ယူနိုက်တက်အသင်းကို စီရော်နယ်ဒိုနဲ့မက်ဆီတောင်မကယ်နိုင်တော့ဘူးလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းကို ဘယ်လိုဘယ်ပုံရှေ့ဆက်သွားသင့်တယ်ဆိုတာ အကြံတွေဝိုင်းပေးနေကြပြီး၊ အဲလိုအကြံပေးတဲ့သူတွေထဲမှာ ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဟောင်းဖြစ်သူ ဘာဘာတော့ဗ် လည်းပါပါတယ်။ အခုအချိန်မှာ ယူနိုက်တက်အသင်းရဲ့အခက်အခဲကို မက်ဆီနဲ့စီရော်နယ်ဒိုတို့တောင် ပြောင်းလဲပေးနိုင်တဲ့အနေအထား မရှိဘူးလို့ ဘာဘာတော့ဗ်က ပြောဆိုလာပါတယ်။ လက်ရှိ အချိန် ပရီးမီးယား လိဂ် ပွဲစဉ် 24 ပြီးဆုံး သွားတဲ့ အချိန် မှာ ယူနိုက်တက် အသင်း ဟာ ရမှတ် 34 မှတ် သာ ရယူ ထားနိုင် ခဲ့ပြီး ထိပ်တန်း လီဗာပူး အသင်း အောက် 33 မှတ် အကွာ ၊ အဆင့် 5 နေရာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။

photo internet

ဒါ့အပြင် ချဲလ်ဆီး အသင်း အောက် 6 မှတ် အကွာ နဲ့ အဆင့် 6 ၊ အဆင့် 7 နေရာမှာရှိတဲ့ တော့တင်ဟမ်စပါး ၊ ဝုလ်ဗ် အသင်း တို့နဲ့ ရမှတ်တူ ဂိုးကွာ အနေအထား မှာ ရပ်တည် နေခဲ့ ရတာ ကြောင့် နောက် ရာသီ မှာ ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ နိုင်ရေး အတွက် အတော်ကို ရုန်းကန်ရမယ့်အနေအထားဖြစ်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က ဆိုးလ်ရှား ဟာ အသင်းဟောင်း အတွက် မှန်ကန်တဲ့ နည်းပြ တစ်ဦး ဖြစ်တယ် လို့ ထောက်ခံ ခဲ့လိုက် ပေမယ့် ယူနိုက်တက် အသင်း ဟာ ထိပ်တန်း ကစားသမားတွေ ကို ခေါ်ယူ နိုင်ဖို့ ရုန်းကန် ရ လိမ့်မယ် လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

photo internet

“ယူနိုက်တက် ဟာ ခက်ခဲတဲ့ အနေအထား ကို ပိုင်ဆိုင် နေရပါတယ် ။ အခုအချိန်မှာ အဲဒီ အခြေအနေဆိုး တွေကို ရပ်တန့် နိုင်ဖို့ ခက်ခဲ နေပါလိမ့်မယ် ။ ပရိသတ်တွေမျှော်လင့်နေတဲ့ နေရာတစ်ခုကိုရောက်အောင် ယူနိုက်တက်အနေနဲ့ မစွမ်းဆောင်နိုင်ဖြစ်နေပါတယ်။ အဲဒီလိုရလဒ်ဆိုးနေတဲ့အတွက် တာဝန်ယူဖို့၊ တာဝန်ခံဖို့အတွက် တစ်ယောက်ယောက်ကိုပုံချတာ၊လက်ညှိုးထားတာတို့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ဖိအားဒဏ်ကို အားလုံးခံစားရမှာပါ။ အထူးသဖြင့်ပရိသတ်အင်အားမရှိဘူးဆိုရင် ဘောလုံး ရယူချင်စိတ်တောင်ပျောက်သွား နိုင်ပါတယ်။ အသင်းသားတွေအတွက် ဖိအားတွေ၊ ပရိသတ်အားပေးတာတွေ မရှိတာဟာ ဆိုးရွားတဲ့ခံစားချက်တွေဖြစ်စေနိုင်ပါတယ်” ဆိုပြီး ဘာဘာတော့ဗ်က ပြောပါတယ်။

photo internet

“နည်းပြဆိုးလ်ရှားကတော့ အသင်းအတွက်ကြိုးစားပေးနိုင်သေးတယ်လို့ထင်ပါတယ်။ ကျဆင်းနေတဲ့ ပုံရိပ်တွေကို ရပ်တန့်ပေးနိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ဈေးကွက် ထဲမှာ အလုပ်လုပ်ဖို့ နဲ့ ကစားသမားအသစ် တွေကို ခေါ်ယူ ဖို့တော့ လိုအပ် ပါတယ်။ အဲဒီအတွက် အဓိက ကျတဲ့ မေးခွန်း တစ်ခု က သူတို့ တွေဟာ ဘယ်သူ တွေကို ခေါ်ယူမှာလဲ ၊ပြီးတော့ ဘယ်သူတွေကရော ဒီ အသင်း ကို လာရောက် ကစား ပေးချင်ကြသလဲ ဆိုတာ ပါပဲ။ဘာကြောင့်လဲဆိုရင် အရင်တုန်းက ယူနိုက်တက်နာမည်ကြား တာနဲ့ ကစားသမားတွေက လာကစားချင်ကြပါတယ်။ အခုကအလွယ်တကူခေါ်ဖို့ခက်ပါတယ်။ ဒါကြောင့်နည်းပြဆိုးလ်ရှားအနေနဲ့ ကစားသမားတွေလာကစားချင်အောင် စည်းရုံးပြောဆိုတတ်ဖို့လိုပါတယ်” ဆိုပြီး သူကပြောပါသေးတယ်။

photo internet

ဒါ့အပြင် “မြင်ရတာပြောရမယ်ဆိုရင် လူတွေက ဖာနန်ဒက်စ်တစ်ယောက် ယူနိုက်တက်ဆီကိုရောက်လာရင် အသင်းကချက်ချင်းအောင်မြင်သွားမယ်ထင်နေကြပါတယ်။ သူကမျက်လှည့်ဆရာမဟုတ်ပါဘူး။ ဘောလုံးဟာအသင်းလိုက်ကစားရတာပါ။ လူတစ်ယောက်ကြောင့်ချက်ချင်းမပြောင်းလဲသွားနိုင်ပါဘူး။ မက်ဆီဖြစ်ဖြစ်၊ စီရော်နယ်ဒိုဖြစ်ဖြစ် ယူနိုက်တက်ကိုရောက်လာရင်တောင် အခုအခက်အခဲကို ချက်ချင်းမဖြေရှင်းနိုင်ပါဘူး။”ဆိုပြီး ဘာဘာတော့ဗ်က ပြောပါတယ်။

photo internet

ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ပရိသတ်တွေအနေနဲ့သူ့ကိုဆက်လက် သည်းခံ စောင့်ကြည့်ပေးဖို့ပြောဆိုလာ ပါတယ်။ “ကျွန်တော့် အတွက်ကတော့ ဒီအသင်း နဲ့ အတူလုပ်စရာတွေ လုပ်ဆောင်ဖို့ နည်းလမ်းတွေရှိပါတယ်။ ကျွန်တော့် ခဏခဏပြောထားသလိုပါပဲ။ အသင်းကို ပြုပြင်ထိန်းသိမ်းဖို့အတွက် အလျင်စလို အမြန်လုပ်လိုက်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ဈေးကွက် တစ်ခုတည်းကြောင့်တော့ ကစားသမား 8 ယောက် 10 ယောက်လောက် ယူနိုက်တက်ဆီကို ရောက်လာမှာမဟုတ်ပါဘူး။ ကျွန်တော် အပြောင်းအရွှေ့ကိစ္စအတွက်ကြိုးစား နေပါတယ်”ဆိုပြီး ပြောဆိုထားပါတယ်။ ယူနိုက်တက်အသင်းဘယ်အချိန်ပြန်လည်နိုးထလာမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္အသင္းကို စီေရာ္နယ္ဒိုနဲ႔မက္ဆီေတာင္မကယ္ႏိုင္ေတာ့ဘူးလား?

ယူႏိုက္တက္အသင္းကို ဘယ္လိုဘယ္ပုံေရွ႕ဆက္သြားသင့္တယ္ဆိုတာ အႀကံေတြ၀ိုင္းေပးေနၾကၿပီး၊ အဲလိုအႀကံေပးတဲ့သူေတြထဲမွာ ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွဴးေဟာင္းျဖစ္သူ ဘာဘာေတာ့ဗ္ လည္းပါပါတယ္။ အခုအခ်ိန္မွာ ယူႏိုက္တက္အသင္းရဲ႕အခက္အခဲကို မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ေတာင္ ေျပာင္းလဲေပးႏိုင္တဲ့အေနအထားမရိွဘူးလို႔ ဘာဘာေတာ့ဗ္က ေျပာဆိုလာပါတယ္။ လက္ရွိ အခ်ိန္ ပရီးမီးယား လိဂ္ ပြဲစဥ္ 24 ၿပီးဆုံး သြားတဲ့ အခ်ိန္ မွာ ယူႏိုက္တက္ အသင္း ဟာ ရမွတ္ 34 မွတ္ သာ ရယူ ထားႏိုင္ ခဲ့ၿပီး ထိပ္တန္း လီဗာပူး အသင္း ေအာက္ 33 မွတ္ အကြာ ၊ အဆင့္ 5 ေနရာ မွာ ရပ္တည္ ေနခဲ့ ရ ပါတယ္ ။

ဒါ့အျပင္ ခ်ဲလ္ဆီး အသင္း ေအာက္ 6 မွတ္ အကြာ နဲ႔ အဆင့္ 6 ၊ အဆင့္ 7 ေနရာမွာရိွတဲ့ ေတာ့တင္ဟမ္စပါး ၊ ဝုလ္ဗ္ အသင္း တို႔နဲ႔ ရမွတ္တူ ဂိုးကြာ အေနအထား မွာ ရပ္တည္ ေနခဲ့ ရတာ ေၾကာင့္ ေနာက္ ရာသီ မွာ ခ်န္ပီယံ လိဂ္ ဝင္ခြင့္ ရရွိ ႏုုိင္ေရး အတြက္ အေတာ္ကို ရုန္းကန္ရမယ့္အေနအထားျဖစ္ေနပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ အသင္း ရဲ႕ တိုက္စစ္မႉးေဟာင္း ျဖစ္သူ ဒီမစ္တာ ဘာဘာေတာ့ဗ္ က ဆိုးလ္ရွား ဟာ အသင္းေဟာင္း အတြက္ မွန္ကန္တဲ့ နည္းျပ တစ္ဦး ျဖစ္တယ္ လို႔ ေထာက္ခံ ခဲ့လိုက္ ေပမယ့္ ယူႏိုက္တက္ အသင္း ဟာ ထိပ္တန္း ကစားသမားေတြ ကို ေခၚယူ ႏိုင္ဖို႔ ႐ုန္းကန္ ရ လိမ့္မယ္ လို႔ မွတ္ခ်က္ ေပးသြား ခဲ့လိုက္ ပါတယ္ ။

“ယူႏိုက္တက္ ဟာ ခက္ခဲတဲ့ အေနအထား ကို ပိုင္ဆိုင္ ေနရပါတယ္ ။ အခုအခ်ိန္မွာ အဲဒီ အေျခအေနဆိုး ေတြကို ရပ္တန႔္ ႏိုင္ဖို႔ ခက္ခဲ ေနပါလိမ့္မယ္ ။ ပရိသတ္ေတြေမွ်ာ္လင့္ေနတဲ့ ေနရာတစ္ခုကိုေရာက္ေအာင္ ယူႏိုက္တက္အေနနဲ႔မစြမ္းေဆာင္ႏိုင္ျဖစ္ေနပါတယ္။ အဲဒီလုိရလဒ္ဆိုးေနတဲ့အတြက္ တာ၀န္ယူဖို႔၊ တာ၀န္ခံဖုိ႔အတြက္ တစ္ေယာက္ေယာက္ကိုပုံခ်တာ၊လက္ညိႈးထားတာတို႔ လုပ္လို႔ရပါတယ္။ ဒါေပမယ့္ ဆိုးရြားတဲ့ဖိအားဒဏ္ကို အားလုံးခံစားရမွာပါ။ အထူးသျဖင့္ပရိသတ္အင္အားမရိွဘူးဆိုရင္ ေဘာလုံး ရယူခ်င္စိတ္ေတာင္ေပ်ာက္သြားႏိုင္ပါတယ္။ အသင္းသားေတြအတြက္ ဖိအားေတြ၊ ပရိသတ္အားေပးတာေတြ မရိွတာဟာ ဆိုးရြားတဲ့ခံစားခ်က္ေတြျဖစ္ေစႏိုင္ပါတယ္” ဆိုၿပီး ဘာဘာေတာ့ဗ္က ေျပာပါတယ္။

“နည္းျပဆုိးလ္္ရွားကေတာ့ အသင္းအတြက္ႀကိဳးစားေပးႏိုင္ေသးတယ္လို႔ထင္ပါတယ္။ က်ဆင္းေနတဲ့ ပုံရိပ္ေတြကို ရပ္တန္႔ေပးႏိုင္မယ္ထင္ပါတယ္။ ဒါေပမယ့္ အေျပာင္းအေ႐ႊ႕ ေစ်းကြက္ ထဲမွာ အလုပ္လုပ္ဖို႔ နဲ႔ ကစားသမားအသစ္ ေတြကို ေခၚယူ ဖို႔ေတာ့ လိုအပ္ ပါတယ္။ အဲဒီအတြက္ အဓိက က်တဲ့ ေမးခြန္း တစ္ခု က သူတို႔ ေတြဟာ ဘယ္သူ ေတြကို ေခၚယူမွာလဲ ၊ၿပီးေတာ့ ဘယ္သူေတြကေရာ ဒီ အသင္း ကို လာေရာက္ ကစား ေပးခ်င္ၾကသလဲ ဆိုတာ ပါပဲ။ဘာေၾကာင့္လဲဆိုရင္ အရင္တုန္းက ယူႏိုက္တက္နာမည္ၾကား တာနဲ႔ ကစားသမားေတြက လာကစားခ်င္ၾကပါတယ္။ အခုကအလြယ္တကူေခၚဖို႔ခက္ပါတယ္။ ဒါေၾကာင့္နည္းျပဆိုးလ္ရွားအေနနဲ႔ ကစားသမားေတြလာကစားခ်င္ေအာင္ စည္းရုံးေျပာဆုိတတ္ဖို႔လိုပါတယ္” ဆိုၿပီး သူကေျပာပါေသးတယ္။
ဒါ့အျပင္ “ျမင္ရတာေျပာရမယ္ဆိုရင္ လူေတြက ဖာနန္ဒက္စ္တစ္ေယာက္ ယူႏိုက္တက္ဆီကိုေရာက္လာရင္ အသင္းကခ်က္ခ်င္းေအာင္ျမင္သြားမယ္ထင္ေနၾကပါတယ္။ သူကမ်က္လွည့္ဆရာမဟုတ္ပါဘူး။ ေဘာလုံးဟာအသင္းလုိက္ကစားရတာပါ။ လူတစ္ေယာက္ေၾကာင့္ခ်က္ခ်င္းမေျပာင္းလဲသြားႏိုင္ပါဘူး။ မက္ဆီျဖစ္ျဖစ္၊ စီေရာ္နယ္ဒိုျဖစ္ျဖစ္ ယူႏိုက္တက္ကိုေရာက္လာရင္ေတာင္ အခုအခက္အခဲကို ခ်က္ခ်င္းမေျဖရွင္းႏိုင္ပါဘူး။”ဆိုၿပီး ဘာဘာေတာ့ဗ္က ေျပာပါတယ္။

ယူႏိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ ပရိသတ္ေတြအေနနဲ႔သူ႔ကိုဆက္လက္ သည္းခံ ေစာင့္ၾကည့္ေပးဖို႔ေျပာဆိုလာပါတယ္။ “ကြၽန္ေတာ့္ အတြက္ကေတာ့ ဒီအသင္း နဲ႔ အတူလုပ္စရာေတြ လုပ္ေဆာင္ဖို႔ နည္းလမ္းေတြရွိပါတယ္။ကြၽန္ေတာ့္ ခဏခဏေျပာထားသလိုပါပဲ။ အသင္းကို ျပဳျပင္ထိန္းသိမ္းဖို႔အတြက္ အလ်င္စလို အျမန္လုပ္လိုက္တာမ်ိဳး လုပ္မွာ မဟုတ္ပါဘူး။ အေျပာင္းအေ႐ႊ႕ေစ်းကြက္ တစ္ခုတည္းေၾကာင့္ေတာ့ ကစားသမား 8 ေယာက္ 10 ေယာက္ေလာက္ ယူႏိုက္တက္ဆီကို ေရာက္လာမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ အေျပာင္းအေရႊ႕ကိစၥအတြက္ႀကိဳးစား ေနပါတယ္”ဆိုၿပီး ေျပာဆုိထားပါတယ္။ ယူႏိုက္တက္အသင္းဘယ္အခ်ိန္ျပန္လည္ႏိုးထလာမလဲဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။