ယူနိုက်တက်အတွက် သတိပေးခေါင်းလောင်းသံထိုးလိုက်တဲ့ မာတစ်

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ မာတစ်ကတော့ အသင်းကကစား သမားတွေနဲ့တာဝန်ရှိသူတွေကိုသတိပေးစကားပြောဆိုထားပါတယ်။

photo internet

“ယူနိုက်တက်လိုကလပ်အသင်းအနေနဲ့ အဆင့်ငါးလိုနေရာမှာရပ်တည်နေရတယ်ဆိုတာ သိပ်တော့မဟုတ်ပါဘူး။ ကျွန်တော်တို့တွေအကုန်လုံးဖလားရဖို့အတွက် တိုက်ပွဲဝင်ရပါမယ်။ ပြင်းပြင်းထန်ထန်ကြိုးစားကြရမှာပါ။ ကျွန်တော်တို့အသင်းမှာ လူငယ်ကစားသမားတွေအများကြီးရှိပါတယ်။ ဒီကစားသမားတွေက အသင်းဆုဖလားရဖို့လုပ်ဆောင်ပြရပါမယ်။ အဲလိုသက်သေပြနိုင်မှသာ ယူနိုက်တက်မှာကစားဖို့ ထိုက်တန်ကြမှာဖြစ်ပါတယ်။

photo internet

အနာဂတ်မှာကျွန်တော်တို့လမ်းမှန်ပေါ် မှာလျှောက်နေလား၊မလျှောက်နေဘူးလားဆိုတာ အဲလိုမှပဲသိနိုင်မှာပါ။ ကျွန်တော့်အသင်း အဆင့်ငါးနေရာမှာရှိနေတာ ကျွန်တော်မပျော်ပါဘူး။ အခုလက်ရှိအနေအထားအရ ကျွန်တော်တို့ကောင်းတဲ့နေရာမှာရောက်နေတာမဟုတ်ပါဘူး။ ရာသီကုန်မှာတော့ အဆင့်လေး နဲ့ရပ်တည်ပြီး ဖလားတစ်ခုခုရခဲ့မယ်ဆိုရင် မဆိုးဘူးလို့တော့ပြောလို့ရနိုင်ပါတယ်”ဆိုပြီးမာတစ်ကပြောပါတယ်။

photo internet

အဓိက ပြိုင်ဘက် လီဗာပူလ်း အသင်း က အမှတ်ပေးဖလားအတွက် ဗိုလ်စွဲဖို့နီးစပ်နေချိန်ဖြစ်သလို မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကလည်း လိဂ်ဖလား မှာ ဗိုလ်ဆွဲခဲ့ပြီဖြစ်တာကြောင့် ယူနိုက်တက် အနေနဲ့ အသင်းရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ အကောင်းဆုံးရလဒ်တွေပိုင်ဆိုင်ဖို့လိုနေတာဖြစ်ပါတယ်။

photo internet

မာတစ်ဟာ ယူနိုက်တက် နဲ့ ရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ပြသထားနိုင်သူဖြစ်သလို ဒီဇင်ဘာကနေစလို့ အခုအချိန်အထိ လည်းကွင်းလယ်ကစားသမားကောင်း အဖြစ်ရပ်တည်နေပါတယ်။ လက်ရှိမှာမာတစ်ရဲ့ စာချုပ်အသစ်အတွက် အသင်းရဲ့တာဝန်ရှိသူတွေဟာ ဆွေးနွေးမှုတွေလုပ်နေပြီး ပရိတ်သတ်တွေကလည်း မာတစ်ကိုယူနိုက်တက်မှာဆက်ရှိနေစေချင်ကြပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ယူႏိုက္တက္အတြက္ သတိေပးေခါင္းေလာင္းသံထိုးလိုက္တဲ့ မာတစ္

ယူႏိုက္တက္ရဲ႕ အဓိက ကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ မာတစ္ကေတာ့ အသင္းကကစားသမားေတြနဲ႔တာ၀န္ရိွသူေတြကိုသတိေပးစကားေျပာဆိုထားပါတယ္။ “ယူႏိုက္တက္လုိကလပ္အသင္းအေနနဲ႔ အဆင့္ငါးလိုေနရာမွာရပ္တည္ေနရတယ္ဆိုတာ သိပ္ေတာ့မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ေတြအကုန္လုံးဖလားရဖို႔အတြက္ တိုက္ပြဲ၀င္ရပါမယ္။ ျပင္းျပင္းထန္ထန္ႀကိဳးစားၾကရမွာပါ။ ကၽြန္ေတာ္တို႔အသင္းမွာ လူငယ္ကစားသမားေတြအမ်ားႀကီးရိွပါတယ္။ ဒီကစားသမားေတြက အသင္းဆုဖလားရဖို႔လုပ္ေဆာင္ျပရပါမယ္။ အဲလိုသက္ေသျပႏိုင္မွသာ ယူႏိုက္တက္မွာကစားဖို႔ထိုက္တန္ၾကမွာျဖစ္ပါတယ္။

အနာဂတ္မွာကၽြန္ေတာ္တို႔လမ္းမွန္ေပၚ မွာေလွ်ာက္ေနလား၊မေလွ်ာက္ေနဘူးလားဆိုတာ အဲလိုမွပဲသိႏိုင္မွာပါ။ ကၽြန္ေတာ့္အသင္း အဆင့္ငါးေနရာမွာရိွေနတာ ကၽြန္ေတာ္မေပ်ာ္ပါဘူး။ အခုလက္ရိွအေနအထားအရ ကၽြန္ေတာ္တို႔ေကာင္းတဲ့ေနရာမွာေရာက္ေနတာမဟုတ္ပါဘူး။ ရာသီကုန္မွာေတာ့ အဆင့္ေလး နဲ႔ရပ္တည္ၿပီး ဖလားတစ္ခုခုရခဲ့မယ္ဆိုရင္ မဆိုးဘူးလို႔ေတာ့ေျပာလို႔ရႏိုင္ပါတယ္”ဆိုၿပီးမာတစ္ကေျပာပါတယ္။

အဓိက ၿပိဳင္ဘက္ လီဗာပူလ္း အသင္း က အမွတ္ေပးဖလားအတြက္ ဗိုလ္စြဲဖို႔နီးစပ္ေနခ်ိန္ျဖစ္သလို ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္းကလည္း လိဂ္ဖလား မွာ ဗိုလ္ဆြဲခဲ့ၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ အသင္းရဲ႕ ႀကီးမားတဲ့ ဂုဏ္သိကၡာကိုထိန္းသိမ္းဖို႔ အေကာင္းဆုံးရလဒ္ေတြပိုင္ဆိုင္ဖို႔လိုေနတာျဖစ္ပါတယ္။

မာတစ္ဟာ ယူႏိုက္တက္ နဲ႔ ရာသီကုန္မွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္ အေကာင္းဆုံးေျခစြမ္းေတြကို ဆက္လက္ျပသထားႏိုင္သူျဖစ္သလို ဒီဇင္ဘာကေနစလို႔ အခုအခ်ိန္အထိ လည္းကြင္းလယ္ကစားသမားေကာင္းအျဖစ္ရပ္တည္ေနပါတယ္။ လက္ရွိမွာမာတစ္ရဲ႕ စာခ်ဳပ္အသစ္အတြက္ အသင္းရဲ႕တာ၀န္ရိွသူေတြဟာ ေဆြးေႏြးမႈေတြလုပ္ေနၿပီး ပရိတ္သတ္ေတြကလည္း မာတစ္ကိုယူႏိုက္တက္မွာဆက္ရိွေနေစခ်င္ၾကပါတယ္။