွာျဖစ္ၿပီး ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ ေနာက္ထပ္ေပါင္(၈)သန္းထပ္မံေပးေခ်ရမွာပါ။ ဗာရန္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔ကတည္းက မန္ခ်က္စတာၿမိဳ႕ကို ေရာက္ရွိေနတာျဖစ္ၿပီး ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ ေဆးစစ္မႈခံယူခဲ့သလို အခု ဒုတိယအဆင့္ေဆးစစ္မႈေအာင္ျမင္သြားၿပီလို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ ဗာရန္းအေနနဲ႔ ယူႏိုက္တက္အသင္းမွာ နံပါတ္ဘယ္ေလာက္ဝတ္ဆင္မလဲဆိုတာ ပရိသတ္ေတြက စိတ္ဝင္စားေနၾကၿပီး ၿဗိတိန္သတင္းစာ The Sun က ဗာရန္းဟာ ေက်ာနံပါတ္(၁၉)ဝတ္ဆင္ဖို႔ရွိတယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

မၾကာေသးခင္က ယူႏိုက္တက္အသင္းဟာ လာမယ့္ရာသီမွာဝတ္ဆင္မယ့္ တတိယေျမာက္အေဝးကြင္းဝတ္စုံကို အသင္းရဲ႕တရားဝင္ဝက္ဘ္ဆိုက္မွာ စတင္ေရာင္းခ်ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက လူငယ္ကစားသမားဒီယာလိုဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၁၉)ဂ်ာစီ မပါတာကို ပရိသတ္ေတြက သတိျပဳမိခဲ့ၾကပါတယ္။ အဲဒါေၾကာင့္ ဗာရန္းဟာ ယူႏိုက္တက္အသင္းမွာ ေက်ာနံပါတ္(၁၉)ဂ်ာစီကို ဝတ္ဆင္ကစားဖို႔ရွိတယ္လို႔ ခန႔္မွန္းခ်က္ေတြထြက္ေပၚေနၿပီး ယူႏိုက္တက္နည္းျပဆိုးလ္ရွားကလည္း ဒီယာလိုကို ပုံမွန္ပြဲထြက္ခြင့္ရေအာင္ တျခားအသင္းတစ္သင္းဆီအငွားခ်ဖို႔စီစဥ္ေနတာေၾကာင့္ နံပါတ္(၁၉)ဂ်ာစီက လစ္လပ္သြားဖို႔ရွိေနပါၿပီ။ တခ်ိဳ႕သတင္းေတြကလည္း ယူႏိုက္တက္ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာ သူ႔နံပါတ္(၄)ကို ဗာရန္းဝတ္ဆင္ကစားဖို႔ လႊဲေျပာင္းေပးခဲ့တယ္လို႔ ေဖာ္ျပခဲ့ၿပီး ဗာရန္းအေနနဲ႔ သတင္းေတြထြက္ေနသလို နံပါတ္(၁၉)ပဲဝတ္မလား၊ နံပါတ္(၄)ပဲဝတ္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။