ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၂၅)ဝတ်ဆင်သွားမယ့် ဆန်ချို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေ့ါမွန်အသင်းတောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီး ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၂၅)ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေက ဆန်ချိုကို အသင်းရဲ့ဂန္ထဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၇)အကျႌဝတ်ဆင်ကစားတာကို မြင်တွေ့လိုပေမယ့် အခုလောလောဆယ် အဲဒီနံပါတ်က ၀ါရင့်တိုက်စစ်မှူးကာဗာနီ ဝတ်ဆင်နေတာကြောင့် ဆန်ချိုဟာ နံပါတ်(၂၅)ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းက ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဗလင်စီယာဟာ ကျောနံပါတ်(၂၅)ဝတ်ဆင်ပြီးတော့ အသင်းအတွက် ပရီးမီးယားလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေရယူပေးနိုင်ပြီး ဆန်ချိုမတိုင်ခင် အဲဒီနံပါတ်ကို နောက်ဆုံးဝတ်ဆင်ခဲ့တာက တိုက်စစ်မှူးဟောင်း အီဂါလိုပဲဖြစ်ပါတယ်။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့သောကြာနေ့က ယူနိုက်တက်အသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး

သူက အသင်းရဲ့ (၄)နှစ်ကြာဖလားလက်မဲ့ဖြစ်နေတဲ့မှတ်တမ်းဆိုးကို အဆုံးသတ်ဖို့ပစ်မှတ်ထားနေသလို သူလေးစားအားအကျဆုံးကစားသမားက ယူနိုက်တက်ဂန္ထဝင်စီရော်နယ်လ်ဒိုဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဆန်ချိုက “ယူနိုက်တက်အသင်းရဲ့ ကစားသမားတိုင်းကို ကျွန်တော်လေးစားမှုရှိပါတယ်။

ဒါပေမဲ့ ကျွန်တော့်အတွက် Idol လို့သတ်မှတ်ရမှာက စီရော်နယ်လ်ဒိုဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်မှာ စီရော်နယ်လ်ဒိုဟာ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။

သူက စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝစတင်ခဲ့ပြီး ယူနိုက်တက်အသင်းနဲ့အတူ ကစားသမားဘဝဖြတ်သန်းခဲ့တာကြောင့် ထိပ်တန်းအဆင့်ကစားသမားတွေဟာ ထိပ်တန်းအဆင့်ကလပ်အသင်းမှာ ကစားခဲ့တာကို မြင်တွေရတာက တကယ်ကျေနပ်ဖို့ကောင်းပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မီဒီယာတွေက ကလေးဘဝကစပြီး ဆန်ချိုအားကျခဲ့ရတဲ့ကစားသမားတွေက ဘယ်သူလဲလို့မေးမြန်းခဲ့တော့ ဆန်ချိုက ရော်နယ်လ်ဒင်ဟိုနဲ့ ရွန်နီတို့ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်သက်တမ်းကုန်သွားရင် နောက်ထပ်(၁၂)သက်တမ်းတိုးဖို့အတွက် နှစ်ဦးနှစ်ဖက်သဘောတူညီထားတဲ့အချက်လည်းပါဝင်ခဲ့ပါတယ်။

ဆန်ချိုက “အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။

နောက်ပြီး ယူနိုက်တက်အသင်းရဲ့အဆင့်အတန်းနဲ့ကိုက်ညီအောင် ဆုဖလားတွေလည်းရယူသွားလိုပါတယ်။

အသင်းနဲ့အတူ နိုင်ပွဲတွေရယူဖို့နဲ့ ဆုဖလားတွေကိုင်မြှောက်နိုင်ဖို့အတွက် ကျွန်တော် စိတ်အားထက်သန်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းမွာ ေက်ာနံပါတ္(၂၅)ဝတ္ဆင္သြားမယ့္ ဆန္ခ်ိဳ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေဒ့ါမြန္အသင္းေတာင္ပံတိုက္စစ္ကစားသမား ဆန္ခ်ိဳကို စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆန္ခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေက်ာနံပါတ္(၂၅)ဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြက ဆန္ခ်ိဳကို အသင္းရဲ႕ဂႏၴဝင္နံပါတ္ျဖစ္တဲ့ ေက်ာနံပါတ္(၇)အက်ႌဝတ္ဆင္ကစားတာကို ျမင္ေတြ႕လိုေပမယ့္ အခုေလာေလာဆယ္ အဲဒီနံပါတ္က ၀ါရင့္တိုက္စစ္မႉးကာဗာနီ ဝတ္ဆင္ေနတာေၾကာင့္ ဆန္ခ်ိဳဟာ နံပါတ္(၂၅)ရရွိခဲ့တာျဖစ္ပါတယ္။

တစ္ခ်ိန္တုန္းက ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းဗလင္စီယာဟာ ေက်ာနံပါတ္(၂၅)ဝတ္ဆင္ၿပီးေတာ့ အသင္းအတြက္ ပရီးမီးယားလိဂ္၊ FA ဖလား၊ လိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြရယူေပးႏိုင္ၿပီး ဆန္ခ်ိဳမတိုင္ခင္ အဲဒီနံပါတ္ကို ေနာက္ဆုံးဝတ္ဆင္ခဲ့တာက တိုက္စစ္မႉးေဟာင္း အီဂါလိုပဲျဖစ္ပါတယ္။ အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ယူႏိုက္တက္အသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး သူက အသင္းရဲ႕ (၄)ႏွစ္ၾကာဖလားလက္မဲ့ျဖစ္ေနတဲ့မွတ္တမ္းဆိုးကို အဆုံးသတ္ဖို႔ပစ္မွတ္ထားေနသလို သူေလးစားအားအက်ဆုံးကစားသမားက ယူႏိုက္တက္ဂႏၴဝင္စီေရာ္နယ္လ္ဒိုျဖစ္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ဆန္ခ်ိဳက “ယူႏိုက္တက္အသင္းရဲ႕ ကစားသမားတိုင္းကို ကြၽန္ေတာ္ေလးစားမႈရွိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ Idol လို႔သတ္မွတ္ရမွာက စီေရာ္နယ္လ္ဒိုျဖစ္ၿပီး ကစားသမားဘဝတစ္ေလွ်ာက္မွာ စီေရာ္နယ္လ္ဒိုဟာ ႀကီးက်ယ္ခမ္းနားတဲ့အရာေတြကို လုပ္ျပႏိုင္ခဲ့ပါတယ္။ သူက စပို႔တင္းလစၥဘြန္းအသင္းမွာ ကစားသမားဘဝစတင္ခဲ့ၿပီး ယူႏိုက္တက္အသင္းနဲ႔အတူ ကစားသမားဘဝျဖတ္သန္းခဲ့တာေၾကာင့္ ထိပ္တန္းအဆင့္ကစားသမားေတြဟာ ထိပ္တန္းအဆင့္ကလပ္အသင္းမွာ ကစားခဲ့တာကို ျမင္ေတြရတာက တကယ္ေက်နပ္ဖို႔ေကာင္းပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မီဒီယာေတြက ကေလးဘဝကစၿပီး ဆန္ခ်ိဳအားက်ခဲ့ရတဲ့ကစားသမားေတြက ဘယ္သူလဲလို႔ေမးျမန္းခဲ့ေတာ့ ဆန္ခ်ိဳက ေရာ္နယ္လ္ဒင္ဟိုနဲ႔ ႐ြန္နီတို႔ျဖစ္တယ္လို႔ ေျဖၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳကို (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး အဲဒီစာခ်ဳပ္သက္တမ္းကုန္သြားရင္ ေနာက္ထပ္(၁၂)သက္တမ္းတိုးဖို႔အတြက္ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီထားတဲ့အခ်က္လည္းပါဝင္ခဲ့ပါတယ္။ ဆန္ခ်ိဳက “အသင္းအတြက္ ပါဝင္ကစားခြင့္ရဖို႔ မေစာင့္ဆိုင္းႏိုင္ေတာ့ပါဘူး။ ေနာက္ၿပီး ယူႏိုက္တက္အသင္းရဲ႕အဆင့္အတန္းနဲ႔ကိုက္ညီေအာင္ ဆုဖလားေတြလည္းရယူသြားလိုပါတယ္။ အသင္းနဲ႔အတူ ႏိုင္ပြဲေတြရယူဖို႔နဲ႔ ဆုဖလားေတြကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ စိတ္အားထက္သန္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။