ပြဲအစမွာ ကြၽန္ေတာ္ အေတာ့္ကို စိတ္လႈပ္ရွားေနခဲ့ပါတယ္…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ပွဲစဉ် (၄) ယူနိုက်တက်နဲ့ နယူးကာဆယ်ပွဲစဉ်မှာတော့ အိမ်ရှင် ယူနိုက်တက်က ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

အိုးထရတ်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုက အကောင်းဆုံး ခြေစွမ်းတွေပြသခဲ့ပါတယ်။

ပထမဆုံးပွဲမှာ အားလုံးမျှော်လင့်ထားတဲ့ ရော်နယ်ဒိုအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေပြည့်ဝခဲ့တဲ့ပွဲပါပဲ။

ရော်နယ်ဒိုအတွက်လည်း သံသယမျက်လုံးတွေကို ပထမဆုံးပွဲမှာတင်ချေဖျက်လိုက်တယ်လို့ ပြောလို့ရပါတယ်။

ရော်နယ်ဒိုဟာ ပြိုင်ဘက်နောက်ခံလူတွေကြားထဲမှာ နေရာယူတာတွေကောင်းပြီး နေရာလွတ်တွေကို အသုံးချနိုင်တဲ့ အရည်ချင်းတော်တော်ကောင်းတာ တွေ့ရပါတယ်။

သရဲနီ အသင်းအနေနဲ့ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ရေးအတွက် ဒီထက်ပိုပြီး တည်ငြိမ်ရင့်ကျက်မှုတွေ ပိုင်ဆိုင်ဖို့ လိုအပ်သေးကြောင်း ရော်နယ်ဒိုက ထောက်ပြပြောဆိုခဲ့ပါတယ်။

ပွဲစဉ်တစ်လျောက်လုံးမှာလည်း ယူနိုက်တက်ပရိသတ်တွေက ရော်နယ်ဒို နာမည်ကို အော်ဟစ်အားပေးနေခဲ့ပြီး

ပွဲအပြီးမှာ ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်တွင် တစ်ကျော့ပြန် အခြေချ ကစားနိုင်ခြင်းအပေါ် စိတ်လှုပ်ရှားမိနေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

” ပွဲစဉ် စတင်လိုက်ကတည်းက ကျွန်တော် အတော့်ကို စိတ်လှုပ်ရှားနေခဲ့ရပါတယ် ။

ဒါဟာ ကျွန်တော်အတွက် ပုံမှန်အနေအထား တစ်ခု ဖြစ်ပေမယ့် ကွင်းထဲဝင်လာတဲ့အချိန်ကနေစပြီး

ပရိသတ်တွေက ပွဲစဉ်တစ်လျောက်လုံး ကျွန်တော်နာမည် သီဆိုနေခဲ့မယ်လို့တော့ မမျှော်လင့်ခဲ့ဘူး”

ကျွန်တော့် အတွက် ဒီလိုအချိန်တွေက သိပ်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ဒါကို ပရိသတ်တွေ သတိထားမိချင်မှ သတိထားမိ ပါလိမ့်မယ်။ ပရိသတ်အားပေးမှုက အံ့အားသင့်စရာပါပဲ ဒီကို ရောက်လာတာ အသင်းကို

ကူညီဖို့နဲ့ သူတို့ထိုက်တန်တဲ့ နေရာကို ရယူပေးဖို့နိုင်ပွဲတွေ ရှာဖွေပေးဖို့ရောက်လာတာပါ။

အဖွင့်ပွဲမှာပဲ နှစ်ဂိုးထိ သွင်းယူနိုင်ဖို့ကိုလည်း ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး။”

” အခု ကျွန်တော်တို့ယူနိုက်တက်မှာ အံ့ဖွယ် ကောင်းလှတဲ့ အသင်း တစ်သင်း အဖြစ်လူငယ် တွေနဲ့ နည်းပြကောင်း တစ်ဦး ရှိနေပါတယ် ။

ဒါပေမဲ့ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အတွက်ဆိုရင် အသင်း အနေနဲ့ အခုထက်ပိုပြီး တည်ငြိမ် ရင့်ကျက်ဖို့ လိုအပ်နေပါသေးတယ် ”

” ကျွန်တော်တို့ ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာ ရှိနေကြပြီလို့ ထင်ပါတယ်။

ကျွန်တော်တို့ နိုင်ပွဲတွေနဲ့ အတူ ယုံကြည်မှုတွေကို တည်ဆောက်ဖို့ ၊ အသင်းကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။

အသင်းကို ကူညီပေးနိုင်ဖို့ ကျွန်တော် ဒီကိုရောက်ရှိနေတာပါ ” လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အသင္းဖလားရယူဖို႔ ဘာ​ေတြလိုအပ္လဲဆိုတာ ​ေျပာျပလာတဲ့ ​ေရာ္နယ္ဒို

ပရီးမီးယားလိဂ္ ပြဲစဥ္ (၄) ယူႏိုက္တက္နဲ႔ နယူးကာဆယ္ပြဲစဥ္မွာေတာ့ အိမ္ရွင္ ယူႏိုက္တက္က ၄-၁ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။ အိုးထရတ္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေရာ္နယ္ဒိုက အ​ေကာင္းဆုံး ​ေျခစြမ္း​ေတြျပသခဲ့ပါတယ္။

ပထမဆုံးပြဲမွာ အားလုံးေမွ်ာ္လင့္ထားတဲ့ ေရာ္နယ္ဒိုအေပၚ ပရိသတ္​ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြျပည့္ဝခဲ့တဲ့ပြဲပါပဲ။ ေရာ္နယ္ဒိုအတြက္လည္း သံသယမ်က္လုံးေတြကို ပထမဆုံးပြဲမွာတင္ေခ်ဖ်က္လိုက္တယ္လို႔ ေျပာလို႔ရပါတယ္။ေရာ္နယ္ဒိုဟာ ၿပိဳင္ဘက္ေနာက္ခံလူေတြၾကားထဲမွာ ေနရာယူတာေတြေကာင္းၿပီး ေနရာလြတ္ေတြကို အသုံးခ်ႏိုင္တဲ့ အရည္ခ်င္းေတာ္ေတာ္ေကာင္းတာ ေတြ႕ရပါတယ္။

သရဲနီ အသင္းအ​ေနနဲ႔ ပရီးမီးယားလိဂ္ ၊ ခ်န္ပီယံလိဂ္ ဖလားေတြကို ဆြတ္ခူးႏိုင္ေရးအတြက္ ဒီထက္္ပိုၿပီး တည္ၿငိမ္ရင့္က်က္မႈေတြ ပိုင္ဆိုင္ဖို႔ လိုအပ္ေသးေၾကာင္း ​ေရာ္နယ္ဒိုက ေထာက္ျပ​ေျပာဆိုခဲ့ပါတယ္။

ပြဲစဥ္တစ္ေလ်ာက္လုံးမွာလည္း ယူႏိုက္တက္ပရိသတ္ေတြက ေရာ္နယ္ဒို နာမည္ကို ေအာ္ဟစ္အားေပးေနခဲ့ၿပီး ပြဲအၿပီးမွာ ေရာ္နယ္ဒိုက အိုးထရက္ဖို႔ဒ္တြင္ တစ္ေက်ာ့ျပန္ အေျခခ် ကစားႏိုင္ျခင္းအေပၚ စိတ္လႈပ္ရွားမိေနခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ” ပြဲစဥ္ စတင္လိုက္ကတည္းက ကြၽန္ေတာ္ အေတာ့္ကို စိတ္လႈပ္ရွားေနခဲ့ရပါတယ္ ။ ဒါဟာ ကြၽန္ေတာ္အတြက္ ပုံမွန္အေနအထား တစ္ခု ျဖစ္ေပမယ့္ ကြင္းထဲဝင္လာတဲ့အခ်ိန္ကေနစၿပီး ပရိသတ္ေတြက ပြဲစဥ္တစ္ေလ်ာက္လုံး ကြၽန္ေတာ္နာမည္ သီဆိုေနခဲ့မယ္လို႔ေတာ့ မေမွ်ာ္လင့္ခဲ့ဘူး”

ကြၽန္ေတာ့္ အတြက္ ဒီလိုအခ်ိန္ေတြက သိပ္ကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။ ဒါကို ပရိသတ္ေတြ သတိထားမိခ်င္မွ သတိထားမိ ပါလိမ့္မယ္။ ပရိသတ္အားေပးမႈက အံ့အားသင့္စရာပါပဲ ဒီကို ေရာက္လာတာ အသင္းကို ကူညီဖို႔နဲ႔ သူတို႔ထိုက္တန္တဲ့ ေနရာကို ရယူေပးဖို႔ႏိုင္ပြဲေတြ ရွာေဖြေပးဖို႔ေရာက္လာတာပါ။ အဖြင့္ပြဲမွာပဲ ႏွစ္ဂိုးထိ သြင္းယူႏိုင္ဖို႔ကိုေတာ့ ကြၽန္ေတာ္ မေမွ်ာ္လင့္ခဲ့ပါဘူး။”

” အခု ကြၽန္ေတာ္တို႔ယူႏိုက္တက္မွာ အံ့ဖြယ္ ေကာင္းလွတဲ့ အသင္း တစ္သင္း အျဖစ္လူငယ္ ​ေတြနဲ႔ နည္းျပေကာင္း တစ္ဦး ရွိေနပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္ ၊ ခ်န္ပီယံလိဂ္ ဖလားေတြကို ဆြတ္္ခူးႏိုင္ဖို႔ အတြက္ဆိုရင္ အသင္း အေနနဲ႔ အခုထက္ပိုၿပီး တည္ၿငိမ္ ရင့္က်က္ဖို႔ လိုအပ္ေနပါေသးတယ္ ”

” ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ လမ္းေၾကာင္း တစ္ခုေပၚမွာ ရွိေနၾကၿပီလို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲေတြနဲ႔ အတူ ယုံၾကည္မႈေတြကို တည္ေဆာက္ဖို႔ ၊ အသင္းကို တည္္ေဆာက္ဖို႔ လိုအပ္ပါတယ္။ အသင္းကို ကူညီေပးႏိုင္ဖို႔ ကြၽန္ေတာ္ ဒီကိုေရာက္ရွိေနတာပါ ” လို႔ ေရာ္နယ္ဒိုက ေျပာဆိုသြားခဲ့ ပါတယ္။