ယူနိုက်တက်အသင်းမှာပဲ ဘောလုံးသမားဘဝကုန်ဆုံးသွားဖို့ရှိနေတဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ဘောလုံးသမားဘဝကုန်ဆုံးတဲ့အထိကစားပြီးတော့

သားဖြစ်သူခရစ္စတီယာနိုဂျူနီယာရဲ့ခြေစွမ်းတိုးတက်လာအောင် လူငယ်အသင်းနည်းပြအဖြစ်ဆောင်ရွက်သွားဖို့ ဆန္ဒရှိနေပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက (၁၂)နှစ်ကြာဝေးကွာနေတဲ့ အသင်းဟောင်းယူနိုက်တက်ဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး

(၂)နှစ်စာချုပ်ချုပ်ဆိုခဲ့သလို စာချုပ်သက်တမ်းပြည့်ရင် နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ နောက်ထပ်(၁)နှစ်သက်တမ်းထပ်တိုးသွားမယ်ဆိုတဲ့အချက်လည်းပါဝင်ခဲ့တာကြောင့် ယူနိုက်တက်နဲ့စာချုပ်ပြည့်မယ့်အချိန်မှာ စီရော်နယ်လ်ဒိုရဲ့အသက်က(၃၉)နှစ်အထိရှိနေမှာပါ။

ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ အသက်(၄၀)မွေးနေ့မတိုင်ခင်အထိ ထိပ်တန်းအဆင့်မှာဆက်လက်ကစားနိုင်မယ်ဆိုတာ ကာယကံရှင်သာမက နည်းပြဆိုးလ်ရှားပါ ယုံကြည်နေပြီး ယူနိုက်တက်အသင်းမှာ ဘောလုံးသမားဘဝကုန်ဆုံးပြီးတော့ နည်းပြလောကထဲစတင်ဝင်ရောက်သွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာကလည်း အခုလောလောဆယ် ယူနိုက်တက်လူငယ်အသင်းမှာ ဂန္ထဝင်တိုက်စစ်မှူးကြီးရွန်နီရဲ့သားဖြစ်တဲ့ ခိုင်ရွန်နီနဲ့အတူ တွဲဖက်ကစားနေတာကြောင့်

စီရော်နယ်လ်ဒိုက ခရစ္စတီယာနိုဂျူနီယာကို အနီးကပ်သင်ကြားပေးနိုင်အောင် ယူနိုက်တက်လူငယ်နည်းပြအဖြစ်ဆောင်ရွက်ချင်နေတာပါ။

ခရစ္စတီယာနိုဂျူနီယာဟာ အသက်(၉)နှစ်အရွယ်မှာကတည်းက ဂျူဗင်တပ်စ်လူငယ်အသင်းမှာစတင်ကစားခဲ့ပြီး ပွဲဦးထွက်မှာပဲ (၄)ဂိုးသွင်းယူပြီးတော့ အဖေ့ခြေရာနင်းနိုင်မယ့်သူဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့နီးစပ်တဲ့ပတ်ဝန်းကျင်က လူတစ်ယောက်က “စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းဆီပြန်လာတာက အသင်းအတွက်ဆုဖလားအောင်မြင်မှုတွေရယူပေးနိုင်ဖို့ဆိုတာ အားလုံးသိအောင်ပြောခဲ့ပြီးသားပါ။

ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ယူနိုက်တက်အသင်းမှာ နောက်ထပ်(၃)နှစ်လောက်ကြာတဲ့အထိကစားဖို့ ဆန္ဒရှိပြီးသားဖြစ်ပါတယ်။

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအကောင်းဆုံးအနေအထားမှာရှိနေတဲ့အပြင် စီရော်နယ်လ်ဒိုကလည်း သူ့အတွက်မဖြစ်နိုင်တာဘာမှမရှိဘူးဆိုတာကို သက်သေပြနေတာဖြစ်ပါတယ်။

သူ့ရဲ့ဘောလုံးအပေါ် ချစ်မြတ်နိုးစိတ်က အရမ်းကြီးမားပြီး ဘောလုံးနဲ့ပတ်သက်ရင် သူမသိတာဘာမှမရှိတော့ပါဘူး။

ယူနိုက်တက်ကစားသမားဟောင်းတော်တော်များများကလည်း ဒီအသင်းမှာပဲ နည်းပြဘဝစတင်လေ့ရှိတာကြောင့် စီရော်နယ်လ်ဒိုဟာ ဘောလုံးသမားဘဝကနေအနားယူပြီးရင်

နည်းပြကဏ္ဍသစ်စတင်နိုင်ဖို့အတွက် ကစားသမားဟောင်းတွေလိုပဲ ဒီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းသွားဖို့ရှိနေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အသင္းမွာပဲ ေဘာလုံးသမားဘဝကုန္ဆုံးသြားဖို႔ရွိေနတဲ့ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာပဲ ေဘာလုံးသမားဘဝကုန္ဆုံးတဲ့အထိကစားၿပီးေတာ့ သားျဖစ္သူခရစၥတီယာႏိုဂ်ဴနီယာရဲ႕ေျခစြမ္းတိုးတက္လာေအာင္ လူငယ္အသင္းနည္းျပအျဖစ္ေဆာင္႐ြက္သြားဖို႔ ဆႏၵရွိေနပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက (၁၂)ႏွစ္ၾကာေဝးကြာေနတဲ့ အသင္းေဟာင္းယူႏိုက္တက္ဆီ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သလို စာခ်ဳပ္သက္တမ္းျပည့္ရင္ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈနဲ႔ ေနာက္ထပ္(၁)ႏွစ္သက္တမ္းထပ္တိုးသြားမယ္ဆိုတဲ့အခ်က္လည္းပါဝင္ခဲ့တာေၾကာင့္ ယူႏိုက္တက္နဲ႔စာခ်ဳပ္ျပည့္မယ့္အခ်ိန္မွာ စီေရာ္နယ္လ္ဒိုရဲ႕အသက္က(၃၉)ႏွစ္အထိရွိေနမွာပါ။

ဒါေပမဲ့ စီေရာ္နယ္လ္ဒိုဟာ အသက္(၄၀)ေမြးေန႔မတိုင္ခင္အထိ ထိပ္တန္းအဆင့္မွာဆက္လက္ကစားႏိုင္မယ္ဆိုတာ ကာယကံရွင္သာမက နည္းျပဆိုးလ္ရွားပါ ယုံၾကည္ေနၿပီး ယူႏိုက္တက္အသင္းမွာ ေဘာလုံးသမားဘဝကုန္ဆုံးၿပီးေတာ့ နည္းျပေလာကထဲစတင္ဝင္ေရာက္သြားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုရဲ႕သားျဖစ္သူ ခရစၥတီယာႏိုဂ်ဴနီယာကလည္း အခုေလာေလာဆယ္ ယူႏိုက္တက္လူငယ္အသင္းမွာ ဂႏၴဝင္တိုက္စစ္မႉးႀကီး႐ြန္နီရဲ႕သားျဖစ္တဲ့ ခိုင္႐ြန္နီနဲ႔အတူ တြဲဖက္ကစားေနတာေၾကာင့္ စီေရာ္နယ္လ္ဒိုက ခရစၥတီယာႏိုဂ်ဴနီယာကို အနီးကပ္သင္ၾကားေပးႏိုင္ေအာင္ ယူႏိုက္တက္လူငယ္နည္းျပအျဖစ္ေဆာင္႐ြက္ခ်င္ေနတာပါ။ ခရစၥတီယာႏိုဂ်ဴနီယာဟာ အသက္(၉)ႏွစ္အ႐ြယ္မွာကတည္းက ဂ်ဴဗင္တပ္စ္လူငယ္အသင္းမွာစတင္ကစားခဲ့ၿပီး ပြဲဦးထြက္မွာပဲ (၄)ဂိုးသြင္းယူၿပီးေတာ့ အေဖ့ေျခရာနင္းႏိုင္မယ့္သူဆိုတာ ျပသခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းနဲ႔နီးစပ္တဲ့ပတ္ဝန္းက်င္က လူတစ္ေယာက္က “စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းဆီျပန္လာတာက အသင္းအတြက္ဆုဖလားေအာင္ျမင္မႈေတြရယူေပးႏိုင္ဖို႔ဆိုတာ အားလုံးသိေအာင္ေျပာခဲ့ၿပီးသားပါ။ ဒါေပမဲ့ သူ႔စိတ္ထဲမွာေတာ့ ယူႏိုက္တက္အသင္းမွာ ေနာက္ထပ္(၃)ႏွစ္ေလာက္ၾကာတဲ့အထိကစားဖို႔ ဆႏၵရွိၿပီးသားျဖစ္ပါတယ္။ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈအေကာင္းဆုံးအေနအထားမွာရွိေနတဲ့အျပင္ စီေရာ္နယ္လ္ဒိုကလည္း သူ႔အတြက္မျဖစ္ႏိုင္တာဘာမွမရွိဘူးဆိုတာကို သက္ေသျပေနတာျဖစ္ပါတယ္။ သူ႔ရဲ႕ေဘာလုံးအေပၚ ခ်စ္ျမတ္ႏိုးစိတ္က အရမ္းႀကီးမားၿပီး ေဘာလုံးနဲ႔ပတ္သက္ရင္ သူမသိတာဘာမွမရွိေတာ့ပါဘူး။ ယူႏိုက္တက္ကစားသမားေဟာင္းေတာ္ေတာ္မ်ားမ်ားကလည္း ဒီအသင္းမွာပဲ နည္းျပဘဝစတင္ေလ့ရွိတာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမားဘဝကေနအနားယူၿပီးရင္ နည္းျပက႑သစ္စတင္ႏိုင္ဖို႔အတြက္ ကစားသမားေဟာင္းေတြလိုပဲ ဒီလမ္းေၾကာင္းကို ဆက္လက္ေလွ်ာက္လွမ္းသြားဖို႔ရွိေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။