ယူနိုက်တက်အသင်းကို ပေါင်(၄)ဘီလီယံအထိရရင် ဂလေဇာတို့ ရောင်းချဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုယ့်အသင်းပရိသတ်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ အသင်းကို ပေါင်(၄)ဘီလီယံအထိရမှသာ ရောင်းချဖို့စဉ်းစားသွားမယ့်အနေအထားရှိတယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ဂလေဇာမိသားစုဟာ ဘောလုံးလောကကို ထိခိုက်မှုတွေရှိလာနိုင်မယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့သဘောတူညီခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေက ဒေါသပေါက်ကွဲနေကြပြီး အသင်းပိုင်ရှင်တွေကို ဆန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်နေကြပါတယ်။

အဲဒီမတိုင်ခင်ကတည်းက အာဆင်နယ်၊ စပါး၊ ချယ်လ်ဆီး၊ လီဗာပူးလ်ပရိသတ်တွေကလည်း ဥရောပစူပါလိဂ်ပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့တဲ့အတွက် ကိုယ့်အသင်းကို ပြန်လည်ဆန္ဒပြခဲ့ကြတာပါ။

ဥရောပစူပါလိဂ်ပြိုင်ပွဲဖြစ်ရပ်တွေကြောင့် ယူနိုက်တက်အသင်းအမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝပ်ဒ်ဟာ သူ့ရာထူးကနေ နုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပြီး အခုအချိန်မှာ ယူနိုက်တက်ပရိသတ်တွေက ဂလေဇာမိသားစုပါ နုတ်ထွက်ဖို့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ အရင်ကတည်းက အပြောင်းအရွှေ့ကိစ္စရပ်တွေအပေါ် ဂလေဇာမိသားစုရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့ကြပြီး အသင်းပိုင်ရှင်တွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အခုအချိန်မှာ ဆန္ဒပြတာတွေကို အရှိန်အဟုန်ပိုမြှင့်လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအနေနဲ့ လမ်းမပေါ်မှာ “Glazers Out”ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့အပြင် တချို့ပရိသတ်တွေက အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်မှာ အမေရိကန်လူမျိုးအသင်းပိုင်ရှင်တွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်အလံကို မီးရှို့ဆန္ဒပြခဲ့ကြတယ်လို့ ဗြိတိန်သတင်းစာ The Mirror ကဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဂလေဇာမိသားစုကတော့ ယူနိုက်တက်အသင်းကို လွယ်လွယ်နဲ့ရောင်းချမယ့်အနေအထားမရှိဘဲ ပေါင်(၄)ဘီလီယံအထိရမှ ရောင်းချသွားဖို့ရှိနေပါတယ်။ ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်တုန်းက ယူနိုက်တက်အသင်းကို ပေါင်သန်း(၇၅၀)နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး တကယ်လို့ သူတို့တောင်းဆိုတဲ့ပမာဏနဲ့ ဝယ်ယူမယ့်သူရှိလာခဲ့ရင်တော့ ဂလေဇာမိသားစုအနေနဲ့ အသင်းကို ဝယ်ယူခဲ့ချိန်မှာ အသုံးပြုခဲ့ရတဲ့ငွေကြေးပမာဏထက် အဆပေါင်း(၄၀၀)ပိုများတဲ့အမြတ်အစွန်း ရရှိမှာလည်းဖြစ်ပါတယ်။

ဂလေဇာမိသားစုလက်ထက်မှာ ယူနိုက်တက်အသင်းဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အောင်မြင်မှုရခဲ့တယ်ဆိုပေမယ့်လည်း အသင်းရဲ့ကြွေးမြီပမာဏက မြင့်မားနေဆဲဖြစ်ပြီး အသင်းပိုင်ရှင်တွေကတော့ နှစ်စဉ်ပေါင်သန်းနဲ့ချီအမြတ်အစွန်းတွေရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဂလေဇာမိသားစုက ယူနိုက်တက်အသင်းကို လက်လွတ်ခံဖို့စိတ်ကူးမရှိဘဲ တကယ်လို့ မဖြစ်မနေရောင်းရမယ်ဆိုရင်လည်း သူတို့အတွက် ငွေကြေးအမြတ်အစွန်းအများကြီးရမယ့် ပမာဏကို တောင်းဆိုသွားဖို့ရှိနေတယ်လို့ ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အသင္းကို ေပါင္(၄)ဘီလီယံအထိရရင္ ဂေလဇာတို႔ ေရာင္းခ်ဖို႔ရွိေန

ကိုယ့္အသင္းပရိသတ္ေတြရဲ႕ ဆန႔္က်င္ဆႏၵျပမႈေတြနဲ႔ရင္ဆိုင္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစုဟာ အသင္းကို ေပါင္(၄)ဘီလီယံအထိရမွသာ ေရာင္းခ်ဖို႔စဥ္းစားသြားမယ့္အေနအထားရွိတယ္လို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ ဂေလဇာမိသားစုဟာ ေဘာလုံးေလာကကို ထိခိုက္မႈေတြရွိလာႏိုင္မယ့္ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔သေဘာတူညီခဲ့တဲ့အေပၚ ယူႏိုက္တက္ပရိသတ္ေတြက ေဒါသေပါက္ကြဲေနၾကၿပီး အသင္းပိုင္ရွင္ေတြကို ဆန႔္က်င္ဆႏၵျပမႈေတြျပဳလုပ္ေနၾကပါတယ္။ အဲဒီမတိုင္ခင္ကတည္းက အာဆင္နယ္၊ စပါး၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္ပရိသတ္ေတြကလည္း ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာယွဥ္ၿပိဳင္ဖို႔ သေဘာတူညီခဲ့တဲ့အတြက္ ကိုယ့္အသင္းကို ျပန္လည္ဆႏၵျပခဲ့ၾကတာပါ။ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲျဖစ္ရပ္ေတြေၾကာင့္ ယူႏိုက္တက္အသင္းအမႈေဆာင္ခ်ဳပ္အက္ဒ္ဝုဒ္ဝပ္ဒ္ဟာ သူ႔ရာထူးကေန ႏုတ္ထြက္ဖို႔ဆုံးျဖတ္ခဲ့ၿပီး အခုအခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြက ဂေလဇာမိသားစုပါ ႏုတ္ထြက္ဖို႔ ဆႏၵျပေနၾကတာျဖစ္ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြဟာ အရင္ကတည္းက အေျပာင္းအေ႐ႊ႕ကိစၥရပ္ေတြအေပၚ ဂေလဇာမိသားစုရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သက္လို႔ မေက်မနပ္ျဖစ္ခဲ့ၾကၿပီး အသင္းပိုင္ရွင္ေတြကို ကန႔္ကြက္ဆႏၵျပခဲ့ၾကသလို အခုအခ်ိန္မွာ ဆႏၵျပတာေတြကို အရွိန္အဟုန္ပိုျမႇင့္လုပ္ေဆာင္ေနၾကတာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ လမ္းမေပၚမွာ “Glazers Out”ဆိုတဲ့ စာတန္းကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကတဲ့အျပင္ တခ်ိဳ႕ပရိသတ္ေတြက အိုးလ္ထရက္ဖို႔ဒ္ကြင္းအျပင္မွာ အေမရိကန္လူမ်ိဳးအသင္းပိုင္ရွင္ေတြကို ဆန႔္က်င္တဲ့အေနနဲ႔ အေမရိကန္အလံကို မီးရႈိ႕ဆႏၵျပခဲ့ၾကတယ္လို႔ ၿဗိတိန္သတင္းစာ The Mirror ကေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ ဂေလဇာမိသားစုကေတာ့ ယူႏိုက္တက္အသင္းကို လြယ္လြယ္နဲ႔ေရာင္းခ်မယ့္အေနအထားမရွိဘဲ ေပါင္(၄)ဘီလီယံအထိရမွ ေရာင္းခ်သြားဖို႔ရွိေနပါတယ္။ ဂေလဇာမိသားစုဟာ ၂၀၀၅ ခုႏွစ္တုန္းက ယူႏိုက္တက္အသင္းကို ေပါင္သန္း(၇၅၀)နဲ႔ဝယ္ယူခဲ့တာျဖစ္ၿပီး တကယ္လို႔ သူတို႔ေတာင္းဆိုတဲ့ပမာဏနဲ႔ ဝယ္ယူမယ့္သူရွိလာခဲ့ရင္ေတာ့ ဂေလဇာမိသားစုအေနနဲ႔ အသင္းကို ဝယ္ယူခဲ့ခ်ိန္မွာ အသုံးျပဳခဲ့ရတဲ့ေငြေၾကးပမာဏထက္ အဆေပါင္း(၄၀၀)ပိုမ်ားတဲ့အျမတ္အစြန္း ရရွိမွာလည္းျဖစ္ပါတယ္။

ဂေလဇာမိသားစုလက္ထက္မွာ ယူႏိုက္တက္အသင္းဟာ ကြင္းတြင္း၊ ကြင္းျပင္မွာ ေအာင္ျမင္မႈရခဲ့တယ္ဆိုေပမယ့္လည္း အသင္းရဲ႕ေႂကြးၿမီပမာဏက ျမင့္မားေနဆဲျဖစ္ၿပီး အသင္းပိုင္ရွင္ေတြကေတာ့ ႏွစ္စဥ္ေပါင္သန္းနဲ႔ခ်ီအျမတ္အစြန္းေတြရရွိခဲ့ၾကတာလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္လည္း ဂေလဇာမိသားစုက ယူႏိုက္တက္အသင္းကို လက္လြတ္ခံဖို႔စိတ္ကူးမရွိဘဲ တကယ္လို႔ မျဖစ္မေနေရာင္းရမယ္ဆိုရင္လည္း သူတို႔အတြက္ ေငြေၾကးအျမတ္အစြန္းအမ်ားႀကီးရမယ့္ ပမာဏကို ေတာင္းဆိုသြားဖို႔ရွိေနတယ္လို႔ ၿဗိတိန္သတင္းစာ The Mirror က ေဖာ္ျပခဲ့ပါတယ္။