ယူနိုက်တက်အသင်းနဲ့သဘောတူညီမှုရခဲ့ပြီဖြစ်သူ ဆန်ချို နံပါတ်ဘယ်လောက်ဝတ်မလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ကာလရှည်ကြိုးပမ်းနေတဲ့ ဒေ့ါမွန်အသင်းရဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမားဆန်ချိုကို ပေါင်(၇၂.၉)သန်းနဲ့ခေါ်ယူဖို့ ဒေ့ါမွန်အသင်းနဲ့ သဘောတူညီမှုရခဲ့ပါပြီ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆန်ချိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပေမယ့် ဒေ့ါမွန်အသင်းတောင်းဆိုတဲ့ ပေါင်(၁၀၈)သန်း ပြောင်းရွှေ့ကြေးပမာဏကြောင့်

လက်လျှော့ခဲ့ရပြီး အခုနွေရာသီကာလအတွင်းမှာ ဒေ့ါမွန်အသင်းက ဆန်ချိုအတွက် သတ်မှတ်ထားတဲ့ တန်ကြေးကို လျှော့ချပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပေါင်(၆၇)သန်း၊ Add-ons ကြေးအဖြစ် ပေါင်(၈)သန်းဝန်းကျင်နဲ့ ပထမအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ဒေ့ါမွန်အသင်းက ပယ်ချခဲ့ပြီး အခုအချိန်မှာတော့ ပေါင်(၇၂.၉)သန်းနဲ့ နှစ်သင်းအကြားမှာ သဘောတူညီမှုရခဲ့တာပါ။

ဆန်ချိုဟာ အခုလောလောဆယ် အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲဆင်နွှဲနေပြီး ပြိုင်ပွဲအပြီးမှာ ယူနိုက်တက်အသင်းနဲ့ ဆေးစစ်မှုခံယူမှာဖြစ်သလို (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

သတင်းတချို့ကတော့ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ဒေ့ါမွန်ကစားသမားဘဝတုန်းက ရရှိခဲ့တဲ့ တစ်ပတ် ပေါင်(၁၀၀.၀၀၀)ပမာဏထက် (၃)ဆပိုများတဲ့လစာငွေရရှိမယ်လို့ ဖော်ပြနေကြပါတယ်။

အခုဆိုရင် ဆန်ချိုဟာ ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားစာရင်းမှာ ပေါ့ဘာ (ပေါင် ၈၉သန်း)၊ မက်ဂွိုင်းယား (ပေါင်သန်း ၈၀)၊ လူကာကူ(ပေါင်၇၅)သန်းတို့ရဲ့နောက် စတုတ္ထမြောက်ကြေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ယူနိုက်တက်အသင်းကို ဆန်ချို ရောက်ရှိဖို့ သေချာသွားပြီးတဲ့နောက် ပရိသတ်တွေ စိတ်ဝင်စားနေတာ အသင်းမှာ ဆန်ချို ကျောနံပါတ်ဘယ်လောက်ဝတ်မလဲဆိုတာပါပဲ။

ပြီးခဲ့တဲ့ရာသီအစတုန်းက ယူနိုက်တက်အသင်း ဆန်ချိုကို ကြိုးပမ်းခဲ့တဲ့အချိန်မှာ ဆန်ချိုဟာ အသင်းရဲ့ဂန္ထဝင်နံပါတ် (၇)ဝတ်ဆင်ခွင့်ရဖို့ရှိတယ်လို့

သတင်းထွက်ခဲ့ပေမယ့် အဲဒီအချိန်မှာ အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ ယူနိုက်တက်အသင်းက ကာဗာနီကို ခေါ်ယူခဲ့ပြီး နံပါတ်(၇) ဝတ်ဆင်ကစားစေခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ကာဗာနီကို နောက်ထပ်တစ်ရာသီ သက်တမ်းတိုးခဲ့တာကြောင့် ဆန်ချိုအနေနဲ့ ကျောနံပါတ်(၇)ဝတ်ဆင်ခွင့်ရဖို့ တစ်ရာသီ စောင့်ရဖို့ရှိနေပြီး တခြား ထင်ရှားတဲ့နံပါတ်တွေကလည်း လက်ရှိမှာဝတ်ဆင်ကစားနေသူတွေအသီးသီးရှိနေပါတယ်။

ဆန်ချိုဟာ အင်္ဂလန်အသင်းမှာ နံပါတ်(၁၇)ဝတ်ဆင်နေပြီး ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၁၇)က ကွင်းလယ်လူ ဖရက်ဒ် လက်ရှိဝတ်ဆင်ကစားနေပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ လွတ်နေတဲ့နံပါတ်တွေဆိုလို့ ၂၀၊ ၁၄၊ ၁၆၊ ၂၂ တို့ လောက်သာရှိတော့ပေမယ့် တစ်ခုရှိတာက ယူနိုက်တက်တိုက်စစ်မှူးမာစီယဲလ်ဟာ

အခုအပြောင်းအရွှေ့ကာလအတွင်း အသင်းနဲ့လမ်းခွဲဖို့ရှိနေလို့ ကာဗာနီက နံပါတ်(၉)ပြောင်းလဲဝတ်ဆင်ပြီး ဆန်ချိုကို နံပါတ်(၇)ပေးမလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းနဲ႔သေဘာတူညီမႈရခဲ့ၿပီျဖစ္သူ ဆန္ခ်ိဳ နံပါတ္ဘယ္ေလာက္ဝတ္မလဲ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ကာလရွည္ႀကိဳးပမ္းေနတဲ့ ေဒ့ါမြန္အသင္းရဲ႕ အဂၤလန္လူငယ္ၾကယ္ပြင့္ကစားသမားဆန္ခ်ိဳကို ေပါင္(၇၂.၉)သန္းနဲ႔ေခၚယူဖို႔ ေဒ့ါမြန္အသင္းနဲ႔ သေဘာတူညီမႈရခဲ့ပါၿပီ။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ဆန္ခ်ိဳကို ေခၚယူဖို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရခဲ့ေပမယ့္ ေဒ့ါမြန္အသင္းေတာင္းဆိုတဲ့ ေပါင္(၁၀၈)သန္း ေျပာင္းေ႐ႊ႕ေၾကးပမာဏေၾကာင့္ လက္ေလွ်ာ့ခဲ့ရၿပီး အခုေႏြရာသီကာလအတြင္းမွာ ေဒ့ါမြန္အသင္းက ဆန္ခ်ိဳအတြက္ သတ္မွတ္ထားတဲ့ တန္ေၾကးကို ေလွ်ာ့ခ်ေပးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေပါင္(၆၇)သန္း၊ Add-ons ေၾကးအျဖစ္ ေပါင္(၈)သန္းဝန္းက်င္နဲ႔ ပထမအႀကိမ္ကမ္းလွမ္းခဲ့ေပမယ့္ ေဒ့ါမြန္အသင္းက ပယ္ခ်ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ေပါင္(၇၂.၉)သန္းနဲ႔ ႏွစ္သင္းအၾကားမွာ သေဘာတူညီမႈရခဲ့တာပါ။ ဆန္ခ်ိဳဟာ အခုေလာေလာဆယ္ အဂၤလန္အသင္းနဲ႔ ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲေနၿပီး ၿပိဳင္ပြဲအၿပီးမွာ ယူႏိုက္တက္အသင္းနဲ႔ ေဆးစစ္မႈခံယူမွာျဖစ္သလို (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။

သတင္းတခ်ိဳ႕ကေတာ့ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းမွာ ေဒ့ါမြန္ကစားသမားဘဝတုန္းက ရရွိခဲ့တဲ့ တစ္ပတ္ ေပါင္(၁၀၀.၀၀၀)ပမာဏထက္ (၃)ဆပိုမ်ားတဲ့လစာေငြရရွိမယ္လို႔ ေဖာ္ျပေနၾကပါတယ္။ အခုဆိုရင္ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားစာရင္းမွာ ေပါ့ဘာ (ေပါင္ ၈၉သန္း)၊ မက္ဂြိဳင္းယား (ေပါင္သန္း ၈၀)၊ လူကာကူ(ေပါင္၇၅)သန္းတို႔ရဲ႕ေနာက္ စတုတၳေျမာက္ေၾကးအႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ယူႏိုက္တက္အသင္းကို ဆန္ခ်ိဳ ေရာက္ရွိဖို႔ ေသခ်ာသြားၿပီးတဲ့ေနာက္ ပရိသတ္ေတြ စိတ္ဝင္စားေနတာ အသင္းမွာ ဆန္ခ်ိဳ ေက်ာနံပါတ္ဘယ္ေလာက္ဝတ္မလဲဆိုတာပါပဲ။ ၿပီးခဲ့တဲ့ရာသီအစတုန္းက ယူႏိုက္တက္အသင္း ဆန္ခ်ိဳကို ႀကိဳးပမ္းခဲ့တဲ့အခ်ိန္မွာ ဆန္ခ်ိဳဟာ အသင္းရဲ႕ဂႏၴဝင္နံပါတ္ (၇)ဝတ္ဆင္ခြင့္ရဖို႔ရွိတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ အဲဒီအခ်ိန္မွာ အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့ဘဲ ယူႏိုက္တက္အသင္းက ကာဗာနီကို ေခၚယူခဲ့ၿပီး နံပါတ္(၇) ဝတ္ဆင္ကစားေစခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ကာဗာနီကို ေနာက္ထပ္တစ္ရာသီ သက္တမ္းတိုးခဲ့တာေၾကာင့္ ဆန္ခ်ိဳအေနနဲ႔ ေက်ာနံပါတ္(၇)ဝတ္ဆင္ခြင့္ရဖို႔ တစ္ရာသီ ေစာင့္ရဖို႔ရွိေနၿပီး တျခား ထင္ရွားတဲ့နံပါတ္ေတြကလည္း လက္ရွိမွာဝတ္ဆင္ကစားေနသူေတြအသီးသီးရွိေနပါတယ္။ ဆန္ခ်ိဳဟာ အဂၤလန္အသင္းမွာ နံပါတ္(၁၇)ဝတ္ဆင္ေနၿပီး ယူႏိုက္တက္အသင္းမွာ ေက်ာနံပါတ္(၁၇)က ကြင္းလယ္လူ ဖရက္ဒ္ လက္ရွိဝတ္ဆင္ကစားေနပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းမွာ လြတ္ေနတဲ့နံပါတ္ေတြဆိုလို႔ ၂၀၊ ၁၄၊ ၁၆၊ ၂၂ တို႔ ေလာက္သာရွိေတာ့ေပမယ့္ တစ္ခုရွိတာက ယူႏိုက္တက္တိုက္စစ္မႉးမာစီယဲလ္ဟာ အခုအေျပာင္းအေ႐ႊ႕ကာလအတြင္း အသင္းနဲ႔လမ္းခြဲဖို႔ရွိေနလို႔ ကာဗာနီက နံပါတ္(၉)ေျပာင္းလဲဝတ္ဆင္ၿပီး ဆန္ခ်ိဳကို နံပါတ္(၇)ေပးမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . .